ညမဟူရာမှာ .....
လွမ်းစရာအခန်းတွေနဲ့
မလန်းသာအောင် နွမ်းနေသော်လဲ
တမ်းတသူ ဒီရင်ထဲက
ဖမ်းဆုပ်မရအောင်သာပဲ ချစ်သူရယ် ....
စိတ်ကူးကို အတောင်ပံတပ်
အလွမ်းကို ယာဉ်လုပ်လို့
မင်းရှိရာအရပ်ကို
ငါ ...........
အကြိမ်မရေတွက်နိုင်အောင် ရောက်နေတာပါ။
မင်းသိချင်လဲသိမယ်
မသိချင်လဲ မသိဘူးပေါ့
ငါမင်းအနားမှာ တ၀ဲလည်လည်ရှိနေတာကို .....
ဆုလေးနွယ်
မင်းသိချင်လဲသိမှာပေါ့
Written By MyanmarChnnel@ on Saturday, October 5, 2013 | 2:44 AM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
0 comments:
Post a Comment