အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » ငါလဲမေ့သွားတယ်...

ငါလဲမေ့သွားတယ်...

Written By Anonymous on Monday, July 1, 2013 | 8:33 AM

 တစ်ခါတုန်းက  အိမ်ရှင်မတစ်ယောက်ဟာ မီးဖိုဆောင်မှာ ထမင်းဟင်းဖို့ မီးဖိုဆောင်ဝင်ပြီး  ထမင်းချက်တယ်။ သူထမင်းချက်နေရင်း အတွေးတွေနဲ့  အိမ်ဆောက်နေတယ်။  ဘယ်ထိ အတွေးတွေနဲ့ လေတိုက်ဆောက်နေမှမသိတာ....
 ငွေမှမကုန်တာကိုး ဟုတ်ဘူးလား ကြိုက်သလောက်ဆောက် အေးဆေး။    ဟီး အပြင်မှာတော့ မလုပ်နဲ့နော် ရဘူး  :D :D ။။။။
လေထဲက တိုက် စိတ်တိုင်းကျဆောက်ပြီး လက်ရှိ ပစ္စုပ္ပန်ရောက်တော့ ထမင်းအိုးက ဆူလို့ တစ်ဝက်ကျနေပြီ။ အဲတာနဲ့ထမင်းမွှေဖို့  ဟို ငါးရံ့ပြာလူးသလို  မျက်စိမူးနေအောင် ဟိုပြေးဒီပြေးနဲ့  ယောက်မရှာပုံတော်ဖွင့်ရှာတယ် ။ အဲချိန်မှ ယောက်မက ရှာလို့မရဘူး  ဖြစ်နေတယ်။ ခက်ပြီ။ ကိုယ့်ဘာသာ ရှာမရတာနဲ့ပဲ  ဘာမှမဆိုင်တဲ့ ကလေးတွေ ဘက်မြှားလှည့်သွားတယ် ။
 အိမ်မှာ ရှိတဲ့ သားသမီးတွေကိုလိုက်မေးတယ်တဲ့။



''ဟဲ့ ......  ယောင်းမ ဘယ်မှာထားကြတာတုန်း။ ခု မရှိဘူး ဘယ်သူ လာယူတာလဲ ။  လိုချင်ရင်ရှာမရဘူး။ နင်တို့မတွေ့ဘူးလား ? ''               ကလေးတွေက

''မတွေ့ဘူးအမေ''  လို့ပြောတော့ ..........

''နင်တို့ဟာလေ  စည်းကမ်းကိုမရှိဘူး''   ဆိုပြီး ဗျစ်တောက်ဗျစ်တောက်နဲ့ ပေါက်ပေါက်ဖောက်သလို စက်သေနတ်ပစ်ပါလေရော။ အဲတာနဲ့ မပြီးသေးဘူး ရာဇသံပါ လွှင့်လိုက်သေး ...
 ''ရှာကြ  မတွေ့ရင် နာမယ်မှတ် ''     တဲ့လေ ။

အဲဒီလိုရှာ ရင်း ဖွေရင်း    ထမင်းအိုးလဲ ရေခမ်းသွားပြီ။  အဲခါကျတော့ အိမ်ရှင်မက မီးဖိုဆောင်ထဲပြန်ဝင်လာတယ်။ ထမင်းအိုးနပ်မယ်ပေါ့ ။ ထမင်းနပ်ဖို့  ထမင်းအိုးချမယ်လုပ်တော့ လက်ထဲမှာ ယောက်မက ကိုင်ရက်သားနဲ့ဆိုလား .....

အဲတာနဲ့ သူလဲ စာစာနာနာလေး  တွေးလိုက်ပါတယ် ။

''အင်း  ...... ငါလဲ  မေ့နေတာကိုး''  တဲ့လေ ။

ကဲ.. သယ်ရင်းတို့လဲ   ယောက်မကိုင်ပြီး ယောက်မ,မရှာကြနဲ့နော် ။  ဘာမဆိုင်ညာမဆိုင် ကလေးတွေလဲ စက်သေနတ်သွားမပစ်နဲ့ သနားပါတယ် ခိခိ :P :P



                          တတ်သလောက်လေး ရေးကြည့်တာပါ မှားတာရှိရင်ခွင့်လွှတ်ပါ။
ဝေဖန် အကြုံပြုနိုင်ပါတယ်။ အားလုံးပြုံးနိုင်ပါစေ....



                                                                                                  လေးစားစွာဖြင့်

                                                                                                           ဆုလေးနွယ်
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်