ကျား ==> ငါဟာ ဘာမှစောက်သုံးမကျပါဘူး ဟုတ်ပါတယ်..
ဒါပေမယ့် မင်းကိုချစ်ဖို့အတွက်တော့ အသုံးကျတယ်။
မ ==> ဘာ... အချစ်..? ဟုတ်လား..?
အချစ်တစ်ခုထဲနဲ့ ဘာလုပ်ရမှာလဲ..? အချစ်က ထမင်းစားလို့ ရလို့လား..?
ကိုယ့်ဘဝ တိုးတက်ဖို့အတွက် ဘာအသုံးဝင်လို့လဲ..?
အလကား... စိတ်ကူးယဉ်တွေပါ....။
ကျား ==> အေး အဲ့ဒီအချစ်ဆိုတဲ့ဟာက စိတ်ကူးယဉ်..
ဒါပေမယ့် လက်တွေ့ဘဝကို ပြောင်းပြန်လှန်သွားအောင် လုပ်နိင်တယ်။
အချစ်ဆိုတာ လက်တွေ့ဘဝကို အကျိုးပြုတဲ့ စိတ်ကူးယဉ်ပါ။
ကိုယ့်ဘဝကို တိုးတက်အောင်လုပ်တဲ့နေရာမှာလဲ ကိုယ်ချစ်တဲ့သူရဲ့ အားပေးမူတွေလိုအပ်တယ်...။
အချစ်ကြောင့် ပြောင်းလဲအောင် အများကြီးလုပ်ပေးနိုင်တယ်။
၅၂၈ မှအချစ်မဟုတ်ဘူး...၊ ၁၅၀၀ လဲအချစ်ပဲ..၊
၁၅၀၀ ဆိုတာလဲ ကြာသွားရင် ၅၂၈ ဖြစ်နိုင်တယ်.. အဲ့တာသံယောဇဉ်ပဲ..
သံယောဇဉ်ဆိုတာက ဖြတ်တောက်ဖို့အရမ်းကို ခက်ခဲလွန်းအားကြီးတယ်။
ငါ အခုသံယောဇဉ်ဆိုတဲ့ နေရာကိုရောက်နေပြီ ၊
သံယောဇဉ်ရဲ့အစက အချစ်ပဲလေ.....။ ။
လွမ်းဆောင်း
0 comments:
Post a Comment