သူ ...
အချစ်တစ်ခုကို ကျွန်မအတွက်ပေးခဲ့သည်။
ထိုအချစ်ထဲမှာ အလွမ်း အဆွေး တမ်းတခြင်း
နာကျင်ခြင်း မျှော်လင့်ခြင်းနဲ့ ကြေကွဲမှုတွေက
အချိုးဆညီမျှစွာ ပါဝင်နေခဲ့မှန်း ကျွန်မ မသိခဲ့ပါ။
ငိုကြွေးခြင်းတစ်ခု ပိုင်ဆိုင်လိုက်ရတဲ့အခါမှာ
အချစ်ဆိုတာ ငိုစေနိုင်သလားလို့ တွေးခဲ့မိသလို
ပျော်ရွှင်ရတဲ့အခါ လဲ အချစ်ဆိုတာ ပျော်စေနိုင်သလားလို့
တွေးခဲ့ဖူးတယ်။
မျှော်လင့်ရတာများလာတဲ့အခါ အချစ်ဆိုတာ
မျှော်လင့်တတ်ရတာပဲလို့ မြင်လာမိတယ်။
တမ်းတရတာများတဲ့အခါ အချစ်ဆိုတာ
တမ်းတခြင်းလဲ ပါတာပဲလို့ ထင်လာခဲ့မိတယ်။
အချိန်နာရီများစွာ
သူနဲ့ အချစ်ကြားမှာ နေရချိန်တွေ
ကြာခဲ့လေမှ အချစ်ဆိုတာ
လွယ်မယောင်နဲ့ ခက်တယ်ဆိုတာ
နားလည်ခဲ့တယ် ။
လွမ်းဆုလေး

0 comments:
Post a Comment