အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » MWRN ၏ Training for Trainers သင်တန်း တက်ရောက်ခဲ့ကြသူများ၏ အမြင်များ

MWRN ၏ Training for Trainers သင်တန်း တက်ရောက်ခဲ့ကြသူများ၏ အမြင်များ

Written By MyanmarChnnel@ on Wednesday, November 13, 2013 | 5:58 AM




ထိုင်းနိုင်ငံ မဟာချိုင်ဒေသ တွင် အခြေစိုက်ဖွဲ.တည်ထားသော MWRN ၏ ၇န်ကုန်ရုံးခွဲမှ စီစဉ်သော Training for Trainer သင်တန်းကို ၂၀၁၃ အောက်တိုဘာ ၂၄ နှင်. ၂၅ ရက်နေ.တို.က  ရန်ကုန်မြို.တွင်ပြုလုပ်ခဲ့ပါသည် ။ ယုံကြည်ချက်အမျိုးမျိုး ၊ နေရာဒေသအထွေထွေ ၊ တိုင်းရင်းသားစုံ ပါဝင်သော စေတနာ.၀န်ထမ်း ၃၀ ခန်. တက်ရောက်ခဲ့ကြသည် ။ မနက်ပိုင်း လဘက်ရည်ချိန် ၊ နေ.လည်ထမင်းစားချိန် ၊ မွန်းလွဲ လဘက်ရည်ချိန်နှင်. ညပိုင်း တည်းခိုရာနေရာတို.တွင် အလွတ်သဘော အမြင်ပေါင်းစုံ ၊ အသိပေါင်းစုံ ဖလှယ်ဆွေးနွေးပြောဆိုဖြစ်ခဲ့ကြသည် ။

နေ.လည် လဘက်ရည်ချိန် ခေတ္တနားခိုက်
 စားရေးသောက်ရေး နေရေးထိုင်ရေး သွာရေးလာရေး မှအစ မိမိတို.ဒေသတွင်း အသိပညာပြန်လည်မျှဝေနိုင်စေရေးအထိ ပံ.ပိုးဆောင်၇ွက်ပေးခဲ့သော MWRN ( မြန်မာပြည်ရုံးခွဲ ) ၏ အစိအမံများကြောင်. သင်တန်းတစ်လျှောက် အားရကျေနပ်စွာ လေ.လာနိုင်ခဲ့ကြသည် ။သင်တန်းပြီးနောက် တက်ရောက်လေ.လာခဲ့ကြသူတို.၏ စကားသံများမှာ.




ကိုအောင်မျိုးဦး
၃၁ နှစ်
Company တစ်ခု၏Admin အရာရှိ
လှည်းကူးမြို.နယ် - ရန်ကုန်တိုင်းဒေသကြီး
ဒီသင်တန်း ၂ရက်မှာ ရွှေ.ပြောင်းလုပ်သားတွေနဲ. ပတ်သက်ပြီးတော. ကျွန်တော်တို.က ပြည်တွင်းမှာပဲနေပြီးတော. ပြည်ပကို တစ်ခါမှ မထွက်ဖူးဘူး ။မသွားဖူးဘူး။အဲ့ဒီတော.ပြည်ပမှာဖြစ်နေတဲ့အကြောင်းအရာ ဥပမာ ထိုင်းနိုင်ငံမှာ ဖြစ်ပျက်နေတဲ့အခြေအနေ ၊ MWRN ရုံးဖွင်.ထားတဲ့ဒေသကအခြေအနေတွေ ကိုခုမှသိရှိရပါတယ် ။ ထိုင်းနိုင်ငံမှာ ခံစား/စံစား နေရတဲ့ မြန်မာလုပ်သား အခြေအနေတွေ ကို မြန်မာရုံးခွဲ ဒါရိုက်တာ ကိုစိန်ဌေး ရှင်းပြလို.သေချာသိရပြီး ထပ်သိချင်တာတွေလည်း မေးမြန်းလို.ရခဲ့ပါတယ် ။နောက်တစ်ခုက ဦးဆောင်ဆွေးနွေးသူအကြောင်း ဆရာ စောအောင်သန်းဝေ ဟောပြောရာမှာ သိထားသလိုထင်ရပြီး သေချာမသိသေးတဲ့အကြောင်းအရာတွေ ( ကျွန်တော် တစ်ယောက်တည်းရဲ.အမြင်ကိုပြောရရင်) သေသေချာချာသိလာရပါတယ် ။ ဒါကိုလူတိုင်းသိနေမယ် ၊ဒါပေမယ်. သတိမထားမိတဲ့အ၇ာဆိုတာမျိုးပေါ. ။နောက်ဆုံးကိုယ်လုပ်ချင်တဲ့ ရည်ရွယ်ချက်ကို မရောက်ပဲ ပြန်လာဖို. ၇၀ %ဖြစ်နေတဲ့ကိစ္စမျိုးတွေ ရှိတယ် ။ ခုဒီဟောပြောချက်တွေကြောင်. ၉၀% လောက်ထိပြန်လှည်.ဖို.မရှိတော.ဘူး ၊ အောင်မြင်လာမယ်လို.ယူဆပါတယ် ။ ဒီသင်တန်း တက်ရောက်လိုက်လို. စုပေါင်းလုပ်ဆောင်တတ်တဲ့ စိတ်လေးတွေ ပိုတိုးလာတယ် ။ လူတွေကို ပြောဆိုဖို. ၊ လူရှေ.ထွက်ဖို. ကြောက်စိတ်တွေကို ဒီသင်တန်းက ဖယ်ရှားပေးပါတယ် ။MNRW ကို တစ်ခုလောက်အကြံပြုပါဆိုရင်တော. မြ၀တီမှာ ရုံးခွဲလေးတစ်ခုလောက် ဖွင်.စေချင်ပေမယ်. အဲဒီဘက်ရဲ. နယ်မြေလုံခြုံမှု အရဆိုရင် ကော.သောင်းဘက်လိုမျိုးမှာတော. ဖွင်.စေချင်ပါတယ် ။ ကျွန်တော်တို.တွေက ရွှေ.ပြောင်း လုပ်သားတွေကို တားဆီးလို.မရဘူး ။ဒါဟာသဘာဝပဲလို.သင်တန်းမှာလည်းပြောပါတယ် ။ ရွှေ.ပြောင်းလုပ်သားတွေထဲမှာ အဓိက အခက်အခဲဖြစ်ကြတာက တရားဝင်သွားကြတဲ့သူတွေထက် အထောက်အထားမဲ့ (သို.) အထောက်အထားမလုံလောက်ပဲသွားတဲ့သူတွေ အဓိကကြုံရတာပါ ။ အဲ့ဒီတော. ခုလို နယ်စပ်မြို.လေးမှာ ရုံးခွဲဖွင်.နိုင်ရင် အောက်လမ်းကသွားမယ်.လူတွေကို ဟောပြောကာကွယ် အသိပေးနိုင်မယ် ၊လမ်းကြောင်းတည်.ပေးနိုင်မယ် လို.ထင်ပါတယ် ။ ကျွန်တော်တို.က ကိုယ.်အပေါက်ကို ကိုယ်ပိတ်ရမှာလေ ၊ခုဖြစ်နေတာက ကိုယ်.အပေါက်ကထွက်သွားပြီး ဟိုဘက်ရောက်မှ လိုက်လုပ်နေရတယ်လို.မြင်ပါတယ် ။ 




ကိုနော်အောင်
သံရည်ကျိုစက်ရုံဝန်ထမ်း
အလုပ်သမား သမဂခေါင်းဆောင်တစ်ဦး
မှော်ဘီ - ရန်ကုန်တိုင်းဒေသကြီး
ဒီသင်တန်းကနေ ကျွန်တော်မသိတဲ့ ရွှေ.ပြောင်း အလုပ်သမား အရေးတွေကို သိလာရပါတယ် ။အရင်ကဆို ကျွန်တော် ဒါတွေ စိတ်မ၀င်စားဘူး ။ကျွန်တော် ကိုယ်တိုင်ကလည်း နိုင်ငံခြားထွက်ဖို. စိတ်မ၀င်စားဘူး ။ခုတော. ဒီမှာ နိုင်ငံခြားကို ရောက်နေသူတွေရဲ. အခက်အခဲတွေ တော်တော်များများ သိခဲ့၇တယ် ။နောင်တကယ်လို. အရေးအရာ ပြု၇မယ် .ကိစ္စတွေကို သိလာခဲ့ရတာပေါ. ။ အကြံပြုပါဆိုရင်တော. ကျွန်တော် အရင်ဆုံး သူတို.ကို ချီးကျုးချင်ပါတယ် ။ သူတို.အနေနဲ. ယိုးဒယားမှာ ကိုယ်. မြေ ကိုယ်.ရေ မဟုတ်တဲ့နေရာမှာ အဖွဲ.အစည်း တစ်ခုကို ထူထောင်နိုင်တာ သူတို.ရဲ. လေးစားစရာ ကောင်းတဲ့ အချက် တစ်ချက်ပါ ။ ပြီးတော. ခုလို မိခင်နိုင်ငံမှာ ပြန်ပြီးဟောပြော သင်ကြားပေးတာတွေကိုကျေးဇူးလည်း တင်တယ်ဗျာ ။ပြိးတော. ဆက်ပြီး အခြားနယ်တွေ အကုန် လုံးရောက်ရှိအောင် လုပ်ဖို.တော. လိုအပ်သေးတယ်လို. ထင်တယ် ။ဘာလို.လည်းဆိုတော. ယိုးဒယားကို သွားတဲ့သူတွေက နယ်က လူတွေ ပိုများတယ် ။ ဒါကြောင်.ပါ ။ အလုပ်သမားတွေမှာ ပြည်ပတင်မဟုတ်ပဲ ပြည်တွင်းမှာလည်း အခွင်.အရေး ဆုံးရှုံးတာတွေ ရှိနေပါတယ် ။ ဒါကြောင်..ပြည်တွင်း ပြည်ပ အလုပ်သမားတွေ ချိတ်ဆက်မပြတ်ဖို.တော. လိုအပ်တယ်လို. ယူဆပါတယ် ။ဒါမှ နှစ်ဖက်လုံး အခွင်.အရေးအတွက် ကြိုးစားနိုင်မှာပါ


  

နန်းမြမြအေး
၂၃ နှစ်
ပြင်ပအလုပ်မလုပ်
ကော.မှုးသာ ရွာ - ဘားအံမြို. - ကရင်ပြည်နယ်
ဒီသင်တန်း ကနေ ဗဟုသုတတွေ ၊ အတွေ.အကြုံတွေ ရတယ် ။တကယ်. အတွေ.အကြုံရှိထားတဲ့ ဆရာ/ဆရာမတွေ ဆီကနေ အများကြီးသိလိုက်ရပါတယ် ။ သင်ပြပေးတဲ့ ဆရာ / ဆရာမတွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ် ။အရင်ကတော. ဘာသင်တန်းမှ မတက်ဖူးသလို လူမှုရေး လုပ်ငန်းလုပ်တဲ့အတွေ.အကြုံလည်း မရှိသေးပါဘူး ။ အတွေ.အကြုံမရှိတော. သင်တန်း တက်စ နည်းနည်းတော. ကြောက်ပါတယ် ။ လူရှေ.မှာလည်း တစ်ခါမှ စကားထွက်မပြောဖူးပါဘူး ။ ဒိနေ. ကိုယ်.အစုအဖွဲ.နဲ. ကိုယ် နမူနာ ဟောပြောပွဲဟာ ပထမဆုံး လူရှေ.ထွက် စကားပြောဖူးတာပါ ။ ပြောကာစ တအားစိုးရိမ်နေခဲ့ပေမယ်. နောက်ပိုင်းတော. နည်းနည်းလျော.ဘာပါတယ် ။နောက်တစ်ခါ ထပ်ပြောခွင်.ကြုံရင်တော. ခုလောက်စိုးရိမ်စိတ်ရှိတော.မှာ မဟုတ်ဖူးလို. ကိုယ.်ကိုကိုယ် ယုံကြည်ပါတယ် ။




ကိုဇော်လင်းဦး
၃၇ နှစ်
နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ.ချုပ် ( ပဲခူး )
ပဲခူး မြို. - ပဲခူးတိုင်းဒေသကြီး
ဒီသင်တန်းတက်လိုက်တဲ့အတွက် ဘာတွေ သိလာလဲဆိုတော. ကျွန်တော်တို. နိုင်ငံရေး အကျဉ်းသားဟောင်းတွေဟာ နိုင်ငံရေးလို.ပြောရင်မှားတယ် ကျွန်တော်တို.က နိုင်ငံ.အရေးလို. ပြောခဲ့တဲ့ စကားပါ ။နိုင်ငံ.အရေးမှာ လက်ရှိဖြစ်ပေါ်နေတဲ့အကြောင်းအရာတွေ ပတ်သက်ရင် ဘယ်နေရာကမဆို ဘယ်လိုရှုထောင်.ကမဆို လုပ်ပေး၇မယ်လို. တာဝန်လို.သိထားတဲ့အတွက်ကြောင်. နိုင်ငံထဲမှာဖြစ်နေတဲ့ အရေးမှန်သမျှ ကျွန်တော်တို. အရေးလို.သတ်မှတ်ထားတယ် ။ထိုနည်းတူစွာပဲ နိုင်ငံ.ပြင်ပ ရောက်သွားတဲ့ နိုင်ငံသားတွေ အတွက်လည်း ပါဝင်ဆောင်ရွက်လို.ရပြီပေါ. ။ ဒါကလည်း ကျွန်တော်တို.အနေနဲ. ဒီအဖွဲ.ရဲ. တာဝန်ရှိသူတွေ နဲ.ချိတ်ဆက်မိတဲ့အတွက်ကြောင်.လည်း အရမ်းဝမ်းသာမိတယ် ။ ပြည်ပမှာ လုပ်နေတဲ့သူတွေရှိတယ် သူတို.အကူအညီတောင်းရင် ကျွန်တော်တို.မဖြေရှင်းပေးနိုင်ဘူး ။ခုလက်ရှိဖြေရှင်းပေးနိုင်တာကတော. ILO နဲ. ပူးပေါင်းပြီး ဒီကမတရားခေါ်သွားခံရတဲ့ အလုပ်သမားတွေ ကတိက၀တ်တွေအမျိုးမျိုးပေးပြီး ဟိုရောက်မှ ဖြစ်မလာတာတွေမျိုး ကျွန်တော်တို.အဖွဲ.ဆီရောက်လာတယ် ။အဲ့ဒါမျိုးဆို ကျွန်တော်တို.က သက်ဆိုင်ရာ အာဏာပိုင်အဖွဲ.အစည်း နဲ. တာဝန်ခံတဲ့ Company တွေဆီသွားပြီး လိုအပ်သလို ဖိအားပေးဆောင်ရွက်ပါတယ် ။ ဥပဒေနဲ. ကုစားဖို.ပါပဲ ။ခုဆို ဒိအဖွဲ.ဟာ ထိုင်းနိုင်ငံတွင်းမှာ တရားဝင်ဖွဲ.စည်းထားတဲ့ အဖွဲ.အစည်းဖြစ်တာကြောင်. ကျွန်တော်တို.အဖို.လုပ်ရတာ ပိုပြီး အမြင်ကျယ်လာတယ် ။ ထိုင်းနိုင်ငံအတွင်းမှာ သွားရောက်လုပ်ကိုင်နေရတဲ့ မြန်မာ တိုင်းရင်းသားတွေအတွက် လည်း ဒါဟာ တကယ်ကိုကောင်းပါတယ် ။ ဒီအဖွဲ.ကို အကြံ တစ်ခုလောက်ပေးပါဆိုရင်တော. လူတိုင်းမှာကိုယ်ကျွမ်းကျင်တဲ့အပိုင်းကိုပဲ ကိုယ်အဓိကထားလုပ်ကြပါတယ် ။သူကျွမ်းကျင်ရာအလိုက် ပြည်တွင်း အလုပ်သမားအရေး ခေါင်းစဉ်တပ် လုပ်ခဲ့တာ မဟုတ်ပါဘူး ။ သူလုပ်နေတာက ပြည်ပ ရွှေ.ပြောင်း အလုပ်သမား ခေါင်းစဉ် တပ်လုပ်နေတာပါ ။ နောက်နောင်လည်း ကိုယ်ကျွမ်းကျင်တဲ့ အပိုင်းကို လုပ်ရင်း ပြည်တွင်း အပိုင်းကိုလည်း လုပ်နိုင်လိမ်.မယ်လို. ယုံကြည်ပါတယ် ။


  

ကိုချမ်းမင်း
၂၇ နှစ်
BA  Geography
ဘိုကလေး - ဧရာဝတီတိုင်းဒေသကြီး
ဘာတွေရလိုက်လဲဆိုရင်တော. ဒီသင်တန်းကနေ ဗဟုသုတတွေ ရလိုက်တယ် ။အတွေ.အကြုံ အသစ်တွေပါ ။ဒီလိုသင်တန်းမျိုးလည်း တစ်ခါမှ မတက်ဖူးပါဘူး ။ တစ်ခါမှမကြားဖူးသေးတဲ့ / မသိသေးတဲ့ ကိစ္စတွေ ကြားသိလာရပါတယ် ။ဟိုမှာ ဘယ်လိုတွေ လုပ်နေရတယ်ဆိုတာမျိုးတွေပေါ .။ ကိုယ်တိုင်မသွားရခင် ဒိလိုတွေ သိလိုက်ရလို. အသိတရားတွေလည်း တိုးပါတယ် ။ ဒါတွေကိုလည်း ကျွန်တော်တို. ပတ်ဝန်းကျင်မှာ ကျွန်တော်ပြန်လည် ဖြန်.ဝေမှာပါ ။ ဒီရွှေ.ပြောင်းသွားလာမှုတွေဆိုတာကတော. အနောက်နိုင်ငံတွေမှာတောင် ရှိနေသေးတာ ကြောင်. ရှိသင်.တယ် / မရှိသင်.ဘူးဆိုတာ ကျွန်တော်တို.ဆုံးဖြတ်ရမယ်. ကိစ္စမျိုးမဟုတ်ပါဘူး။ကျွန်တော် ကိုယ်တိုင်လည်း သွားဖို.အစီအစဉ် ရှိပါတယ် ။




မသူဇာအောင်
၃၄နှစ်
အထည်ချုပ်စက်ရုံ
စက်ရုံ အလုပ်သမား သမဂ ဥက္ကဌ
လှိုင်သာယာ မြို.နယ် - ရန်ကုန်တိုင်းဒေသကြီး
သင်တန်းတက်လိုက်တော. ဘာတွေ သိလိုက်ရလဲဆိုတော. ပြည်ပကိုတော. ကိုယ်က မလုပ်ဖူးဘူးလေ ။ပြည်တွင်းထဲမှာတော. စက်ရုံပြောင်းတာက ရိုးသွားပြီ ။ပြည်ပနဲ. ပတ်သက်လို.တော. မကျွမ်းဘူးပေါ. ။ခုပြောလိုက်တော. မှ သိတာပေါ ။ Work-Permit တို. Visa တို.ကအစအေးဂျင်းတွေ ဘယ်လိုလုပ်တတ်တယ် ဆိုတာမျိုးတွေ တော. သိလာရပါတယ် ။ ပြန်မျှဝေဖို.တော. သင်တန်းက ဆရာတွေလောက် မသိထားပေမယ်. ထိုက်သင်.သလောက်တော. မျှဝေနိုင်မှာပါ ။ သင်တန်း အပါအ၀င် အားလုံးကပြည်.စုံနေတော. MWRN ကိုသဘောကျပါတယ် ။ ဒါဟာလည်း ဘ၀တူ အလုပ်သမားတွေကို ကယ်နည်း တစ်မျိုးပဲလေ ။ပြည်ပရောက်နေတဲ့ အလုပ်သမားတွေအဖို.က ပြည်တွင်း ကထက်ပိုဆိုးမှာပါ ၊နယ်မြေကလည်း မကမမ်း ၊ ဘာသာစကားကလည်း နားမလည်ဆိုတော. ပိုဆိုးတယ်လေ ။အဲ့ဒါကြောင်. နယ်တွေအထိ ရုံးခွဲတွေကို ဖြန်.စေချင်တယ် ။တတ်နိုင်တဲ့ ဘက်က အကူအညီပေးချင်တယ် ။ လူစုထားပေး လာဟောပေးမယ် ဆိုရင်လည်း လူစုထားပေးပါမယ် ။ ဒီအဖွဲ.ကိုရော ဒီအဖွဲ.က ဆရာတွေရဲ. စိတ်ဓါတ်ကိုရော လေးစားပါတယ် ။




မစန်းနီလာဝင်း
၁၈ နှစ်
Second Year  Chemstry
မော်လမြိုင် - မွန်ပြည်နယ်
 အတွေ.အကြုံ ဗဟုသုတ ပိုင်းနဲ. ပတ်သက်လို.တော. အတော်လေးရလိုက်ပါတယ် ။ ညီမဆိုရင် လူ.အခွင်.အရေးနဲ. ပတ်သက်လို. ဖြန်.ဝေဖူးတယ် ၊ လူ.အခွင်.အရေးအကြောင်းသိတယ် ။ လူ.အခွင်.အရေး အခြေခံအချက် ၃ချက်သိတယ် ။ဒါပေမယ်. ရွှေ.ပြောင်း အလုပ်သမားရဲ. အခွင်.အရေးအကြောင်းတွေ ၊ ရွှေ.ပြောင်း အလုပ်သမားတွေ ဟိုမှာ ဘယ်လိုကြုံတွေ. ခံစားနေရလည်း ဆိုတာတွေ ၊ ပြည်တွင်းမှာရော ကိုယ်မစဉ်းစားမိတဲ့ အချက်လေးတွေ ဆရာက သင်သွားတယ် ။ အဲ့ဒီတော. အော်ဟုတ်တာပဲ ငါမော်လမြိုင်က ရန်ကုန်လာတာတောင် အဆင်မပြေတာလေးတွေ ကြုံရသေးတာပဲ ။ ဒီအတွေ.အကြုံတွေ အသိတွေကို အိမ်ပြန်ရောက်ရင် မိဘတွေကိုပြောပြမယ် ။ ဆွေမျိုးသားချင်းတွေကိုပြောပြမယ် ။ အသိမိတ်ဆွေတွေကိုပြောပြမယ် ။ ဒီသင်တန်းကို လာတက်တယ်ဆိုတာက ကိုယ်အတွက်တင်မဟုတ်ပဲ ကိုယ်.မြို.နယ် ၊ ကိုယ်.ပြည်နယ်က လူတွေကို ဒိအသိတွေ ၊ သတိထား၇မှာတွေကို Sharing လုပ်ချင်တာ ။ဒီသင်တန်းက အတော်လေးပြည်.စုံပါတယ် ၊ လမ်းစရိတ်ကအစ တည်းခိုစားသောက်ဖို.အထိ တာဝန်ယူပေးထားတော. အေးအေးချမ်းချမ်းတက်လို.ရပါတယ် ။နောက်ခုလိုသင်တန်းမျိုးထပ်လုပ်မယ်ဆိုလည်း တက်ချင်ပါသေးတယ် ။


 ဆက်စပ်ဖတ်ရှု၇န်များ ...   MWRN မြန်မာပြည် ရုံးခွဲ၏ Training for Trainers
(လွမ်းဆောင်း)
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်