အလွမ်းတွေနဲ့ အတူ
တစ်နေ့မှာဖွင့်ပြောမှာပေါ့
မျှော်လင့်ကာစောင့်စားမှုတွေနဲ့
ခံစားမှုတွေ ရေးဖွဲ့သီရင်း
ရင်မှာသိမ်းထားအလွမ်းများရယ်။
မေတ္တာစမ်းရေမှာ သစ္စာလှေစီးပါလို့
အကြင်နာခရီးကို တူတူသွားချေမပေါ့
ဆောက်တည်ခဲ့တဲ့ ချစ်အိမ်လေးဆီ ....
စိတ်ကူးယဉ်တိမ်တိုက်မှာ
မြတ်နိုးစွာတည်ဆောက်ခဲ့တဲ့အိမ်လေး
အမုန်းမုန်တိုင်းမတိုက်နိုင်အောင်လို.
ကာရန်ထားတဲ့ ချစ်တံတိုင်းများစွာ......
ဘယ်သူဖျက်ဖျက်မပျက်နိုင်မဲ့ချစ်အိမ်လေးမှာ
မောင်နဲ့အတူနေမယ်လို့
စိတ်ကူးကမ္ဘာလေး မောင်ဖျက်မယ်ဆို
စကားတစ်ခွန်းတော့မှာမယ်နော်
ခံစားမှု ပေးဆပ်မှုတွေနဲ့
နားလည်နေရင်း သေဆုံးသည်ထိ
ချစ်ရက်နဲ့မုန်းနေမဲ့
မောင့်ချစ်သူမာနခဲလေးဆိုတာတော့
မမေ့လိုက်ပါနဲ့ကွယ်။
ကိန္နရာချောင်းခြားဝေးသလို
အလွမ်းတေးမဆိုချင်ပေမဲ့
ခုတော့မောင်ရယ်...
အလွမ်းတွေနဲ့ရူးနေဆဲပေါ့။
ချစ်သူအနေဝေးလို့
တမ်းတမိသူ အပြစ်မဲ့နှလုံးသား
သြော်.............
ခုတော့ကွယ်
အလွမ်းသွေးတွေကျနေပြီပေါ့ ။
0 comments:
Post a Comment