အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » သူ့ဆီမှာ.............

သူ့ဆီမှာ.............

Written By MyanmarChnnel@ on Saturday, January 11, 2014 | 8:11 PM


သူ ... ကျွန်မ ဘ၀ထဲ ၀င်ရောက်ခဲ့ပုံက
သိပ်ကိုညင်သာလွန်းတယ်...

စစ်မကြေညာပဲ နှလုံးသားတစ်ခုလုံး
သိမ်းပိုက်လိုက်ပုံကလဲ
သိပ်ကိုလှပလွန်းတယ်...

နန်းကျခဲ့သူတစ်ယောက်ကို
အပါးတော်ထား လိုရာစေတတ်တဲ့
သူတစ်ယောက်ဖြစ်အောင်
သိမ်းသွင်းလိုက်ပုံကလဲ သိပ်ကို နူးညံ့လွန်းတယ် ..

မျှော်လင့်ချက်တစ်ပုံကြီးနဲ့
အပြစ်မဲ့ နှလုံးသားငယ်လေးကို
ကျောခိုင်းစွန့်ပစ်ပုံလဲ သိပ်ကိုသေသပ်လွန်းတယ် ...

ရှုံးပွဲချငိုကြွေးနေတဲ့ လူကို
အားပေးနှစ်သိမ့်ပုံကလဲ
အပြစ်မဲ့လွန်းတယ် ...

ဒီလိုပြုစုတတ်တဲ့
သူ ...... သူ .....
သူ့ဆီမှာ
ဘာလို့များ ရက်စက်တတ်တဲ့နှလုံးသား
ရှိနေခဲ့ရတာလဲ ...

လွမ်းဆုလေး
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်