အိမ်မှာ ကိုယ်တိုင်ပြုလုပ်နိုင်ပြီး စွဲမက်ဖွယ် အနံ့ရှိတဲ့ ခေါင်းလျှော်ရည် ပြုလုပ်နည်းလေးတစ်ခု ပြောပြပါရစေ။
ဖော်ပြထားတဲ့ ပါဝင်ပစ္စည်းတွေကို ရောပြီး ပုလင်း တစ်ခုနဲ့
သိမ်းထားရုံပါပဲ။ အဖုံးပါတဲ့ ပုလင်း သို့မဟုတ် လက်နှိပ်တံ(soap dispenser)
ပါသော ပုလင်းကို အသုံးပြုသင့်ပါတယ်။
ပါဝင်ပစ္စည်းများကတော့-
၁။ ပေါင်းခံရေ
၂။ သံလွင်ဆီပါဝင်တဲ့ ဆပ်ပြာပျော့ (Castile soap) ။ အနံ့မပါတာကို
အသုံးပြုနိုင်ပြီး နှစ်သက်ရာ အနံ့နဲ့လည်းအသုံးပြုနိုင်ပါတယ်။
အရည်ဖြစ်ရပါမယ်။
၃။ Jojoba အဆီ လက်ဖက်ရည်ဇွန်း၂ဇွန်း (မရလျင် သံလွင်ဆီကို အသုံးပြုနိုင်ပါတယ်)
၎။ vanilla အမွှေးဆီ ၁၀စက်
၅။ အုန်းဆီမွှေး ၁၀စက်
ခုဆိုရင်တော့ သင့်ရဲ့ ဆံသားလေးရဲ့ ကျန်းမာရေးအတွက် အထူးကောင်းမွန် ပြီး
သဘာဝပစ္စည်းတွေပါဝင်တဲ့ Home-made စစ်စစ် ခေါင်းလျှော်ရည်လေး ရပြီပေါ့..
ညီမလေးတစ်ယောက်မှာ တွေ့လို့ ပြန်လည်ကူးယူတင်ပြပေးလိုက်တာပါ
အဆင်ပြေပါစေ
ဆုလေးနွယ်
ခေါင်းလျှော်ရည် ပြုလုပ်နည်း
Written By MyanmarChnnel@ on Thursday, October 17, 2013 | 9:11 PM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
0 comments:
Post a Comment