အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » , » နားအူနေလျှင်

နားအူနေလျှင်

Written By MyanmarChnnel@ on Tuesday, December 10, 2013 | 7:00 PM

နားအူတာ သက်သာအောင် အောက်ပါတို့ကို ပြုလုပ်ပေးပါ။
၁။ ပန်ကာဖွင့်ထားပါ နားအူတာဟာ ယာယီသာဖြစ်တတ်ပြီး ရက်အနည်းငယ်မှ တစ်ပတ်အ တွင်းမှာ ပျောက်ကင်းတတ်ပါတယ်။ ပျောက်ကင်းဖို့ စောင့်ဆိုင်းနေစဉ် အတွင်းမှာဆူညံသံတွေရအောင် ပန်ကာဖွင့် ထားပေးပါ။ နောက်ခံအသံတွေကြောင့် နားအူတာသက်သာနိုင်ပါတယ်လို့ တက္ကဆတ် တက္ကသိုလ်မှ နား၊ နှာခေါင်း လည် ချောင်းဆိုင်ရာ ဆရာဝန်က ဆိုပါတယ်။

 
၂။ အငန်စာများ လျှော့စားပါ ဆိုဒီယမ် (ဆား) ဟာ အတွင်းနား အတွင်းဖိအားကို မြင့်တက်စေတာကြောင့် နားအူတာကို ပိုဆိုးစေနိုင်ပါတယ်။
 
၃။ ဓာတ်မတည့်မှုပျောက်ဆေး (Antihistamine) သောက်ပါ။ ဓာတ်မတည့်မှုကြောင့်
နှာခေါင်းတွင်းရောင်ရမ်းကာ နှာရည်တွေပြည့်နှက်နေတတ်ပြီး အဲဒီနှစ်မျိုးစလုံးဟာ နားအူတာ ကို  ဖြစ်စေနိုင်တာကြောင့် ဓာတ်မတည့်မှု ပျောက်ဆေးကို သောက်ပါ။
 
၎။ ကော်ဖီနှင့်အရက်ရှောင်ပါ ကော်ဖီနဲ့ အရက်ဟာ အတွင်းနားမှ အရည်တွေကို ပိုမိုများပြားစေတာကြောင့် နားအူတာကို လှုံ့ဆော်နိုင်ပါတယ်။
 
၅။ သင် သောက်ရတဲ့ ဆေးဝါးကြောင့် နားအူတာ ဖြစ်နေပါသလား။ အောက်ပါဆေးဝါးတွေဟာ နားအူ တာဖြစ်စေနိုင်တဲ့အတွက် အဲဒီဆေးဝါးတွေ သောက်ပြီး နားအူရင် ဆရာဝန်နဲ့ တိုင် ပင်ပါ။
 
- အက်စပရင်
- အက်စပရင်ကို ရေ ရှည်အသုံးပြုရင် အကြားအာရုံ ဆုံးရှုံးနိုင်ပါတယ်။ အကြားအာရုံဆုံးရှုံးမှုရဲ့
  အစဦး ဆုံး လက္ခဏာဟာ နားအူတာပါ။
- အိုင်ဗျူပရိုဖင်နှင့် တာလီနော
- ဒီဆေး တွေကို ပုံမှန်အသုံးပြုရင် နားအူတာနဲ့ ဆက်စပ်မှုရှိပါတယ်။
- ဘန်ဆိုဒိုင်ယာဇီပင်း
-စိတ်ကျရောဂါပျောက်ဆေးနဲ့ စိုးရိမ်စိတ်ပျောက်ဆေးလိုမျိုး ဘန်ဆိုဒိုင်ယာဇီပင်း အုပ်စုဝင်ဆေး ဝါးတွေဟာ နားအူတာကို ဖြစ်စေတတ်ပါတယ်။  

ဒေါက်တာခင်မိုးမိုး
(ကျန်းမာရေးစာတိုများ စုစည်းထားမှုမှ ပြန်လည်ကူးယူမျှဝေပါသည်။) 

Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်