ချုပ်ထိန်းမှုအောက်က လွတ်မြောက်သွားတဲ့
ဒုံးကျည်လိုမျိုး တဒိုင်းဒိုင်းနဲ့
ပေါက်ကွဲလာတာ ငါ့ရင်ခုန်လှိုင်းတွေ
ရင်နဲ့ မဆံ့တဲ့ထိ ။
နင်မြှုပ်ထားတဲ့ အချစ်မှိုင်းတွေလေ
သံစဉ်မညီမညာပေမယ့်
ပုံမဖော်နိုင်အောင် ကို
ငါ့ရင်တွေ ကျွမ်းပြန်သွားတာတော့ သေချာတယ်။
ငါ နူးညံ့လာမှ နေရာမှားသွားလို့
sorry ပါဆိုတဲ့ စကားတစ်ခွန်းနဲ့
ရင်တစ်ခုလုံး သွေးစွန်း
အဖြူရောင်နှလုံးသားကို
အမုန်းသချိုင်းမှာ အစိမ်းရောင်အုတ်ဂူနဲ့
အရှင်လတ်လတ် မြေမြုပ်ရမှာတဲ့လား ။
ကျေနပ်ပါတယ် ...
နင်သွားရာ အရိပ်တစ်ခုဖြစ်ခွင့်မရပေမယ့်
နင်ပျော်မယ်ဆို ငါ ပေးဆပ်ဝံ့ပါတယ်
ပျော်ပါစေဟာ ......
ဆုလေးနွယ်
ပျော်ပါစေ
Written By MyanmarChnnel@ on Friday, October 4, 2013 | 10:06 PM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
0 comments:
Post a Comment