အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » တရားဝင် အလုပ်လုပ်ခွင့်လက်မှတ် ကိုင်ဆောင်သည့် ထိုင်းရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ

တရားဝင် အလုပ်လုပ်ခွင့်လက်မှတ် ကိုင်ဆောင်သည့် ထိုင်းရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ

Written By MyanmarChnnel@ on Friday, November 1, 2013 | 7:14 AM

တရားဝင် အလုပ်လုပ်ခွင့်လက်မှတ် ကိုင်ဆောင်သည့် ထိုင်းရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အလုပ်ကြမ်းနှင့် အိမ်ဖော်လုပ်ငန်းများသာ လုပ်ကိုင်ခွင့်ရှိ

ထိုင်းနိုင်ငံတွင် တရားဝင် အလုပ်လုပ်ခွင့်လက်မှတ် ကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမားများအနေဖြင့် အလုပ်ကြမ်းနှင့် အိမ်ဖော်လုပ်ငန်းသာ လုပ်ကိုင်ခွင့်ရှိကြောင်း ထိုင်းနိုင်ငံအခြေစိုက် အလုပ်သမားအခြေပြု အဖွဲ့အစည်း ရွှေ့ပြောင်းအလုပ်သမား ကွန်ရက်၏ ထုတ်ပြန်ချက်အရ သိရသည်။

တရားဝင် အလုပ်လုပ်ခွင့်လက်မှတ် ကိုင်ဆောင်ထားသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် လုပ်ငန်းခွင်တွင် ထိခိုက်ဒဏ်ရာရပါက အလုပ်ရှင်မှ တာဝန် ယူမှုမရှိခြင်း၊ ရွှေ့ပြောင်းအလုပ်သမားများကို ဘေးကင်းလုံခြုံရေး အသိပညာပေးမှု မရှိခြင်း၊ လုပ်ငန်းခွင် ထိခိုက်၍ ဒဏ်ရာရရှိပါက ဒုက္ခိတဖြစ်ခြင်း၊ အလုပ်ထုတ်ခံရခြင်းနှင့် အသက်ဆုံးရှုံးခြင်းတို့ ဖြစ်ပေါ်နေပြီး ထိခိုက်ဒဏ်ရာ ရရှိပါက လျော်ကြေးရရန် ခက်ခဲခြင်း၊ အလုပ်ရှင်ခွင့်ပြုချက် ရှိမှသာလျင် အလုပ်ရွှေ့ပြောင်းခွင့်ရှိခြင်း၊ လုပ်အားခ မရခြင်းတို့ကို ကြုံတွေ့နေရကြောင်း သိရသည်။

''ထိုင်းမှာ တရားဝင်အလုပ်လုပ်ခွင့်လက်မှတ် ကိုင်ဆောင်ထားသူတွေကို ထိုင်း အစိုးရကနေ အလုပ်ကြမ်းလုပ်ငန်းတွေနဲ့ အိမ်ဖော်လုပ်ငန်းတွေကိုပဲ လုပ်ကိုင်ခွင့်ပေးတယ်။ တခြားပညာရှင်ပိုင်းတွေမှာ နေရာမပေးဘူး။ အလုပ်သမားတွေအနေနဲ့ အလုပ်လုပ်ခွင့် လက်မှတ်သက်တမ်းကို တစ်နှစ်တစ်ခါ သက်တမ်းတိုးရတယ်။ အလုပ်လုပ်ခွင့် လက်မှတ်သက်တမ်းတိုးဖို့အတွက် ရက်ပေါင်း ၃၀ အတွင်း ခရိုင်အလုပ်သမား ရှာဖွေရေးရုံးတွေမှာ အလုပ်လုပ်ခွင့်ပြုချက် တောင်းခံလွှာ လျောက်ထားရတယ်။ ခွင့်ပြုချက်ရဖို့ ဘတ် ၁၀၀၀ ကနေ ၁၉၀၀ အထိ ပေးရတယ်''ဟု ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေးကွန်ရက်မှ အကြံပေးအရာရှိ ကိုစိန်ဌေးက ပြောကြားသည်။

ပြည်ပနိုင်ငံများသို့ အိမ်ဖော်အဖြစ် သွားရောက်လုပ်ကိုင်ခွင့်ကို တားမြစ်ထားသော်လည်း ထိုင်းနိုင်ငံတွင် အိမ်ဖော်လုပ်ကိုင်သူ မြန်မာအမျိုးသမီး နှစ်သိန်းမှ သုံးသိန်းအထိရှိကြောင်း၊ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ၁ ဒသမ ၇ သန်းကျော်အား ယာယီနိုင်ငံကူးလက်မှတ်များ ထုတ်ပေးခဲ့ပြီးဖြစ်သော်လည်း၊ အလုပ်သမား ခုနစ်သိန်းခန့်မှာ အထောက်အထား ထုတ်ပေးရန် ကျန်ရှိနေသေးကြောင်းလည်း သိရသည်။

ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်သူ မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် ကျွမ်းကျင်အလုပ်သမားများ မဟုတ်ကြဘဲ အန္တရာယ်ရှိသည့် လုပ်ငန်းခွင်များတွင် အလုပ်လုပ်ကိုင်နေရကြောင်း အလုပ်သမား အခြေပြုအဖွဲ့အစည်းများက 
ထုတ်ပြန်ထားသည်။

မူရင်....
Eleven Media Group
ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး... Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>(လွမ်းဆောင်း)
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်