ဖမ်းဆုပ်လို့မရတဲ့ အရာတွေထဲမှာ
အချစ် လဲ ပါတယ် ဆိုတာကို ငါမေ့နေခဲ့တယ်
စမ်းသပ်လို့မရတဲ့ ဒီ အလွမ်းတွေက
တိုင်းတာမှုပျောက်နေတဲ့ ခံစားမှု အပူရှိန်အောက်မှာ
တငွေ့ငွေ့နဲ့ လောင်ကျွမ်းနေခဲ့တယ်။
တမ်းတမှုတွေရဲ့ အေးစက်ခြင်းဒဏ်က
ဘာနဲ့မျှ မနွေးနိုင်အောင်ကို ဖြစ်နေခဲ့တယ်
နှလုံးသား ငယ်လေးက
ဒီလို ဆုပ်ကိုင်မရတာတွေကိုလဲ
သေလောက်အောင် တွယ်တာ တတ်တယ်ဆိုတာ
ခုမှ နားလည်ခဲ့တယ်။
လွမ်းဆုလေး
အချစ် လဲ ပါတယ် ဆိုတာကို ငါမေ့နေခဲ့တယ်
စမ်းသပ်လို့မရတဲ့ ဒီ အလွမ်းတွေက
တိုင်းတာမှုပျောက်နေတဲ့ ခံစားမှု အပူရှိန်အောက်မှာ
တငွေ့ငွေ့နဲ့ လောင်ကျွမ်းနေခဲ့တယ်။
တမ်းတမှုတွေရဲ့ အေးစက်ခြင်းဒဏ်က
ဘာနဲ့မျှ မနွေးနိုင်အောင်ကို ဖြစ်နေခဲ့တယ်
နှလုံးသား ငယ်လေးက
ဒီလို ဆုပ်ကိုင်မရတာတွေကိုလဲ
သေလောက်အောင် တွယ်တာ တတ်တယ်ဆိုတာ
ခုမှ နားလည်ခဲ့တယ်။
လွမ်းဆုလေး
0 comments:
Post a Comment