အားရကျေနပ်အောင် ကစားပြီးမှ
ဆောရီးပါ တောင်းပန်ပါတယ် ပြောရလောက်အောင်
ငါ့နှလုံးသားက ဈေးအပေါဆုံး အရာလဲမဟုတ်ဘူး
ချစ်တယ် ချစ်တယ် လို့ အကြိမ်ကြိမ်အော်ပြီးမှ
စိတ်မကောင်းပါဘူးလို့ ပြောရအောင်လဲ
ငါ့အချစ်က ဈေးထဲက ဟင်းသီးဟင်းရွက်မဟုတ်ဘူး
ခွဲမသွားပါနဲ့ မလွမ်းရဲဘူး အခါခါပြောပြီးမှ
နှုတ်ဆက်ပါတယ် လက်ပြနေရလောက်အောင်
ငါက အရုပ်တစ်ရုပ်လဲမဟုတ်ဘူး
ဆော့ချင်သလိုဆော့ပြီး ငါ့နှလုံးသားအနာတရဖြစ်မှ
ပျော်သလိုနေရစ်ပါတော့ ပြောပြီး လမ်းခွဲရလောက်အောင်
ငါ့နှလုံးသားက သစ်တုံးမဟုတ်ဘူး
နင် ထားရာနေ နင်စေရာသွား နေခဲ့တဲ့ငါက
အရုပ်တစ်ရုပ်မဟုတ်ဘူး ဆိုတာ နင် သတိရစမ်းပါ
အရာရာမှာ နင်စိတ်တိုင်းကျ ခြယ်လှယ်ခွင့်ရနေတိုင်း
သိပ်ပျော်မနေနဲ့ ...
ဝဋ်ဆိုတာ လည်တတ်တယ် ။
လွမ်းဆုလေး

0 comments:
Post a Comment