အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » ငါ သံသရာလည်နေဆဲပါပဲ

ငါ သံသရာလည်နေဆဲပါပဲ

Written By MyanmarChnnel@ on Tuesday, November 26, 2013 | 6:47 PM



မဖိတ်ခေါ်ပဲလာ မနှင်ပဲပြန်
မပြောပဲ ၀င်တိုက်
နှုတ်မဆက်ပဲ ပြန်သွားပေမယ့်
နင်ပုတ်ခတ်ခဲ့တာ ကျောက်ဆောင်မဟုတ်လေတော့
အလွမ်းများနဲ့ ငါရူးကျန်ခဲ့တယ်။
အမြင်အာရုံမှာ မေ့ဖျောက်မရနိုင်လွန်းလို့
မျက်ဝန်းများ ဇွတ်မှိတ်ထားသော်လဲ
ပျောက်မသွားတဲ့မင်းပုံရိပ်တွေက ထင်ဟပ်နေဆဲ
မင်းမူနေဆဲ။
တမ်းတရတဲ့ဒီနာကျင်မှုတွေက
ငါအသက်သေနိုင်တယ်ဆိုလဲ
မင်းကိုချစ်တဲ့ ဒီ အချစ်တွေက
အဆိပ်သီးထက်တောင် ချိုမြိန်နေလို့
ငါ ကျော့ကွင်းမှန်းသိသိနဲ့ တိုးဝင်နေမိတယ်။
မချစ်ဖူးတဲ့ အချစ် ကြောင့်
ငါ့နှလုံးသားတွေ အမြင်အာရုံတွေမှာ
မျက်မမြင်တစ်ယောက်လို ကန်းနေအောင်
ထားလိုက်ပေမယ့်
ငါ့အာရုံတွေ အသိစိတ်တွေကြောင့်
မင်းရိပ်တွေကြားမှာ တ၀ဲလည်လည်နဲ့
ငါ သံသရာလည်နေဆဲပါပဲ
ချစ်ရသူရယ်... ။


လွမ်းဆုလေး
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်