အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » ပံုရိပ္တစ္ခု

ပံုရိပ္တစ္ခု

Written By MyanmarChnnel@ on Saturday, January 11, 2014 | 8:19 PM



ငိုနေတဲ့ နှလုံးသားက
ငါ့ရင်ထဲတစ်နေရာမှာမို့များ
မမြင်ခဲ့လေရော့သလား ....

နာကျင်စွာအော်ဟစ်နေတဲ့
ရင်ခွင် အခန်းငယ်ထဲက
ခံစားမှုတွေကို မကြားရလို့များ
လျစ်လျူရှုခဲ့လေသလား.....

မွန်းကျပ်စွာ ဆို့နင့်နေတဲ့
ကြေကွဲမှုတွေကို ထုတ်မပြခဲ့လို့
စိတ်ချင်းညီစွာ မတိုက်ကြည့်ခဲ့လေသလား ...

ငါ့ဘ၀ ငါ့ပုံရိပ် ငါ့အသက်တွေက
မင်း အနားမှာထပ်တူရှိနေခဲ့ပေမယ့်
ငါ နာကျင်ချိန်တိုင်း မင်းမသိခဲ့ဘူး ....
ငါ ငိုကြွေးချိန်တိုင်း မင်း မကြားခဲ့ဘူး ...
ငါ တမ်းတချိန်တိုင်း မင်း မရှိခဲ့ဘူး နော် .....

ငါတို့နှစ်ယောက် တစ်စိတ်ထဲနဲ့
နှစ်ယောက်ပေါင်းမှ အသဲတစ်ခုဖြစ်ခဲ့တာပါ
မင်းတစ်ဝက် ငါ တစ်ဝက်ပိုင်တဲ့
ဒီအသဲပေါ်မှာ မင်း ကိုယ်တိုင်မဟုတ်ပဲ
ပုံရိပ်တစ်ခုသာ ထားခဲ့လေသလား ချစ်သူရယ် .....

မင်း နဲ့ ငါ က
နှလုံးသားတစ်ခုကို တစ်ခြမ်းစီ ပိုင်ပြီး
ဆက်ထားကြတဲ့ ချစ်သူတွေပါ
မင်း ဘက်က ဘယ်လိုပဲဖြစ်ဖြစ်

ငါ....

ငါပိုင်တဲ့နှလုံးသားတစ်ခြမ်းမှာတော့
ငါ့အလွမ်း ငါ့အချစ်တွေနဲ့ အတူ
ငါ့အသက်တွေပါ ပုံချထားပါတယ် ....

လွမ်းဆုလေး
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်