အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » Flash Song များတွင် Mouse Follower ထည့်ခြင်း

Flash Song များတွင် Mouse Follower ထည့်ခြင်း

Written By Anonymous on Friday, July 5, 2013 | 6:20 AM


Flash Song များတွင် Mouse Follower ထည့်ခြင်း

Flash Song များတွင် Mouse Follower ထည့်ခြင်း

ဒီနေ့ တော့ လွမ်း... Flash Song နည်းပညာတစ်ခုကို ရေးသားပါမယ်။

တစ်ချို့ သော Flash Song များမှာ Mouse ကို ရွှေ့ လိုက်ရင် Mouse နောက်ကနေ ပုံစံမျိုးစုံလိုက်နေတာကို တွေ့ ဖူးကြမှာပါ။

လွမ်းရဲ့ Flash Song မှာတော့ Mouse Follower ထည့်ထားတဲ့ သီချင်းတွေ နည်းပါတယ်။

ခု ရေးမဲ့နည်းက SwishMax 4 ထဲမှာ နဂိုကတည်းက ရှိပြီး Mouse Follower ကနေ မိမိကြိုက်နှစ်သက်ရာ ပုံစံများကို ပြောင်းလဲ လုပ်ဆောင်သွားတဲ့နည်းလေးပါ။


အဆင့်(၁)

SwishMax 4 Software ကို ဖွင့်လိုက်ပါမယ်။

ပုံတွင်ပြထားတဲ့အတိုင်း Components ထဲက Effect ကို Click ပြုလုပ်ပြီး 2D ကို ထပ်မံ Click လုပ်လိုက်တဲ့အခါ MouseFollower ဆိုတာကို တွေ့ မြင်ရပါလိမ့်မယ်။

MouseFollower ပေါ်မှာ Double Click လုပ်လိုက်တဲ့အခါ Screen ထဲမှာ မျှားပုံလေး ပေါ်လာတာတွေ့ မြင်ရပါလိမ့်မယ်။



အဆင့်(၂)

ပုံတွင်ပြထားတဲ့အတိုင်း Play Button ကို Click လုပ်ပြီး Screen ပေါ်မှာ Mouse ကို လှုပ်ရှားကြည့်မယ်ဆိုရင် Mouse သွားရာနောက်ကို မျှားပုံလေးက လိုက်လာတာကို တွေ့ မြင်ရပါလိမ့်မယ်။


အဆင့်(၃)

ပုံတွင်မြင်ရသည့်အတိုင်း Outline Tab ကို Click လုပ်ကြည့်ပါ။ Arrow Shape ကို တွေ့ မြင်ရပါလိမ့်မယ်။

 Arrow Shade အစား မိမိနှစ်သက်ရာပုံစံကို ပြောင်းလဲ အသုံးပြုသွားနိုင်ပါတယ်။

အဆင့်(၄)

ဘယ်ဖက်ခြမ်းရှိ Tool Bar ထဲမှ AutoShape ကို Click လုပ်ပြီး 2D အောက်ရှိ Star ပုံကို ရွေးချယ်လိုက်ပါမယ်။

 

အဆင့်(၅)

ပုံတွင်မြင်ရသည့်အတိုင်း Arrow ရဲ့ Move Effect ကို Star တွင် ကူးယူထည့်လိုက်ရပါမယ်။


အဆင့်(၆)

ထိုသို့  ကူးယူပြီးသောအခါတွင် ပုံတွင်မြင်ရသည့်အတိုင်း Arrow ကို ဖျက်ပြီး Play လုပ်ကြည့်လျှင် Star ပုံလေးတွေက Mouse နောက်ကို လိုက်နေတာကို တွေ့ ရပါလိမ့်မယ်။


 ဒီလောက်ဆိုရင် သူငယ်ချင်းတို့ လည်း မိမိနှစ်သက်ရာပုံစံလေးတွေကို ထည့်ပြီး စမ်းလို့  ရမှာပါ။
မိမိ နှစ်သက်ရာ အရောင်လေးတွေကိုလည်း ပြောင်းထည့်ကြည့်နိုင်ပါတယ်။
လွမ်းပြုလုပ်ထားတဲ့ Mouse Follower ပုံလေးကို ထည့်ပေးလိုက်ပါတယ်။
Screen ပေါ်မှာ Mouse ကို ထားပြီး ရွှေ့ ကြည့်ပါ။



သူငယ်ချင်းများအားလုံး Flash Song ပြုလုပ်ရင်း စိတ်ချမ်းမြေ့ပျော်ရွှင်ကြပါစေ။

Share this article :

1 comments:

  1. ကျေးဇူးတင်ပါတယ် ကိုလွမ်းဆောင်းရေ ကျန်တော်နေ့တိုင်းပညာလာယူနေပါတယ်နော် နောက်လဲတင်ပေးပါဦးဗျာ့

    ReplyDelete

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်