ပိုတယ်ပြောမလား ကဲတယ်ဆိုမလား
ဒါပေမယ့် လေးလေးနက်နက်ကို သတိရနေတယ်။
လွမ်းတယ် မောင်
ဟုတ်လို့လား ဟုတ်ရဲ့လားလို့
ပြန်မမေးနဲ့နော်
တကယ် မနေတတ်တောင် လွမ်းနေလို့ပါ ။
တမ်းတတယ်မောင်
သေချာလား တကယ်လားလို့ မေးမလား
ရင်မှာတော့ ဖော်ပြမတတ်အောင်ပါ။
မျှော်လင့်တယ်မောင်
ပြုံးလွန့်လွန့်နဲ့ တကယ်နော်လို့ပြောမှာလား
မောင်က စိတ်ကူးထဲက မင်းသားလေးပါ ။
ချစ်တယ်မောင်
အမှန်လားလို့ ပြောမှာလား
နှလုံးသားက သွေးတစ်ချက်တိုးလေးတိုင်း
မောင်လို့ ဖွဖွ ဆိုညည်းနေတယ် ။
ဆုလေးနွယ်

0 comments:
Post a Comment