အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » "ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ အကြောင်း"

"ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ အကြောင်း"

Written By MyanmarChnnel@ on Friday, January 31, 2014 | 6:02 PM

“ဗုဒ္ဓ”သည်ပါဠိစကားဖြစ်၍ မြန်မာစကားဖြင့် “ဘုရား”ဟုခေါ်သည်။ရိုသေလေးနက်သော မြန်မာ့ယဉ်ကျေးမှုစကားနှင့် “မြတ်စွာဘုရား”ဟူ၍လည်းကောင်း၊ “ရှင်တော်မြတ်ဘုရား”ဟူ၍လည်းကောင်း၊ “မြတ်ဗုဒ္ဓ”ဟူ၍လည်းကောင်းခေါ်ဆိုကြ၏။

“မြတ်ဗုဒ္ဓ”ဟောကြားဆုံးမတော်မူသော ဆုံးမသြဝါဒစကားတော်များသည် “တရားတော်”များပင်ဖြစ်၏။ “ဗုဒ္ဓဘာသာ”ဟူသည်ပါဠိစကားဖြစ်၍ ဗုဒ္ဓ-ဘုရား၊ဘာသာ-စကား ဖြစ်လေရာ ၊ ဗုဒ္ဓဘာသာသည် “မြတ်စွာဘုရား”၏ ဆုံးမစကားတော်ဟု အဓိပ္ပါယ်ရပါသည်။လူ၊ နတ်၊ ဗြဟ္မာဟုခေါ်သော (သတ္တဝါ) တို့အား သံသရာဝဋ်ဆင်းရဲဒုက္ခတွင်းမှ လွတ်မြောက်နိုင် ကြရန် “မြတ်စွာဘုရား”ဆိုဆုံးမတော်မူသော စကားတော်များကိုရိုသေစွာ လိုက်နာ ကျင့်သုံးကြသူတို့သည် “ဗုဒ္ဓဘာသာဝင်” များပင်ဖြစ်ကြပါသည်။

“မြတ်ဗုဒ္ဓ”သည် လူ၊ နတ်၊ ဗြဟ္မာ၊(သတ္တဝါ) အပေါင်းတို့အား သံသရာဝဋ်ဆင်းရဲခြင်း ဒုက္ခအပေါင်းတို့မှ လွတ်မြောက်ရာဖြစ်သော “နိဗ္ဗာန်”ချမ်းသာကြီးကို ရစေကြရအောင် ဟောကြားဆုံးမညွှန်ပြပေးတော်မူပါပေ သည်။ လူသတ္တဝါတို့အားဘေးရန်အပေါင်းတို့မှ လွတ်ကင်းစေကြရအောင် ညွှန်ပြပေးတော်မူ ပါပေသည်။လူသတ္တဝါတို့အား စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ချမ်းသာခြ င်းတို့ကိုလည်းရစေကြရအောင် ဟောကြားဆုံးမပေးတော်မူခဲ့ပါသည်။

မြတ်ဗုဒ္ဓသည် လူသတ္တဝါတို့အားမိမိကိုယ်နှင့်မ ခြား ရင်မှပေါက်ဖွားသောသားကဲ့သို့ ဆင်းရဲတာရှည်သောလမ်းမှ ဆင်းရဲကင်းသောလမ်းသို့ညွှန်ပြပေးခြင်း၊ ချမ်းသာနည်းရာမှချမ်းသာများရာသို့ညွှန်ပြပေးခြင်း၊ ကောင်းသော စကားကိုဆိုခြင်း၊ မယဉ်ကျေးသူတို့အားယဉ်ကျေးအောင်ဆုံးမပေးတော်မူခြင်း၊ ကြမ်းကြုတ်သူတို့အား သိမ်မွေ့ နူးညံ့အောင် ပြုပြင်ပေးတော်မူခြင်း၊ ကိုယ်ချင်းမစာနာတတ်သူတို့အား ကိုယ်ချင်းစာနာတတ်အောင် ပြုစေခြင်း စသည့်တို့ကို ညွှန်ကြားဆုံးမပေးတော်မူပါသည်။ ညွှန်ကြားဆုံးမပေးတော်မူရာ၌လည်း (ကိုယ်)ဖြင့်ပြုပြင်ရန် တရား၊(နှုတ်)ဖြင့်ပြု ပြင်ရန်တရား၊(စိတ်)ဖြင့်ပြုပြင်ရန်တရားဟူ၍ (ကိုယ်၊နှုတ်၊စိတ်၊)သုံးပါးလုံးယဉ်ကျေး သိမ်မွေ့ကြစေရအောင် ဟောကြားဆုံးမပေး တော်မူပါပေသည်။

ဗုဒ္ဓဘာသာ၌မြတ်ဗုဒ္ဓအား “ဘုရားရတနာ”ဟူ၍ ခေါ်ဆိုပြီးမြတ်ဗုဒ္ဓဟောကြားခဲ့သော “စကား”တော်များမှာ လည်း မွန်မြတ်လွန်းလှ သောကြောင့်၊မြတ်ဗုဒ္ဓ၏စကားတော်များကို စာပေအဖြစ် အက္ခရာတင်ကြရာ၌ အက္ခရာ အားဖြင့်(ဓမ္မခန္ဓာ)ဟုခေါ်ဆိုသော တရားစာလုံးပေါင်းရှစ်သောင်းလေးထောင်ရှိပြီး (ပိဋကတ်)အနေဖြင့် ပိဋကတ်သုံးပုံရှိသော တရားများကို “တရားရတနာ” ဟုခေါ်ဆိုကြပါသည်။မြတ်ဗုဒ္ဓကဲ့သို့ ရဟန်းပြုပြီး မြတ်ဗုဒ္ဓ နေထိုင်တော်မူသလ ဝိနည်းတော်စည်းကမ်းများနှင့်အညီ နေထိုင်ကြသော ရဟန်းတော်များသည်တရား အားထုတ်ကြရာ၌ (ရဟန္တာ)အဖြစ်ကို ရရှိပြီးကြသော ရဟန်းတော်များနှင့် (ရဟန္တာ)မဖြစ်ကြရသေးသော (ရဟန်း)တို့သည်လည်း မြတ်ဗုဒ္ဓဆိုဆုံး မသည့်အတိုင်း(ဝိနည်း)တော်စည်းကမ်းများနှင့်အညီ တသွေမသိမ်း လိုက်နာကျင့်ကြံ နေထိုင်ကြသူများဖြစ်ကြပါသဖြင့် အလွန်မွန်မြတ်လှကြသောကြောင့် မြတ်ဗုဒ္ဓ၏ ရဟန်းတော်များအား“သံဃာရတနာ” ဟူ၍ ဗုဒ္ဓဘာသာတွင် ကိုးကွယ်ရာ “ရတနာမြတ်သုံးပါး” ဟူ၍ရှိပါသည်။

(ရတနာမြတ်သုံးပါး)ကို သဒ္ဓါ၊ပညာဦးစီးပြီး ကန်တော့ခြင်း၊မှီခိုအားထားခြင်း၊ ကိုးကွယ်ဆည်းကပ်ခြင်းကို “သရဏဂုံသုံးပါး” ကို ဦးထိပ်ထားသည် (သရဏဂုံ) တည်သည်ဟူ၍ ခေါ်ဆိုနိုင်ပါသည်။ (မြတ်ဗုဒ္ဓ)အား ကိုးကွယ်ဆည်းကပ်ပါ၏။ (တရားတော်)ကို ကိုးကွယ်ဆည်းကပ်ပါ၏။ (သံဃာတော်)ကို ကိုးကွယ်ဆည်းကပ် ပါ၏ဟု ပြောဆိုလိုပါလျှင် ပါဠိလိုဘာသာဖြင့်“ဗုဒ္ဓံ သရဏံဂစ္ဆာမိ၊ ဓမ္မံ သရဏံဂစ္ဆာမိ၊သံဃံ သရဏံဂစ္ဆာမိ” ဟူ၍ပါဠိလိုရွတ်ဆိုရပါသည်။ ဘုန်းတော်(၆)ပါးနှင့်ပြည့်စုံတော်မူသော (မြတ်ဗုဒ္ဓ)အားရှိခိုးပါ၏ဟု ရွတ်ဆိုလိုပါလျှင် “နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” ဟူ၍ရွတ်ဆိုရပါသည်။

စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိ တ်ချမ်းသာပြီးလိုရာဆန္ဒများတစ် လုံးတစ်ဝတည်းပြည့်စုံကြပါစေ။ အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

                                                                                 
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်