အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » Passport photo လေးတွေလုပ်ရအောင်

Passport photo လေးတွေလုပ်ရအောင်

Written By MyanmarChnnel@ on Tuesday, September 23, 2014 | 9:19 PM

ကဲကဲ အားလုံးမင်္ဂလာပါနော် လာပါပြီ ။စိတ်ဝင်စားမယ် ထင်လို့ ကျွန်တော် အတက်နိုင်ဆုံး နားလည်ရလွယ် ဆုံးလေးရှင်းပြပေးလိုက်ပါတယ်။ ဒီပို့စ်လေးရေးနိုင်ဖို့ ကျွန်တော် လတော်တော်များများ လေ့ကျင့်ခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ကျွန်တော်မှာ အနီးကပ်သင်ပေးမယ့်ဆရာမရှိပါဘူး။ နောက်ကျွန်တော်လဲ သွားသင်ဖို့အချိန်မရှိပါဘူး။ အင်တာနတ်ပေါ်ကနေ ဟိုနားတစ်စ ဒီနားတစ်စ နဲ့ပေါ့။ ခုတော့ရခဲ့ပါပြီ ။ ကျွန်တော်မတိကျ မရေရာသေးလို့ မတင်းသေးတာလဲပါတယ် ခိခိ။ ခုတော့အားလုံးပြေလည် လက်တွေ့လုပ်ပြီးလို့ ကျွန်တော်လို အချိန်ကုန် မသိသေးသူတွေမဖြစ်စေလိုပါ အချိန်က အရမ်းတန်ဖိုးရှိပါတယ်။ ဒါကြောင့် တစ်ခါထဲ တစ်နေရာထဲ တတ်အောင်သိအောင် ရေးပေးလိုက်ပါတယ်။ ကဲစိတ်ဝင်စားတဲ့ဘော်ဘော်တွေ လိုက်လုပ်ကြည့်ရအောင်နော်။ ပထမအနေနဲ့ ကိုယ့်ဆီမှာရှိနေတဲ့ Adobe Photoshop လေးဖွင့်လိုက်ပါနော်။ သူငယ်ချင်းတွေက ဘာနဲ့သုံးလဲတော့မသိဘူးပေါ့ ။ကျွန်တော်ကတော့ cs5 ပါ သိပ်တော့မကွာပါဘူး လို့တော့ထင်ပါတယ် စရအောင်နော်။ ဖွင့်ပြီးရင် ကိုယ်လုပ်မယ့်ပုံလေးကို file>open သွားခေါ်ပါနော်။ (၂)မှာပြထားသလိုလေ.....



(၂)အောက(၁)ပုံမှာ ပြထားတဲ့ (၁)မျှားက tool လေးနိုပ်ပေးလိုက်ပါ ပုံဖြက်မလို့ပါနော် ပုံဖြတ်တာတော့ tool တွေရှိပါတယ်။ အရင်ပိုစ့်တွေမှာတစ်မျိုးဖြတ်ပြပေးခဲ့ဖူးပါတယ်။ ခုကနောက်တစ်မျိုးပေါ့။ ပြီးရင် ကိုလိုချင်တာက လူပုံဘဲမို့ လူပုံပေါ်မှာ လိုက်ကလစ်ပေးလိုက်ပါ။ လိုချင်တဲ့နော့တွေလောက်ပေါ့နော်။ များသွားရင် အပေါ်ဘားမှာ (+) လေးနဲ့ (-) လေးတွေ့မှာပါ (+)က ယူမယ့်နေရာတွေစလပ်လိုက်ပေးရမှာပါ။ များသွားရင် (-)လေးကိုမောက်နဲ့ ကလစ်ပြီး ပြန်လုပ်လို့ရပါတယ်။ ကိုယ်သုံးနေတဲ့ tool အဝိုင်းက (+) ဖြစ်နေရမှာပါ။ (-)ပြန်ဖြစ်ချင်ရင်တော့ ကီးဘုပ်မှာနိုပ်ထားလဲရပါတယ်။ (Alt)လေးနိုပ်ကြည့်ပေါ့နော်.. ပြောပြတာပါ။ အဝိုင်းလေး ကြီး သေးချင်ရင် ကီးဘုပ်မှ ( [ )  နဲ့ ( ] ) လေးကို နိုက်ကြည့်နော် သိရပါ့မယ် .... ကိုယ်လိုချင်တဲ့ အတိုင်းအတာအထိရရင် ပုံကိုသေသကပ်မှုရှိအောင်ပြင်ရအောင်။ (၂)ပုံမှာပြထားသလို အပေါ်ဘားက Refine Edge ဆိုတာကလစ်ပါ။ ဘောက်လေးတက်လာမှာပါ .....
(၃) ကဲကျွန်တော်ပြောသလို တက်လာပါပြီ။ (၁)ပုံမှာပြထားတဲ့မျှားလေးတွေကြည့်ရအောင် ။အရင်(၁)မျှားနေရာလေးမှာ အမှန်လေးပေးလိုက်ပါ။ (၂)မျှားနေရာကလစ်ပြီး ကျန်နေတဲ့နေရာတွေလိုက်ဖြက်ပေးနိုင်ပါတယ်။ နားမလည်ရင် vdo ကြည့်ရင်နားလည်သွားမှာပါ (၃)မျှားကတော့ အနားတွေ သေသပ်အောင်လိုက်ချိန်ပေးရမှာပါ.. ။ကိုယ်လိုချင်သလောက်ရရင်တော့ ok ဖြေပေးလိုက်ပါ။....ပြီးရင် copy လုပ်ရမှာပါ။ နားလည်အောင် (၂) ပုံမှာပြထားပါတယ် ..အလွယ်လုပ်ချင်ရင်တော့ ကီးဘုပ်မှ (ctrl+c)တွဲကလစ်လဲရပါတယ်...။

(၄) မှာဆက်ကြည့်ရအောင်နော်း ဖိုင်အသစ်လုပ်ရပါ့မယ် အနောက်ခံအတွက်ပါ လုပ်ဖို့ file>new သွားပါ။ပြီးရင်ဘောက်တက်လာမှာပေါ့ ..(၂)ပုံကတိုင်းလေးပါ ၊ ပြီးရင်ကိုလိုချင်ဆိုက်ချိန်ပါ ကျွန်တော်ကတော့ ၄.၆ နဲ့ထုပ်လိုက်ပါတယ် အသေးစိတ်ကိုတော့ပုံမှာကြည့်ပေးပါနော် ရေးနေရင်ရှည်နေမှာဆိုးလို့ပါ..ပြီးရင် ok ....
(5)အောက်ကပုံကိုကြည်ရအောင်ဘာတွေလဲ နောက်ခံကအဖြူရောင်ဖြစ်နေတယ် ပြောင်းရမှာပေါ့။ ဒီတော့ (၁)မျှားမှာပြထားတဲ့နေရာမှာအရောင် (၂) မျိုးနဲ့ နှစ်ထပ်ဖြစ်နေတာတွေ့ရမှာပါ။ အပေါ်ကအရောင်ကိုကလစ်လိုက်ပါ။ဘောက်တက်လာမှာပါ..ကိုယ်ပြောင်းမယ့်အရောင်ရွေးပြီး ok ဖြေလိုက်ပါနော်။ ပြီးရင် (၂)မျှားမှာပြထားတဲ့ tool က ဆေးပုံးပုံစံလေးရွေးပေးလိုက်နော် ပြီးရင် (၃)မျှားကအဖြူရောင် မျက်နှာပေါ် မောက်နဲ့ ကလစ်ပေးလိုက်ပါ အရောင်ပြောင်းသွားမှာပါ (၂) ပုံလိုလေး ပြီးရင် ခုနက copy လုပ်ထားတဲ့ပုံကို ဒီနေရာမှာဘဲ paste လုပ်ပေးလိုက်ပါ။ (၂)ပုံမှာပြထားပါတယ်။ အလွယ်နိုပ်ရင်တော့ ကီးဘုပ်ပေါ်က ctrl+v ကိုတွဲနိုပ်ပေးလိုက်ရင် အော်တိုရောက်လာမှာပါ....
(၆)ရောက်လာပါပြီ ရောက်လာတော့ရုပ်ဆိုးနေတယ်။ အောက်ပိုင်းပြတ်နေတယ် ပြောမယ်ပေါ့ ။မသိတဲ့ညီငယ်တွေက ပြောလို့ရပါတယ် ဘာလို့အောက်ပိုင်းမပါတာလဲဆိုတော့ကျွန်တော်သမင် အပေါ်ပိုင်းဘဲယူမှာမို့လို့ အပေါ်ပိုင်းဘဲစလက်ပေးပြီ ယူခဲ့တာပါ။  အောက်မှာဆက်ကြည့် လိုက်ရင် နားလည်သွားမှာပါ။ေ၇ာက်လာရင် အပုံသေးနေရင်ဘဲဖြစ်ဖြစ် ကြီးနေရင်လဲဖြစ်ဖြစ် လိုချင်တဲ့ ပုံစံရဖို့ချိန်ပေးရမှာပါ။ ချိန်ဖို့အတွက် ကီးဘုပ်ပေါ်က ctrl+t လေးကိုတွဲပြီးကလစ်လိုက်ပါ ၊ပုံမှာပြထားသလိုဖြစ်နေမှာပါ၊ သတိ လူပုံဆိုက်မပြတ်အောင် ထောင့်တစ်နေရာကနေမောက်ထောက်ပြီး ကီးဘုပ်ပေါ်က shift နိုပ်ပြီး မောက်နဲ့ဆွဲပေးလိုက်ပါ။ လိုသလောက်ရရင်တော့ Enter ခေါက်ပေးလိုက်ပါ..(၂) ပုံလေးကြည့်ပါပုံကိုလက်မပုံ ဖြတ်တော့မှာပါ။ ကျွန်တော်ဖြတ်မှာ ၁ လက်မ ခွဲပါ အပေါ်ဘားက (width) မှာလောလောဆယ် (1.6 in )လေးနဲ့ (Height)မှာတော့(2 in) လို့ ခဏပေးထားလိုက်ပါ ၊ ပြီးရင် ပုံပေါ်မောက်ထောက်ပြီးလိုချင်သလောက်ဆွဲလိုပါ ပြီးရင်မောက်လွက်လိုက်ပါ
 
(၇)  မောက်လေးလွက်လိုက်တာနဲ့ အောက်က(၁)ပုံလေးလိုဖြစ်နေမှာပါနော် ပြီးရင်မောက်လေးထောက်ပြီး
လိုက်ပါ စိတ်ကြိုက်ရင်တော့ (Enter) ခေါက်ပေးလိုက်ပါ ။ (၂)ပုံလိုတွေ့ရမှာပါ။  ပြီးရင်(၂)ပုံမှာပြထားသလို(၁)မျှားက ခဲဖြတ်ပုံစံ tool လေးကလစ်ပေးပါ။ ဘာလို့ကလစ်တာလဲကိုဖြက်လာတဲ့ပုံမှာအနားတွေအစွန်းတွေထွက်နေရင်ဖြတ်ဖို့ပါ။ကိုယ်ပုံက
က ဖြက်စရာမလိုဘူးထင်ရင်တော့နိုပ်စရာမလိုပါ။ဘူးကျွန်တော်ကတော့နည်းနည်းလေး ကော်လံလေးတွေ အစထွက်နေလို့ ဖြက်တာပါ။ ဖြတ်ဖို့ကရွေးရမှာပါ။ ရွေးဖို့ (၂)မျှားမှာပြထားတဲ့ အပေါ်ဘားထောင့် က အောက်စိုက်နေတဲ့မျှားသေးလေးကိုနိုပ်လိုက်ရင် (၃)မျှားလေးလိုပေါ်လာမှာပါေ၇ွးလိုက်ပေါ့ ။ အမဲရောင်အဝိုင်းကြီးတွေက အတိအကျဖြတ်ရတာ သေးသေးလေးတွေက မထင့်သထင်ဖြတ်ရတာပါ။ စမ်းကြည့်ပေါ့နော်..
(ဂ)ကဲခုမှအပုံကို ကိုယ်လိုခင်အတိအကျဖြတ်တော့မယ်နော် ကျွန်တော်ကတော့ ၁ လက်မဖြက်မှာပါ။ ဘော်ဘော်တွေကကိုယ်လိုချင်တဲ့ဆိုက်ကိုရေးပါနော် ကျွန်တော် ၁ လက်မ ဖြတ်တာ လိုက်ကြည့်လိုက်ပါနော်။ အရင် Image>image size ကိုသွားပါ။ ပြီးရင်ဘောက်လေးပေါ်လာမှာပါ။ ကိုယ်လိုချင်တဲ့ ဆိုက် ရေးရတော့မှာပါ.. ကျွန်တော်က ၁ လက်မ ဆိုတော့ width မှာ ၁.၁ လို့ရေးထားပါတယ်။ အမှန် ၁ ဘဲရေးရမှာပါ ကျွန်တော်ကဆိုင်ကလို အနားအကွပ်အတွက် ပိုဖြတ်လိုက်တာပါ ။ ဆက်ကြည့်ရင်နားလည်သွားမှာပါ။ နောက်တစ်ခုက width တစ်တန်းထဲမှာဘဲ အနောက်မှာ inches ဖြစ်နေ ရမှာပါ။ အောက်ကဟာတွေကလိုက်လုပ်စရာမလိုပါဘူး ... width မှာရေးလိုက်တာ နဲ့ အောက်ကဟာတွေက အော်တိုပြောင်းပေးသွားမှာပါ။ မလုပ်တက် လက်မ မတွက်တက်တဲ့ သူတွေအတွက်ပါ။ ဒါကတော့ကျွန်တော်တို့ အတွက်နည်းလမ်းအကောင်းဆုံးပါဘဲ၊
ကဲပြီးရင် ok....
(9)ဒီအဆင့်က အနားကို ဆိုင်မှာလုပ်သလို ပုံတွေဖြတ်ရလွယ်အောင်အရင်ပေးတာလို့လဲပြောနိုင်ပါတယ်။ ခုနကအပေါ်မှာ ၁ စိတ်ပိုလုပ်တာလဲ ခုအောက်ကပုံဘောင်အရာပေးဖို့ပါ ။နားလည်တယ်နော် ၁ လက်မ ရေးရမယ့်နေရာမှာ ကျွန်တော်က ၁.၁ ရေးခဲ့တယ်လေ။ ပိုနေတဲ့ ၁ ကခုလုပ်မှာပါ စရအောင်... အရင် (၁)မျှားမှာပြထားတဲ့ tool လေးကလစ်လိုက်ပါ ပြီးရင်အပုံ အပေါ်ထောင့်စွန်းကနေအောက်ဆုံးထိ ဆွဲလိုက်ပါ။ ပုံပမာဏတိုင်းထိပေါ့ (၂)ပုံကတိုင်းအရာလေးပေါ်နေတာတွေ့နေရမှာပါ.. ဆက်ပြီး ပုံပေါ်မောက် ညာကလစ်လေးနိုပ်လိုက်ပါ။ ပေါ်လာတဲ့ စာတွေထဲက stroke လေးနိုပ်ပေးလိုက် ပါ။ ဘောက်လေး တက်လာမှာပါ....
(၁၀)အောက်ကလိုလေး (၁)မျှားနေရာမှာ 11 px ရေးပေးထားပါ ။ အနေတော်လေးပါဘဲ သေးခင်ရင်တော့ရှော့လိုက်ပေါ့နော် အရောင်ကတော့ ကိုယ်ကြိုက်သလိုထားရပါတယ်။ ဆိုင်တွေမှာတော့ အဖြူရောင်လေးထားပါတယ် ကျွန်တော်က သူငယ်ချင်းတွေ တွေအောင်နားလည်အောင် အနီရောင်လေးထားပေးထားတာပါနော် ပြီးရင်တော့ ok (၂)ပုံကလိုလေး ပြီးရင် ခဏ save as ထားလိုက်ပါနော် file> save as သွားပြီး
(၁၂)အောက်ကပုံကြည်ပြီး save လုပ်လိုက်နော် တစ်နေရာမှာပေါ့ ပြီးရင်(၂)ကလို  ပြန်ခေါ် လိုက်ပါ ခုနကသိမ်းထားတဲ့ပုံလေး
(၁၃)ကဲစောစောအရှေ့မှာ ၄. ၆ နဲ့ new ဖိုင်လေးရှိနေတယ်နော် မရှိလဲထပ်လုပ်လိုက်ပေါ့နော် ခိခိ။ ပြီးစာမျက်နှာ ၂ ခုရှိနေမှာပါ.... အပုံရှိနေတဲ့စာမျက်နှာမှာ (ctrl+a)အရင်နိုပ်ပြီး (ctrl+c)လေးကိုတွဲနိုပ်ပေးလိုက်ပါနော် ပြီးရင်
new folderကိုသွားပြီး (ctrl+v)လေးနိုပ်းလိုက်ရင်ဖြင့် အောက်ကတိုင်းပေါ်လာမှာပါ။
 ပြီးရင်နေရာချပေးပါ။ ထောင့်လေးမှာ ပြီးတစ်ဆက်ထဲကီးဘုပ်ပေါ်မှ(Alt)လေးနိုပ်ပုံပေါ်မောက်ထောက်ပြီးဆွဲ
လိုက်ပါ(၂)ပုံကလို ၂ ပုံဖြစ်သွားမှာပါ ...
(၁၄) ၂ပုံကို၎ဖြစ်အောင်လုပ်ဖို့ အရင် ကီးဘုပ်မှ (ctrl+e)လေးတစ်ချတ်နိုပ်ပေးပါ။ ပြီးရင် အပေါ်ကလိုဘဲ (Alt)လေးနိုပ်ပြီးမောက်ထောက်ပြီးဆွဲလိုက်ပါ... ၆.၄ မှာဆန့်သလောက် သူတိုင်းလုပ်သွားလိုက်ပါ။ ဒီလောက်ဆို နားလည်လောက်ပြီထင်ပါတယ်နော်။ နားမလည်သေးရင်လဲ (VDO) လေးကြည်ုလိုက်နော်။



 အားလုံးအဆင်ပြေပါစေဗျာ.....

RAR Password -  kooo

VDO HOWNLOAD HERE
ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ဒီ link နှိပ်ပါ။ မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။


Ref :  ဘလော့ခရီးသည်
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်