အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » , » ငါ့နှလုံးသား အရုပ်မဟုတ်ဘူး

ငါ့နှလုံးသား အရုပ်မဟုတ်ဘူး

Written By MyanmarChnnel@ on Friday, July 19, 2013 | 7:59 PM

ခုမြင်ခုကြိုက် ခုချစ် ခုလွမ်း
ခုမေ့ ခု လမ်းခွဲရအောင်
နင်နဲ့ငါ့အချစ်တွေက
ရုပ်ရှင်ဇာတ်ကားတစ်ခု မဟုတ်ဘူး။

ရုပ်ရှင်ဇာတ်ကားတွေမှာသာ
အမျိုးမျိုးသရုပ်ဆောင်လို့ရမယ်
ခုလက်ရှိမှာ နင် ဟန်ဆောင်လို့မရဘူး။

နင်ကိုယ်တိုင်မင်းသား မင်းသမီးလုပ်
နင်ကိုယ်တိုင်ချစ် နင်ကိုယ်တိုင်လမ်းခွဲ
နင်ကိုယ်တိုင်စွန့်ခွာရအောင်
ငါ့နှလုံးသားက နင့်ကစားရာမြေပြင်မဟုတ်ဘူး။

ဇာတ်ကားတွေမှာ ကစားရင် တော့
နင့်ကို အားကျသူရှိမယ် နှစ်ကြိုက်သူရှိမယ်
ငါ့နှလုံးသား လာကစားရင်တော့
နင့်နှလုံးသားကို မီးလောင်တိုက်အရင်သွင်းထားပေတော့။

ငါ နင့်ကိုအဲထက်ပူတဲ့ အရာတွေနဲ့
အရှင်လတ်လတ်အကျဉ်းချထားမယ်
ငါနာကျင်သလို နင်နှစ်ဆ နာကျင်နေရမယ်
မချစ်လို့မဟုတ်ဘူး
ချစ်လွန်းလို့ အငြိုးကြီးသွားတာ။

နင်ငါ့ကိုစိန်မခေါ်နဲ့
ငါချစ်သလို နင်မချစ်နိုင်နေပါ
ငါ့နှလုံးသားကိုတော့ နင် မကစားနဲ့
နင့်ထက်ရက်စက်တတ်တဲ့
နင့်သခင်မ ဆိုတာ
ဘယ်တော့မှ မမေ့လိုက်နဲ့။

ကဲ နင်ကစားမယ်ဆို ဒီစာကိုအရင်ဖတ်လိုက်
ပြီးမှ စိန်ခေါ်လိုက်ပါ
သေချာတာကတော့ သူငယ်ချင်းကနေ ချစ်သူဖြစ်နိုင်မယ်
ချစ်သူကနေ သူငယ်ချင်း မဖြစ်နိုင်တော့ဘူး...


                                                            ဆုလေးနွယ်
                                                         ကြိုးစားပါအုံးမည်။

Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်