ရင်မှ အလွမ်း တမ်းတမိတိုင်း
ရင်ထဲ သောက များနေတတ်လို့
မျှော်လင့်ချက်တိုင်း
ပြည့်မလိုနဲ့ မပြည့်လာတော့
မမျှော်လင့်ရဲပါဘူး ။
အလွမ်းဆိုတာ
ပြောသလောက်မလွယ်မှန်းသာ သိရင်
ဘယ်သူက လွယ်လွယ်လေး သုံးခဲ့မှာလဲ။
သေလောက်တဲ့ အလွမ်းမဟုတ်ပေမယ့်
လွမ်းလို့သေနိုင်တာတော့
ဘယ်သူများသိလို့လဲ ။
မပြည့်တတ်တဲ့ဆုကို
တဖွဖွတမ်းတနေတဲ့ သူ
ရူးတယ် ပြောလဲ
အလွမ်းဒဏ်ကြောင့် ရူးရတယ်ပဲ
ထားပါတော့ ။
ပြောသလိုသာ
စိတ်ကူးတိုင်းသာ ဖြစ်ခဲ့မယ်ဆို
အလွမ်းဆိုတာ ဘာလဲလို့
ပြန် မေးနိုင်ပေမယ့်
ခုတော့ .......
အလွမ်းရဲ့ ရိုက်ချက်တိုင်းမှာ
မရှုမလှ ငါ ကျရှုံးနေရပါတယ်
ကျရှုံးနေပါတယ် ဟာ ......
ဆုလေးနွယ်
ငါကျရှုံးနေပါတယ်
Written By MyanmarChnnel@ on Monday, October 7, 2013 | 11:06 PM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
0 comments:
Post a Comment