ငါ နဲ့ဝေးတဲ့ချိန်မှ ငါ့တန်ဖိုးကို
နင် နားလည်လာမှာပါ ။
ငါ နဲ့မတွေ့တော့ချိန်မှ ငါ့ စကားသံတွေ
နင်ပြန်ကြားနေမှာပါ။
ငါ့ ကို မတွေ့ရချိန်မှ ငါ့ကို တမ်းတရတဲ့အဖြစ်တွေ
နင်သိလာမှာပါ။
ငါ ထွက်ခွာသွားချိန်မှ တားမြစ်ချင်တဲ့စိတ်
နင် လိုချင်လာမှာပါ။
ငါ မလာတော့မှ ငါ့ကို မျှော်လင့်ရတဲ့ခံစားမှုကို
နင် ကိုယ်ချင်းစာလာမှာပါ။
ငါ အဝေးကိုထွက်သွားမှ ငိုကြွေးရတဲ့ နာကျင်မှုတွေ
နင် တွေ့လာမှာပါ။
ငါ ပြန်မလာတော့မှ အထီးကျန်ခြင်းရဲ့ ရိုက်ခတ်မှုကို
နင် ကြောက်တတ်လာမှာပါ။
ငါသေဆုံးသွားမှ ငါ့အတွက် နောင်တနဲ့
နင်ကျန်ရစ်ရမှာပါ။
လွမ်းဆုလေး

0 comments:
Post a Comment