အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » ထိုင်း​နိုင်​ငံ​မှာ ​အ​စိုး​ရ​ရုံး​တွေ​ကို ​သိမ်း​ပိုက် ​ဆ​န္ဒ​ပြ၊ ​တ​ရား​ဥ​ပေ​ဒ ​လေး​စား​လိုက်​နာ​ဖို့ ၀န်​ကြီး​ချုပ် ​သ​တိ​ပေး

ထိုင်း​နိုင်​ငံ​မှာ ​အ​စိုး​ရ​ရုံး​တွေ​ကို ​သိမ်း​ပိုက် ​ဆ​န္ဒ​ပြ၊ ​တ​ရား​ဥ​ပေ​ဒ ​လေး​စား​လိုက်​နာ​ဖို့ ၀န်​ကြီး​ချုပ် ​သ​တိ​ပေး

Written By MyanmarChnnel@ on Tuesday, November 26, 2013 | 12:25 AM


ထိုင်း​နိုင်​ငံ​မှာ ​အ​စိုး​ရ​ကို ​ဖြုတ်​ချ​ဖို့​အ​တွက် ​အ​ထင်​က​ရ ​အ​စိုး​ရ​ရုံး​တွေ​ကို ​အ​တိုက်​အ​ခံ ​ဆ​န္ဒ​ပြ​သ​မား​တွေ ၀င်​စီး​ထား​ပြီး​နောက် ​ဆ​န္ဒ​ပြ​မှု​တွေ​ကို ​ရပ်​ဆိုင်း​ကြ​ဖို့ ၀န်​ကြီး​ချုပ် ​ယင်း ​လပ်​ရှင်​နာဝပ်​က ​မေ​တ္တာ​ရပ်​ခံ ​ပြော​ကြား​လိုက်​ပါ​တယ်။
လူ​တိုင်း​ဟာ ​တ​ရား​ဥ​ပ​ဒေ​ကို ​လေး​စား​လိုက်​နာ​ရ​မှာ ​ဖြစ်​ပြီး ​တ​ရား​ဥ​ပ​ဒေ​ကို ​လမ်း​လွှဲ​ဖို့ ​လူ​စု​လူဝေး​နဲ့ ​လုပ်​ဆောင်​တာ​မျိုး ​မ​ဖြစ်​သင့်​ဘူး​လို့ ​နိုဝင်​ဘာ ၂၆ ​ရက် ​အ​င်္ဂါ​နေ့ ​မ​နက်​က ​လွှတ်​တော်​ကို ​ရောက်​ရှိ​လာ​တဲ့ ၀န်​ကြီး​ချုပ် ​ယင်း​လပ်​က ​သ​တင်း​ထောက်​တွေ​ကို ​ပြော​ကြား​သွား​တာ ​ဖြစ်​ပါ​တယ်။
လွှတ်​တော်​အ​မတ်​တွေ​ဟာ ​အ​င်္ဂါ​နေ့ ​မ​နက်​ပိုင်း​မှာ​တော့ ​ပြီး​ခဲ့​တဲ့ ​သီ​တင်း​ပတ်​က ​အ​တိုက်​အ​ခံ​ဘက်​က​နေ ​တင်​သွင်း​ထား​တဲ့ ​အ​စိုး​ရ​အ​ပေါ် ​အ​ယုံ​အ​ကြည်​မ​ရှိ​အ​ဆို​နဲ့ ​ပတ်​သက်​ပြီး ​အ​ကြိတ်​အ​နယ် ​ဆွေး​နွေး​မဲ​ခွဲ​ဆုံး​ဖြတ်​ရ​ဖို့ ​ရှိ​နေ​ပါ​တယ်။

အ​စိုး​ရ​ကို ​ဆန့်​ကျင်​တဲ့ ​ဆ​န္ဒ​ပြ​သ​မား​တွေ​ဟာ ​အ​စိုး​ရ​ရုံး ​အ​ဆောက်​အ​ဦ​တွေ​ထဲ​ကို ၀င်​ရောက် ​နေ​ရာ​ယူ​လာ​ကြ​ပြီး ​နောက်​မှာ​တော့ ​လက်​ရှိ ​ဆက်​လက်​ဖြစ်​နေ​တဲ့ ​အ​ကြောင်း​တွေ​ကြောင့် ​ပြည်​တွင်း​လုံ​ခြုံ​ရေး ​အက်​ဥ​ပ​ဒေ (​အိုင်​အက်စ်​အေ ​ကို ​ထုတ်​ပြန် ​ကြေ​ညာ​လိုက်​တဲ့​အ​ကြောင်း ၀န်​ကြီး​ချုပ် ​ယင်း​လပ်​က ​တ​န​င်္လာ​နေ့ ​ည​နေ​ပိုင်း​က ​ရုပ်​မြင်​သံ​ကြား​မိန့်​ခွန်း​မှာ ​ပြော​သွား​ပါ​တယ်။

အ​စိုး​ရ​အုပ်​ချုပ်​ရေး​ကို ​ထိန်း​သိမ်း​ထား​ဖို့​၊ ​အ​စိုး​ရ​ဆက်​သွယ်​ရေး​တွေ ​ဘေး​ကင်း​လုံ​ခြုံ​စေ​ဖို့​၊ ​ပြည်​သူ​တွေ​အ​တွက် ​ဘေး​ကင်း​လုံ​ခြုံ​ရေး​ကို ​ထိန်း​သိမ်း​ထား​နိုင်​ဖို့​နဲ့ ​တ​ရား​ဥ​ပ​ဒေ​စိုး​မိုး​ရေး​ကို ​ထိန်း​သိမ်း​ထား​နိုင်​ဖို့​အ​တွက် ​ဘန်​ကောက်၊ ​နွန်​ထ​ဘူ​ရီ၊ ​စ​မွတ်​ပ​ရာ​ကန်​ရဲ့ ​ဘန်​ဖီ​လီ​မြို​နယ်​နဲ့ ​ပ​ထုံ​ဌာ​နီ​က ​လာ့​ဒ်​လွမ်​က​ယောက်​မြို့​နယ်​တွေ​မှာ ​ပြည်​တွင်း​လုံ​ခြုံ​ရေး ​အက်​ဥ​ပ​ဒေ​ကို ၀န်​ကြီး​ချုပ်​က ​ထုတ်​ပြန် ​ကြေ​ညာ​လိုက်​ပါ​တယ်။

အဲ​ဒီ​ဥ​ပ​ဒေ​အ​ရ ​ဆ​န္ဒ​ပြ​သ​မား​တွေ​ရဲ့ ​လမ်း​ကြောင်း​တွေ​ကို ​ပိတ်​ဆို့​ဖို့ ​အာ​ဏာ​ပိုင်​တွေ​ကို ​လုပ်​ပိုင်​ခွင့်​တွေ ​ထပ်​ဖြည့်​ပေး​ထား​ပြီး ​အာ​ဏာ​ပိုင်​တွေ​ဟာ ​သတ်​မှတ်​ချိန်​အ​တွင်း ​အ​ပြင်​မ​ထွက်​ရ ​အ​မိန့် ​ထုတ်​ထား​ပြီး ​လူ​စု​လူဝေး ​ပြု​လုပ်​ခြင်း​တွေ​ကို ​တား​မြစ်​ထား​ကာ ​ရှာ​ဖွေ​စစ်​ဆေး​မှု​တွေ ​လုပ်​ဆောင်​နိုင်​ပါ​တယ်။

ဘန်​ကောက်​က ​အ​ဓိ​က​လေ​ဆိပ်​ရှိ​ရာ ​နယ်​မြေ​အ​ပါ​အ၀င် ​ပြည်​တွင်း​လုံ​ခြုံ​ရေး ​အက်​ဥ​ပ​ဒေ (​အိုင်​အက်စ်​အေ)​ကို ​ထုတ်​ပြန် ​ကြေ​ညာ​ထား​တဲ့ ​မြို့​တော်​ရဲ့ ​နေ​ရာ​အ​တော်​များ​များ​မှာ ​ရဲ​တပ်​ဖွဲ့​တွေ​ကို ​အင်​အား​ထပ်​ဖြည့် ​နေ​ရာ​ချ​ထား​လိုက်​ပါ​တယ်။

နိုင်​ငံ​ခြား​ရေး​၀န်​ကြီး​ရုံး​၀င်း​ထဲ​မှာ ​တ​န​င်္လာ​နေ့ ​ည​ပိုင်း​က ​ည​လုံး​ပေါက် ၀င်​ရောက် ​နေ​ထိုင်​ခဲ့​ကြ​တဲ့ ​အ​စိုး​ရ ​ဆန့်​ကျင် ​ဆ​န္ဒ​ပြ​သူ​တွေ​က​တော့ ​နိုဝင်​ဘာ ၂၆ ​ရက် ​အ​င်္ဂါ​နေ့​မှာ ​ရုံး​၀င်း​ထဲ​က​နေ ​ထွက်​ခွာ​ပေး​ဖို့ ​သ​ဘော​တူ​ခဲ့​ကြ​ပါ​တယ်။
ဝန်​ကြီး​ရုံး ​အ​ဆင့်​မြင့်​အ​ရာ​ရှိ​တွေ​နဲ့ ​ဆ​န္ဒ​ပြ​ခေါင်း​ဆောင် ​နီ​ထစ်​ထော်န်​လမ်​လွာ​တို့​ရဲ့ ​တွေ့​ဆုံ​ညှိ​နှိုင်း ​သ​ဘော​တူ​ညီ​ချက်​အ​ရ ​ဆ​န္ဒ​ပြ​အ​ဖွဲ့​တွေ​ဟာ ​မ​နက် ၁၀ ​နာ​ရီ ၄၅ ​မိ​နစ်​လောက်​မှာ​တော့ ​နိုင်​ငံ​ခြား​ရေး​၀န်​ကြီး​ဌာ​န​ရုံး​က​နေ ​ထွက်​ခွာ​သွား​ခဲ့​ကြ​ပါ​တယ်။

ဘ​ဏ္ဍာ​ရေး​၀န်​ကြီး​ဌာ​န​ရုံး​မှာ ​စ​ခန်း​ချ​နေ​တဲ့ ​အင်​အား ၂၀၀ ​လောက်​ရှိ​တဲ့ ​ဆ​န္ဒ​ပြ​အ​ဖွဲ့​က​တော့ ၀န်​ကြီး​ချုပ် ​ယင်း​လပ် ​ရာ​ထူး​က​နေ ​ဆင်း​ပေး​ဖို့ ​အ​င်္ဂါ​နေ့​မ​နက်​ပိုင်း​မှာ​လည်း ​ဆက်​လက် ​ဆ​န္ဒ​ပြ​နေ​ကြ​ပါ​တယ်။
ဝန်​ကြီး​ချုပ်​ယင်း​လပ်​ဟာ ၂၀၀၆ ​ခု​နှစ် ​စစ်​အာ​ဏာ​သိမ်း​မှု​နဲ့ ​လာဘ်​စား​မှု​တွေ​ကို ​တ​ရား​ရင်​ဆိုင်​ဖို့ ​ပြည်​ပ​မှာေ​ရှာင်​ပြေး​နေ​တဲ့ ​သူ့​အစ်​ကို ၀န်​ကြီး​ချုပ်​ဟောင်း ​သက်​ဆင်​ရှင်​နာဝပ်​ရဲ့ ​ရုပ်​သေး​ရုပ် ​ဖြစ်​နေ​တယ်​လို့ ​ဆ​န္ဒ​ပြ​သူ​တွေ​က ​စွပ်​စွဲ​နေ​ကြ​တာ ​ဖြစ်​ပါ​တယ်။ ​အ​သက် ၄၆ ​နှစ်​အ​ရွယ်​ရှိ ၀န်​ကြီး​ချုပ် ​ယင်း​လပ်​က​တော့ ​ရာ​ထူး​က​နေ ​ဆင်း​ပေး​မှာ ​မ​ဟုတ်​ဘူး​လို့ ​ပြော ​ထား​ပါ​တယ်။

Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်