အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » , » အချစ်ကြောင့် ငါ ......

အချစ်ကြောင့် ငါ ......

Written By MyanmarChnnel@ on Monday, July 22, 2013 | 12:35 AM

အချစ်ရဲ့ နှောင်ကြိုးများ
ငါ့ရင်မှာ ရစ်ပတ်တွယ်နှောင်ခဲ့လို့
စွဲလမ်းခြင်းရဲ့ ချောက်ကမ်းပါးမှာ
ငါ့နှလုံးသားတွေ ခြေချော်ကျခဲ့တယ်။

တွယ်တာမှုရဲ့ မနက်ဖြန်တိုင်းမှာ
ငါ့ရင်ခုန်သံတွေ မြန်စေခဲ့လို့
အနမ်းရဲ့ချိုမြိန်ခြင်းများဟာ
ငါ့အိပ်မက်တွေ ဖြစ်နေခဲ့တယ်။

အချစ်ကိုခံစားတတ်လာခဲ့တဲ့ငါ
အချစ်အတွက်နဲ့ ရူးသွပ်နေလို့
မညီတဲ့ကာရန်တွေနဲ့
အလွမ်းတေးတွေလဲ ဆိုညည်းတတ်လာတယ်။

အချစ်တွက်နဲ့ မရေးဖူးတဲ့ ကဗျာတွေလဲ
ကလောင်ကိုင်လို့ အချစ်ကြောင်းတွေ
ကဗျာဖွဲ့ စာချဲ့နေတတ်လို့
ကဗျာဆရာ ဖြစ်မှန်းမသိဖြစ်ခဲ့တယ်။

ချစ်သူရယ်......
အချစ်ရဲ့ စွမ်းအားဟာ
ဘယ်လောက်ထိ လေးနက်နေတာလဲလို့
အကြိမ်ကြိမ် မေးခွန်းထုတ်တိုင်း
အရမ်းချစ်တယ် ဆိုတဲ့ အဖြေအောက်မှာ
ကျရှုံးရင်းကျရှုံးနေတတ်တယ်။

အချစ်ဆိုတဲ့ စကားနှစ်လုံးအောက်မှာ
အခါခါကျရှုံး .....
မျှော်လင့်ခြင်းနဲ့ လွမ်းဆွေးခြင်းတွေ
သတိရခြင်းတွေ မြတ်နိုးမှုတွေနဲ့
အသက်ဆက်တတ်နေပြီချစ်သူရယ်....

                                         ဆုလေးနွယ်
                                       ကြိုးစားပါအုံးမည်။
 
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်