အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » ကျောက်သင်ပုန်းနှင့်ကျောက်တံသုံးစွဲမှု

ကျောက်သင်ပုန်းနှင့်ကျောက်တံသုံးစွဲမှု

Written By MyanmarChnnel@ on Saturday, August 24, 2013 | 9:52 PM

ကျောက်သင်ပုန်းသုံးစွဲမှု နည်းပါးလာမှုကြောင့် လုပ်ကိုင်သူ နည်းပါးလာပြီး ရိုးရာလုပ်ငန်းတစ်ခု ပျောက်ကွယ်သွားနိုင်
( Eleven Media Group မှ ကူးယူဖေါ်ပြပါသည် )

ဘီလူးကျွန်းဒေသထွက် ကျောက်သင်ပုန်းကို မြန်မာနိုင်ငံ အနှံ့သို့ တင်ပို့ရောင်းချသော်လည်း သုံးစွဲမှု နည်းပါးလာ၍ ကျောက်သင်ပုန်းလုပ်ငန်း လုပ်ကိုင်သူ လျော့နည်းလာပြီး ရိုးရာလုပ်ငန်းတစ်ခု ကွယ်ပျောက်သွားနိုင် ကြောင်းဒေသခံများက ပြောကြားသည်။

"၁၅ နှစ်သား ကတည်းက အဖေ၊ အဘိုးတွေနဲ့ ကျောက်သင်ပုန်းလုပ်လာတာ။ အဲဒီတုန်းက ကျောက်သင်ပုန်း ရောင်းကောင်းတော့ တစ်ရွာလုံးလိုလို လုပ်ကိုင်ကြတယ်။ အခုအချိန်မှာ သုံးတန်းအထိပဲ ကျောက်သင်ပုန်းကိုင်ရတယ်။ နောက်ပြီး ကလေးတွေကို ကော်ပီစာအုပ်၊ ကျောပိုးအိတ်တွေကအစ အလကားပေးနေတော့ ကျောက်သင်ပုန်း အသုံးနည်းလာတာပေါ့။ သုံးတာနည်းလို့ ရောင်းရတာနည်းပြီး တစ်ရွာလုံးမှာ အခုထိ လုပ်နေတဲ့သူ ၁၅ ဦးလောက်ပဲ ကျန်ပါတော့တယ်" ဟု ဘီလူးကျွန်းရွာမှ ဦးမောင်ညွန့်က ပြောကြားခဲ့သည်။

ဘီလူးကျွန်း မုဒွန်းတောင်တွင် ကျောက်သင်ပုန်း ကျောက်ပြားများကို ၀ါးတစ်ပြန်၊ နှစ်ပြန်အနက်အထိ သက်စွန့်တူးဖော်ကာ အပြားလိုက် အကြမ်းထည်ကို ရွှေဘော်ထိုးပြီး ကော်ပတ်စား အချောကိုင်၊ ဘောင်တပ်၊ ဆေးသုတ်၊ ထုပ်ပိုးမှု အပါအ၀င် ကျောက်သင်ပုန်း တစ်ချပ်ကို ကျပ် ၄၀၀ ရင်းနှီးရပြီး တစ်ချပ်ကို ကျပ် ၆၀၀ ၀န်းကျင်ဖြင့် ရောင်းနေရကြောင်း၊ ကျောက်တံတစ်စည်းကိုလည်း ကျပ် ၅၀၀ ဈေးပေါက်ကာ မိုးရာသီတွင် လုပ်ငန်းရပ်နား၍ တပို့တွဲလတွင် ကျောင်းဖွင့်ရာသီအတွက် ကျောက်သင်ပုန်းလုပ်ငန်း စတင်လုပ်ဆောင် ကြသည်ဟု သိရသည်။

နှစ် ၁၀၀ ကျော်နီးပါး မုဒွန်းတောင်မှ ကျောက်သင်ပုန်းများ ထုတ်လုပ်လာရာ လာမည့်ဆယ်စု တစ်ခုတွင် မြန်မာတက်ပလက်ဟု ဆိုနိုင်သည့် ကျောက်သင်ပုန်းများ ပျောက်ကွယ်သွားနိုင်ကြောင်း ဒေသခံများ ခန့်မှန်းကြသည်။

မွန်ပြည်နယ် ဘီလူးကျွန်းဒေသမှာ ရိုးရာလက်မှု လုပ်ငန်းများဖြင့် ထင်ရှားသော ဒေသဖြစ်သော်လည်း လုပ်ငန်းအချို့မှာ ရေရှည်ရပ်တည်ရန် ခက်ခဲသော အခြေအနေနှင့် ရင်ဆိုင်နေရလျက်ရှိပြီး အချို့မှာ ပျောက်ကွယ်သွားမည့် အခြေအနေရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

Read More -----> http://news-eleven.com/business/22329
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်