အချစ်ကို ငါ ယုံကြည်မိတာ
ငါ့နှလုံးသားတွေ ဒဏ်ရာ အထပ်ထပ်
သွေး အစက်စက်ကျအောင် မဟုတ်ပါဘူး
အချစ်ကပေးတဲ့ အလွမ်းတွေ အထီးကျန်ခြင်းတွေ
ငိုကြွေးခြင်း မုန်းတီးခြင်းတွေ ရယူဖို့ မဟုတ်ဘူး
အချစ်ကပေးတဲ့ ကြေကွဲမှုတွေ
ရက်စက်မှုတွေ ခံစားမှုတွေကို ထွေးပိုက်ဖို့မဟုတ်ဘူး
အချစ်ကပေးတဲ့ ပျော်ရွှင်ခြင်း ကြည်နူးခြင်း
အေးချမ်းခြင်းတွေကို လိုချင်တာပါ။
အချစ်ကပေးတဲ့ ရင်ခုန်မှု
မြတ်နိုးမှုတွေကို သိမ်းဆည်းချင်တာပါ။
အချစ်ကပေးတဲ့ အနမ်းတွေ ယုယမှု
ကြင်နာမှုတွေကို လိုချင်တာပါ....
ဒါပေမယ့် ........
ဒါပေမယ့် ဟာ .......
လွမ်းဆုလေး(ခ) ဆုလေးနွယ်
လိုချင်တာ
Written By MyanmarChnnel@ on Thursday, October 24, 2013 | 8:52 PM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
Labels:
(ဆုလေးနွယ်),
ကဗျာ
0 comments:
Post a Comment