ငါချစ်သလို ပြန်မချစ်ချင်နေပါ
ငါ့အချစ်ကိုတော့ မစော်ကားပါနဲ့ ။
ငါလွမ်းသလို မလွမ်းချင်နေပါ
ငါ့အလွမ်းကိုတော့ ဟားတိုက်မပစ်ပါနဲ့။
ငါခံစားရသလို မခံစားချင်နေပါ
ငါ့ခံစားချက်တွေကို အရူးမလုပ်ပါနဲ့။
ငါပေးဆပ်သလို မပေးဆပ်နိုင်နေပါ
ငါ့ပေးဆပ်မှုကို ဟာသမလုပ်ပစ်နဲ့။
ငါနားလည်ပေးသလို နားလည်မပေးနိုင်ရင်နေပါ
ငါ့နားလည်မှုကိုအလွဲသုံးစားမလုပ်ပါနဲ့။
ငါအချစ်ကြီးချစ်တတ်သလို
အမုန်းကြီးမုန်းတတ်တယ်။
ငါမုန်းတဲ့ခါ ငါချစ်တဲ့နင်မဖြစ်စေချင်ဘူး
ငါ့စေတနာကို နားလည်ပါ။
ဆုလေးနွယ်
0 comments:
Post a Comment