အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » မနက်ခင်းတစ်ခုမှာ အချစ်တွက်နိုးထလာသူ .....

မနက်ခင်းတစ်ခုမှာ အချစ်တွက်နိုးထလာသူ .....

Written By MyanmarChnnel@ on Wednesday, September 11, 2013 | 9:16 PM

ထွက်ပေါက်မရှိတဲ့ အတွေးနယ်ထဲ
ခြေကျွံသွားလို့ ငါ့ဟာနဲ့ ငါ
ဇယားတွေကိုရှုပ်လို့ ....

အလင်းရောင်တွေ့မှ လန့် နိုးလာခဲ့တာ
ဗလာဖြစ်နေတဲ့ငါ့ရင်ထဲက သိမှတ်ပြုပုံလေးက
ဒါမနက်ခင်းတဲ့လား ........


ကျိန်စာတော့မဟုတ်လောက်ဘူးထင်ရဲ့
ငါ့ မနက်ခင်းတိုင်း လမသာခဲ့တာ
ဟော ..... ဟိုကအရောင်မစုံတဲ့
ကြယ်တွေတောင် နေရာပေးမယ့် ကောင်းကင်ရှိတယ် ...

ကြွေကျနေတဲ့ သစ်ရွက်တွေရဲ့
ဒိုင်ယာယီကို သူ့သစ်ပင်အိုကတော့
မသိရှာပါဘူး ....
မျက်ရည်တွေနဲ့ မျက်နှာသစ်နေတာကို
ဒါ ... သူသောက်ဖို့ရေလားတဲ့ .....

မသဲလှတဲ့ မိုးအတွက်
လွန်ဆွဲပွဲတွေ မဆက်သချင်ဘူး
ဒါဟာ .... ကံတရားတစ်ခုဆို
မိုးရွာတိုင်း ငါထီးယူဖြစ်မှာမဟုတ်တော့ဘူး ....

ရော့ .... မင်းအတွက် မနက်စာတဲ့
အလွမ်းတွေပဲ ဖိကျွေးနေတာ
သိပ်လဲမခါးသလို မမြိန်လှပါဘူး...

မနက်ခင်းတစ်ခုကို ငါဒီလိုပဲဖြတ်နေကျပါ
အချိန်ကတော့ သူဟာသူ အလုပ်လုပ်နေပါရဲ့
ငါ ဘာမှ ပြန်မပြောလိုက်မိဘူး
ဟုတ်တယ်လေ ......
နေ့တစ်ခုရဲ့ မနက်ခင်းမှာ
အချစ်အတွက်နိုးလာသူက ငါပဲ ဟာ ......

ဆုလေးနွယ်

Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်