ဝိဥာဉ်လွင့်ပြယ်သွားခဲ့ရင်ကောင်းမှာ
ငါ့ဘ၀ကို ၀င်လေ ထွက်လေနဲ့
အဆုံးသတ်ပစ်ချင်တယ်။
ခဲနဲ့ပေါက်ပြီးလို့နောက်နေတဲ့
ရေနောက်ကို ငါဘယ်လိုသောက်ရမလဲ
ငါ့ဘ၀ကိုက အမာရွတ်ကို
မှန်ထဲပြန်ကြည့်နေရသလိုကိုး ။
သွေးဆာနေတဲ့ ကံတရားကို
မျှော်လင့်ချက်နဲ့အတူ
လောင်းကြေးထပ်မိတာကိုက ငါ့အမှား။
မြွေ အရေခွံလဲတတ်တာသိပေမယ့်
အပြင်ကာရံသိပ်လှနေတော့
အန္တရာယ်ကို အမှန်မမြင်ပဲ
အလင်းပျောက်တဲ့ လမိုက်ညလို
အမှောင်ထဲသာ
တရွေ့ရွေ့ တိုးဝင်မိတော့ ....
ဆုလေးနွယ်
0 comments:
Post a Comment