ချစ်သူ ရယ်......
မရောက်လာသေးတဲ့နေ့ရက်တွေကို
တစ်ခါတစ်ခါ တမ်းတမိပါရဲ့
ကြည်နူးနေချိန်လေးတွေ
စိတ်ကူးနဲ့ မှန်းလို့မျှော်လေမိတိုင်း
ဒီရင်မှာ နွမ်းရပါတယ် ......
ကံကြမ္မာလှည့်စားမှုတွေကြောင့်
ဝေးနေရတဲ့ တို့အဖြစ်တွေ
ဘယ်ထိ ရင်နာစရာကောင်းလဲ ......
လွမ်းတယ် ချစ်သူရယ် ..... လို့
အခါခါဆိုညည်းရင်း
နေ့တစ်နေ့ကိုဖြတ်သန်းဖို့
ချစ်သူဆီက အားပေးစကားတစ်ခွန်းနဲ့
ကျေနပ်နေရတဲ့ အဖြစ် .....
မဝေးချင်တော့ဘူး
လွမ်းရတဲ့နေ့တွေ ကို
ခံနိုင်ရည်မရှိခဲ့တော့ဘူး
အလွမ်းတွေကို အဆုံးသတ်ဖို့
ပြန်လာပါတော့ချစ်သူရယ်
ပြန်ခဲ့ပါတော့ ................
ဆုလေးနွယ်
မရောက်လာသေးတဲ့နေ့ရက်တွေကို
တစ်ခါတစ်ခါ တမ်းတမိပါရဲ့
ကြည်နူးနေချိန်လေးတွေ
စိတ်ကူးနဲ့ မှန်းလို့မျှော်လေမိတိုင်း
ဒီရင်မှာ နွမ်းရပါတယ် ......
ကံကြမ္မာလှည့်စားမှုတွေကြောင့်
ဝေးနေရတဲ့ တို့အဖြစ်တွေ
ဘယ်ထိ ရင်နာစရာကောင်းလဲ ......
လွမ်းတယ် ချစ်သူရယ် ..... လို့
အခါခါဆိုညည်းရင်း
နေ့တစ်နေ့ကိုဖြတ်သန်းဖို့
ချစ်သူဆီက အားပေးစကားတစ်ခွန်းနဲ့
ကျေနပ်နေရတဲ့ အဖြစ် .....
မဝေးချင်တော့ဘူး
လွမ်းရတဲ့နေ့တွေ ကို
ခံနိုင်ရည်မရှိခဲ့တော့ဘူး
အလွမ်းတွေကို အဆုံးသတ်ဖို့
ပြန်လာပါတော့ချစ်သူရယ်
ပြန်ခဲ့ပါတော့ ................
ဆုလေးနွယ်
0 comments:
Post a Comment