ကြေကွဲစရာတွေ များနေတဲ့
ငါ့ဘယ်ဘက်ရင်အုံတစ်ခုလုံးက
သွေးတစ်စက်စက်နဲ့ ဒဏ်ရာတွေဟာ
အဟောင်းမကျက်ခင် အသစ်ထပ်လို့
တဆစ်ဆစ်နာကျင်နေအောင်
ငါ့ အနာတွေက ရင်းနေပြီ။
ပျော်ရွှင်စရာတွေနဲ့ဖြေဖျောက်
ငါ အားတင်းပြီး မေ့ထားပေမယ့်
ကြားနေရတဲ့ ဒီ နားတွေကို
ငါ ထိုးကန်းပစ်ချင်တယ်။
မမြင်ရက်လို့ အဝေးဆုံးကိုထွက်ပြေးခဲ့ပေမယ့်
မြင်နေရတဲ့ ဒီပုံရိပ်တွေကြောင့်
ငါ..... သွက်သွက်ခါအောင် ရူးလိုက်ချင်တယ်။
သတိမရချင်လို့
ငါ့ဘယ်ဘက်ရင်အုံတစ်ခုလုံးက
သွေးတစ်စက်စက်နဲ့ ဒဏ်ရာတွေဟာ
အဟောင်းမကျက်ခင် အသစ်ထပ်လို့
တဆစ်ဆစ်နာကျင်နေအောင်
ငါ့ အနာတွေက ရင်းနေပြီ။
ပျော်ရွှင်စရာတွေနဲ့ဖြေဖျောက်
ငါ အားတင်းပြီး မေ့ထားပေမယ့်
ကြားနေရတဲ့ ဒီ နားတွေကို
ငါ ထိုးကန်းပစ်ချင်တယ်။
မမြင်ရက်လို့ အဝေးဆုံးကိုထွက်ပြေးခဲ့ပေမယ့်
မြင်နေရတဲ့ ဒီပုံရိပ်တွေကြောင့်
ငါ..... သွက်သွက်ခါအောင် ရူးလိုက်ချင်တယ်။
သတိမရချင်လို့
ငါဖုံးကွယ်ထားပေမယ့်
အမှတ်သည်းခြေကောင်းတဲ့ ဒီအတွေးတွေက
ငါ့ကို တမ်းတစေတယ်။
နာကျင်ရလွန်းလို့
ငါခွန်အားတွေ ကုန်လုလုကြောင့်
ငါနေရာမှာ လဲကျနေခဲ့တယ်
0 comments:
Post a Comment