အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် စေလွှတ်မည့် အလုပ်သမားများကို ဗီဇာသက်တမ်းနှစ်နှစ် နေထိုင်ခွင့်ရမည့် နိုင်ငံကူးလက်မှတ် ပြောင်းလဲထုတ်ပေး သွားမည်

ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် စေလွှတ်မည့် အလုပ်သမားများကို ဗီဇာသက်တမ်းနှစ်နှစ် နေထိုင်ခွင့်ရမည့် နိုင်ငံကူးလက်မှတ် ပြောင်းလဲထုတ်ပေး သွားမည်

Written By MyanmarChnnel@ on Saturday, October 19, 2013 | 8:14 AM

ထိုင်း-မြန်မာ နှစ်နိုင်ငံ အလုပ်သမားရေးရာ ညှိနှိုင်းဆွေးနွေးပွဲအား အောက်တိုဘာ ၁၂ ရက်က ရန်ကုန်မြို့တွင် ကျင်းပစဉ်
ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် စေလွှတ်မည့် မြန်မာအလုပ်သမားများအား ယခင်နိုင်ငံကူး လက်မှတ်အစား ထိုင်းနိုင်ငံတွင် ဗီဇာသက်တမ်း နှစ်နှစ်နေထိုင်ခွင့်ရမည့် နိုင်ငံကူးလက်မှတ် ပြောင်းလဲထုတ်ပေးရန် ထိုင်း-မြန်မာ နှစ်နိုင်ငံ အလုပ်သမားရေးရာ ညှိနှိုင်းဆွေးနွေးပွဲမှ သဘောတူညီမှု ရရှိခဲ့ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောကြားသည်။
၂၀၁၃ ခုနှစ် အောက်တိုဘာ ၁၂ ရက်က ရန်ကုန်မြို့၊ ကန်တော်ကြီးပဲလေ့စ် ဟိုတယ်တွင် ပြုလုပ်သည့် ထိုင်း-မြန်မာ နှစ်နိုင်ငံ အလုပ်သမားရေးရာ ညှိနှိုင်းဆွေးနွေးပွဲတွင် ဦးမျိုးအောင်က မီဒီယာများအား ယခုလို ပြောကြားခဲ့ခြင်း ဖြစ်သည်။
"MOU စနစ်နဲ့ သွားရောက်လုပ်ကိုင်မယ့် အလုပ်သမားသစ်တွေကို ပတ်စ်ပို့စာအုပ် အနီ ပြောင်းလဲထုတ်ပေးဖို့အတွက် သဘောတူညီမှု ရခဲ့တယ်။ ဒီပတ်စ်ပို့စာအုပ် အနီက ထိုင်းနိုင်ငံမှာ အရင်ဗီဇာ သက်တမ်းတစ်နှစ်ပဲ လုပ်ကိုင်ခွင့် ရှိတယ်။ အခု ပြောင်းလဲထုတ်ပေးမယ့် ပတ်စ်ပို့က ဗီဇာသက်တမ်း နှစ်နှစ်နေထိုင်ခွင့် ရမယ့်အပြင် ဗီဇာကြေး ဘတ် ၅၀၀ ပဲ ကောက်ခံဖို့ သဘောတူညီမှု ရရှိခဲ့တယ်" ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ဆိုသည်။
ထို့ပြင် အဆိုပါ ညှိနှိုင်းပွဲတွင် ပြည်ဝင်ဗီဇာ သက်တမ်းလေးနှစ် ပြည့်ပြီးသည့် မြန်မာအလုပ်သမားများအတွက် လုပ်ငန်းများ လက်တွေ့အကောင်အထည်ဖော်ရေး၊ One stop service Centre များ ဖွင့်လှစ်ရေး၊ ထိုင်းနိုင်ငံ၏ ငါးဖမ်းလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာရေလုပ်သားများအား အထောက်အထား ထုတ်ပေးရေး၊ အလုပ်သမား သစ်များအား စေလွှတ်ရာတွင် နှစ်နိုင်ငံ အသိအမှတ်ပြု တရားဝင် အေဂျင်စီများဖြင့်သာ စေလွှတ်ရေး၊ လက်ရှိထုတ်ပေးနေသည့် ယာယီနိုင်ကူး လက်မှတ်များ ပြောင်းလဲသုံးစွဲရေးတို့ကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ စနစ်ဖြင့် နယ်စပ်မြို့များဖြစ်သော မြ၀တီမြို့၊ တာချီလိတ်နှင့် ကော့သောင်းမြို့များတွင် ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေး ရုံးများကို ဖွင့်လှစ်ခဲ့ပြီး တရားဝင် အေဂျင်စီ ၆၆ ခုဖြင့် အလုပ်သမားများ စေလွှတ်ခဲ့ရာ ၂၀၁၀ ပြည့်နှစ် ဇွန်မှစ၍ ၂၀၁၃ ခုနှစ် စက်တင်ဘာလအထိ မြန်မာအလုပ်သမား ၇၇၈၃၀ ဦးကို ထိုင်းနိုင်ငံသို့ စေလွှတ်ပြီး ဖြစ်သည်။
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၁ ဒသမ ၆ သန်းကျော်အား အထောက်အထားများ ထုတ်ပေးပြီး ဖြစ်သည်ဟု သိရသည်။
(လွမ်းဆောင်း)
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်