အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » အချစ်.... အမုန်းတွေနဲ့ ချစ်သူ

အချစ်.... အမုန်းတွေနဲ့ ချစ်သူ

Written By MyanmarChnnel@ on Wednesday, September 11, 2013 | 9:17 PM

ငါ အလျော့ပေးတာကို ငါ အ တယ်လို့ထင်တာလား
ငါ နားလည်ပေးနေတာကို ဘာလုပ်လုပ်ရတယ်လို့
ထင်နေတာလား ...

ငါ မမြင်ချင်ယောင်ဆောင် နေပေးတာကို
ငါပြုသမျှ နုတယ်လို့ ထင်နေတာလား
ငါ အရမ်းချစ်လို့ နာကျင်နေသမျှ မျိုသိပ်ထားထာကို
နင် လာပြီးဖွင့်ပေးနေတာလား ....


ချစ်သူ
အချစ်ရဲ့ တစ်ဖက်ကမ်းမှာ အမုန်းမြို့ဆိုတာရှိတယ်
တမ်းတခြင်း မြို့ရိုးတွေနဲ့ ကာပြီး
သူတို့နှစ်ခုကြား အလွမ်းပင်လယ်က နယ်နိမိတ်ခြားထားတယ်..

ငါသိပ်နာကျင်ခံစားလာရရင်
အလွမ်းပင်လယ်ကို လဲ ဖြတ်ကူးရဲတယ်
တမ်းတခြင်း မြို့ရိုးကိုလဲ ဖျက်ဆီးရဲတယ်
မျှော်လင့်ခြင်း ကျုံးတွေကိုလဲ ဖျက်ပစ်တတ်တယ်
ငါ မလုပ်နိုင်တာ ဘာမှ မရှိဘူး။

တစ်ခုပဲ ...... တစ်ခုပဲ .....
ငါ အရမ်းချစ်တဲ့မင်းကို ငါ့နှလုံးသားက
အချစ်နဲ့ အမုန်းအတွက် အားချင်းပြိုင်
လွန်ဆွဲနေမှာ တစ်ခုပဲ ။

ငါ ချစ်ရက်နဲ့ မုန်းရမှာကို မလုပ်ချင်ဘူး
အချစ်ကြီးသလို အမုန်းကြီးမုန်းတဲ့
နင့်ချစ်သူ မဖြစ်ချင်လို့ပါ ...

ဆုလေးနွယ်

Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်