မျှော်လင့်ရတာကို မနှစ်သက်တတ်တဲ့ငါက
မင်းကို ချစ်လာတဲ့အခါ
မင်းလာမယ့်အချိန်ကိုမျှော်ရင်း
နှစ်စ်သက်တတ်လာတယ်..
စောင့်ရတာကို အပိုလို့ထင်တတ်တဲ့ငါက
မင်းကို ချစ်လာတဲ့ချိန်
မင်းအတွက်စောင့်စားရတာကို
ချိုမြိန်တတ်လာတယ် ...
လူတစ်ယောက်အတွက်
အချိန်ပေးရတာကို
လိုအပ်သည်ထက် ပိုမလုပ်တတ်တဲ့ငါက
မင်းကိုချစ်သွားတဲ့ခါ
အပိုတွေ လုပ်တတ်လာတယ်...
သတိရခြင်းတွေကို
စိတ်ဝင်တစားမပြောတတ်တဲ့ငါက
မင်းကိုချစ်တယ်လို့ သိလာတဲ့ချိန်မှာ
ဖြေဆေးတစ်ခုအဖြစ် ပြောတတ်လာတယ်..
အချစ်ဆိုတဲ့ အရာအတွက်
လွမ်းတယ်ပြောရတာကို
အမုန်းဆုံးလို့ ခံယူထားတဲ့ငါက
မင်းနဲ့ ချစ်သွားတဲ့အခါမှာတော့
အလွမ်းသာမကပဲ အထီးကျန်ခြင်းရဲ့ အရသာ
ငိုကြွေးရခြင်းရဲ့ အဓိပ္ပာယ်တွေကိုပါ
နားလည်တတ်လာခဲ့တယ် ..
ငါ့ဘ၀မှာ မင်းကို သိပ်ချစ်သွားတဲ့အခါ
အချိန်ရှိတိုင်းမျှော်လင့်ရင်း
လွမ်းတတ်လာခဲ့တာ ကြာပါပြီဟာ
ခုလဲငါလွမ်းနေပါတယ် ချစ်သူရာ....
လွမ်းဆုလေး (ခ) ဆုလေးနွယ်
မင်းကို ချစ်လာတဲ့အခါ
မင်းလာမယ့်အချိန်ကိုမျှော်ရင်း
နှစ်စ်သက်တတ်လာတယ်..
စောင့်ရတာကို အပိုလို့ထင်တတ်တဲ့ငါက
မင်းကို ချစ်လာတဲ့ချိန်
မင်းအတွက်စောင့်စားရတာကို
ချိုမြိန်တတ်လာတယ် ...
လူတစ်ယောက်အတွက်
အချိန်ပေးရတာကို
လိုအပ်သည်ထက် ပိုမလုပ်တတ်တဲ့ငါက
မင်းကိုချစ်သွားတဲ့ခါ
အပိုတွေ လုပ်တတ်လာတယ်...
သတိရခြင်းတွေကို
စိတ်ဝင်တစားမပြောတတ်တဲ့ငါက
မင်းကိုချစ်တယ်လို့ သိလာတဲ့ချိန်မှာ
ဖြေဆေးတစ်ခုအဖြစ် ပြောတတ်လာတယ်..
အချစ်ဆိုတဲ့ အရာအတွက်
လွမ်းတယ်ပြောရတာကို
အမုန်းဆုံးလို့ ခံယူထားတဲ့ငါက
မင်းနဲ့ ချစ်သွားတဲ့အခါမှာတော့
အလွမ်းသာမကပဲ အထီးကျန်ခြင်းရဲ့ အရသာ
ငိုကြွေးရခြင်းရဲ့ အဓိပ္ပာယ်တွေကိုပါ
နားလည်တတ်လာခဲ့တယ် ..
ငါ့ဘ၀မှာ မင်းကို သိပ်ချစ်သွားတဲ့အခါ
အချိန်ရှိတိုင်းမျှော်လင့်ရင်း
လွမ်းတတ်လာခဲ့တာ ကြာပါပြီဟာ
ခုလဲငါလွမ်းနေပါတယ် ချစ်သူရာ....
လွမ်းဆုလေး (ခ) ဆုလေးနွယ်
0 comments:
Post a Comment