အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » , » အန္တရာယ်ရှိသောအစားအစာ ဆယ်မျိုး

အန္တရာယ်ရှိသောအစားအစာ ဆယ်မျိုး

Written By MyanmarChnnel@ on Wednesday, December 18, 2013 | 9:49 PM

မြေပဲ(သို့) မြေပဲမှုန့် ၊ ပဲသိးအမျိုးမျိုး ၊ ကြီးမားသောပင်လယ်ငါးအမျိုးမျိုး ၊ Bubble Tea ၊ ငါးသေးသေး အမျိုးမျိုး ၊ Salad ။ ဝက်ကျောက်ကပ် ၊ ပုဇွန် ၊ ပြည်ကြီးငါး ၊ ကော်ဖီမှုန့်တို့ဖြစ်ပါတယ် ။

❉ မြေပဲတွင်Aflatoxin ဆိုတဲ့အဆိပ်က သာမန်တွေ့ရှိရတဲ့ဒြပ်ဖြစ်ပါတယ် ။ အဲဒီအဆိပ်က အသည်းကင်ဆာကိုဖြစ်စေတဲ့အဆိပ်ပြင်းတစ်မျိုးဖြစ်တယ် ။ မြေပဲ ၊ မြေပဲယို စားသုံးရာတွင်လည်းအထုးသတိပြုသင့်ပါတယ် ။

❉ ပဲသီးအမျိုးမျိုး ကို အဆက်မပြတ် ဆွတ်ခုးနိင်တာမို့ ပိုးသတ်ဆေးများ လွန်ကဲစွာ ပဲသီးများတွင် ကျန်ရှိနေနိင်ပါတယ် ။ဒါကြောင့်မို့ပဲသီးရဲ့အပြင်ဖက်ကို သေချာ ပွတ်သပ်ဆေးကြောပါ ။ Soda (စား ဆော်ဒါ ကိုရေနှင့်ဖျော်ပြီး ) ရေထဲမှာ ၅မိနစ် စိမ်ထားပါ ။ ရေနိင်နိင်ဆေးခြင်းဖြင့်ပိုးသတ်ဆေးများကိုဖယ်ရှားနိင်ပါတယ် ။

❉ Bubble Tea (Pearl milk tea ) ထဲမှာပါတဲ့ လဖက်ခြောက်ထဲမှာ ပိုးသတ်ဆေးများပါဝင်နိင်တယ် ။ Pearl ကို မပုတ်သိုး မပျက်အောင် ဆေးများထည့်ထားတတ်ပါတယ် ။ ရေခဲတွင် ဗက်တီးရီးယားပိုးများရှိနေတတ်ပြီး လွန်ကဲသောသကြားများပါဝင်တယ် ။ Pearl လုံးတွေကို ကြွပ်တဲ့အရသာရှိအောင် ဆေးများထည့်ထားတာမို့ " ဓာတု ပာင်းရည် " နဲ့ တုတယ် ။

❉ကြီးမားသောပင်လယ်ငါးများ (swordfish, tuna, sharks....etc) တွင် မာကူရီ ဒြပ် ( Mercury ) ပါတာမို့ သတိထားစားသုံးသင့်ပါတယ် ။

❉ငါးအသေးအမျိုးမျိုး (အထုးသဖြင့်) ငါးခြောက်များတွင်လွန်ကဲသောဆားဒြပ်နဲ့ အရောင်းလှဖို့ ချွတ်ဆေးများ ၊ အရောင်တင်ဆိုးဆေး များကို သုံးတတ်တာမို့သတိထားသင့်ပါတယ် ။

❉ salad ထဲမှာပါဝင်သောပာင်းသီးပာင်းရွှက်များတွင် Parasites(ကပ်ပါးကောင်) ၊ ပိုးသတ်ဆေး များကျန်ရစ်နေတတ်တာမို့ အစိမ်းစားတာထက် အကျက်စားတာက ပိုသင့်တော်ပါတယ် ။

❉ စားကြွင်းစားကျန်များကို စားသောဝက်များက အလွယ်တကူ ကျောက်ကပ်ရောဂါများဖြစ်တတ်တယ် ။

❉ ပုဇွန် ကို ကြွပ်စေဖို့ Borax ( လက်ချား) ဖြင့်စိမ်ထားတာမို့ (မပုတ်သိုးစေတဲ့စွမ်းအားရှိတယ် ။) ကျောက်ကပ်ကိုထိခိုက်နိင်ပါတယ် ။

❉ ပြည်ကြီးငါး ကို မပုတ်သိုး မပျက်အောင် ဆေးစိမ်ထားတတ်မို့ ကျန်းမာရေးကိုထိခိုက်နိင်ပါတယ် ။

❉ မှိုတက်နေသောကော်ဖီစေ့မှာ Ochratoxin ဆိုတဲ့ဒြပ်က အဆိပ်ဖြစ်တာမို့ကော်ဖီမှုန့်ကြိတ်သောက်မိလျှင် ကျောက်ကပ်ကိုထိခိုက်စေနိင်ပါတယ် ။ ဒါကြောင့်မို့လတ်ဆတ်သောကော်ဖီမှုန့်ကို ဖျော်သောက်သင့်ပါတယ် ။။။။။

ချစ်ခင်လေးစားရသောသူငယ်ချင်းတို့ ~~~

ခေတ်နဲ့အညီ အစားအသောက်တွေကလည်း စားချင်စဖွယ် ၊ စားကောင်းအောင် ချက်ပြုတ်နည်းကလည်းစုံ ။ သဘာဝမပာုတ်သော ပာင်းခတ်အမွေးအကြိုင်များကိုထည့်သုံးတာလည်း ကျင့်သားဖြစ်နေပြီ ။ အငန် အဆီအစိမ့်အချို နည်းနည်းလျှော့လိုက်တာနဲ့ အရသာမရှိတော့ဘုး ၊ စားမကောင်းဘုးဆိုပြီး စိတ်အလိုလိုက်မိတော့ ကျန်းမာရေးကို ထိခိုက်မယ်ဆိုတာ မတွေးမိတော့ဘုး ။ နေထိုင်စားသုံး အလေ့အထ တွေ ခေတ်မှီလာတာနဲ့အမျှ ရောဂါ တွေပေါင်းစုံ ပေါ်ထွက်လာတာကိုတွေ့ရတယ် ။ ရောဂါထဲမှာ အမြဲ ပထမက ကင်ဆာ ပါပဲ ။ လုလတ်ပိုင်းအရွှယ် ဖြစ်တတ်တာက သွေးတိုး နဲ့ဆီချို  ==> အခြေအနေဆိုးလျှင် ကျောက်ကပ်ဆေး ရတဲ့ ဝေဒနာရှင်တွေများလာတာကိုတွေ့ရတယ် ။ သွေးတိုးနဲ့ဆီချိုက မျိုးရိုး အလိုက် ဖြစ်နိင်သလို အနေအထိုင် အစားအသောက် နဲ့လည်း ဆိုင်ပါတယ် ။ ဘဝမှာကျန်းမာရေးကအရေးကြီးတာမို့ဂရုစိုက်ပါ ။ သူငယ်ချင်းများအားလုံးကျန်းမာပါစေ ~~~

Jin Li Chao


(ကျန်းမာရေးစာတိုများ စုစည်းထားမှုမှ ပြန်လည်ကူးယူမျှဝေပါသည်။)

Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်