အသည်းမကောင်းဘဲ အလွယ်တကူမောပန်းတတ်သူများ
တစ်နေ့နှစ်ခွက်သောက်သင့်ပါသည်။အသည်းရောဂါရှိသူများ နွားနို့သောက်ရာတွင်
နွားနို့ကျဲကျဲကို ဆော်ဒါပါတဲ့ ဘီစကွပ်မုန်နဲ့ ရောဖျော်ပြီး စားမှသာ
အာဟာရအပြည့်အဝ စုပ်ယူနိုင်မည်ဖြစ်သည်။
နွားနို့ဟာ အစာအိမ်ချွဲမြှေးပေါ်မှာ ထူထဲတဲ့ စီးကြောင်းတစ်ခု
ထပ်ပိုးပေးသလိုဖြစ်စေပြီး အစာအိမ်နဲံ့အူမှာ ရှိတတ်တဲ့ ရောဂါတွေကို
ပျောက်ကင်းတတ်ပါတယ်။
စိတ်ဖိစီးမှုများသူများ အလုပ်ပင်ပန်းသူများ
နွားနို့ကို သောက်သုံးပါက ဦးနှောက်ကျန်းမာဖွံ့ဖြိုးစေသော လက်စီသင်ကို
ရရှိပြီး တစ်နေကုန် ကိုယ်အား ဥာဏ်အားအတွက် များစွာ အကျိုးရှိနိုင်ပါသည်။
တချို့လူတို့ဟာ မနက်စောစောမနက်စာမစားအားလောက်အောင်
ဖြစ်ကြရသည်။ထိုအခါခန္ဓာကိုယ်တွင်း သကြားဓာတ်ကျဆင်းလာကာ ဦးနှောက်အတွက်
အာဟာရပြည့်မီအောင် မဖြည့်စွမ်းနိုင်တော့ပေ။ဤအတိုင်းကြာရှည်လျှင်
ဦးနှောက်နှင့် ခန္ဓာကိုယ်ကျန်းမာရေးထိခိုက်လာစေပါသည်။ထို့ကြောင့်
မနက်အိပ်ယာထ မျက်နှာသစ်ပြီးသည်နှင့် နွားနို့တစ်ခွက်သောက်ခြင်းဖြင့်
အလွန်သင့်လျော်လှပါတယ်။အရည်အသွေးမြင့်မားသော ပရိုတင်းကို ရရှိစေနိုင်ပါတယ်။
(ကျန်းမာရေးဆေးမြီးတိုများမှ ပြန်လည်ကူးယူတင်ပြပါသည်။)
ဆုလေးနွယ်
Home »
ကျန်းမာရေး
» နွားနို့ကို ပိုမိုသောက်သင့်သည့် သူများ
နွားနို့ကို ပိုမိုသောက်သင့်သည့် သူများ
Written By MyanmarChnnel@ on Thursday, October 17, 2013 | 8:41 PM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
Labels:
ကျန်းမာရေး
0 comments:
Post a Comment