ရေးဖြစ်ပါတော့တယ်၊ ဆော့ဝဲလ်ကတော့ရှိပြီးသားဖြစ်မှာပါ။ မရှိသေးဘူးဆို ဒီမှာ ဒေါင်းယူလိုက်ပါ။ ကဗျာအသုံးပြုမှာက
photoshopCS6ပါ ကျန်တဲ့ CS5တို့ CS2တို့နဲ့လည်းသုံးလို့ရပါတယ်။ မဆိုသလောက်လေးပဲ ကွာမယ်ထင်ပါတယ်။
ကဲစပါမယ် photoshopဆော့ဝဲလ်ကို ဖွင့်လိုက်ပါ။ File ကနေ Openကိုနှိပ်ပြီး မိမိကြိုက်နှစ်သက်ရာပုံတစ်ပုံဖွင့်လိုက်ပါ။

ပြီးရင် မျှားထိုးပြထားတဲ့ Tool လေးကိုနှိပ်လိုက်ပါ။

မိမိဖြတ်လိုတဲ့ပုံရဲ့ အစွန်းထောင့်လေးကနေစပြီး တစ်ချက်နှိပ်လိုက်ပါ၊ (စတဲ့နေရာကိုမှတ်ထားရပါမယ်)
ပြီးရင်မိမိဖြတ်လိုတဲ့ပုံရဲ့ ဘေးနားလေးတွေကို တစ်ချက်ချင်းစိနှိပ်သွားပါ။ အဲအတိုင်းနှိပ်သွားရင်းကနေ
စထားတဲ့နေရာကို ပြန်ရောက်တဲ့ထိသွားပါ။ စထားတဲ့နေရာကိုရောက်ရင်အစက်ကလေးပေါ်လာပါလိမ့်မယ်၊
အားလုံးပြီးသွားရင်ပုံပါအတိုင်းအစက်ကလေးတွေသွားနေတာမြင်ရပါလိမ့်မယ် ဟီး

ပြီးရင် Select ကိုနှိပ်ပြီးအဲထဲကနေမှ Inverse ဆိုတာလေးရှာပြီးနှိပ်လိုက်ပါ။

ပုံဖြတ်ဖို့တွက်အောက်ပါပုံအတိုင်း background eraser tool ကိုအသုံးပြုပါမယ်၊

မိမိဖြတ်ချင်တဲ့ background နေရာလွတ်ပေါ်မှာ တစ်ချက်ထောက်လိုက်ပါ၊

ပြီးရင် keyboard က delete key ကိုနှိပ်လိုက်ပါ background ဖယ်ပြီးသားလေးဖြစ်နေပါလိမ့်မယ်၊

အစောပိုင်းကသုံးထားတဲ့ tool လေးကိုပြန်နှိပ်လိုက်ပါ။

ပုံပေါ်ကိုသွားပြီး right click နှိပ် အပေါ်ဆုံးမှာရှိတဲ့ deselect ကိုနှိပ်လိုက်ပါ။

ရပါပြီ။ saveဖို့ပဲလိုပါတော့မယ် File >>>save as သွားပြီးရင် အောက်မှာပြထားတဲ့ပုံအတိုင်း psd အမျိုးအစား
ဖြစ်နေတာတွေ့ပါလိမ့်မယ်၊

png အမျိုးအစားပြန်ပြောင်းပြီး saveရပါမယ် ၊ အောက်မှာမျှားပြထားတဲ့အတိုင်းပါပဲ

တွေ့ရင် save ပါမယ် box လေးတစ်ခုတက်လာပါလိမ့်မယ်
ဒါဆိုရင် မျှားပြထားတဲ့တိုင်း interlaced ဆိုတာလေးကိုရွေးပေးလိုက်ပါ။

ok နှိပ်ပါ မိမိ save ထားတဲ့နေရာလေးမှာဖြတ်ပြီးသားပုံလေးရောက်နေပါလိမ့်မယ် ။
အရေးအသားမကျွမ်းကျင်တဲ့အတွက် လိုအပ်ချက်လေးများရှိရင် နားလည်ပေးပါလို့.. အဆင်ပြေကြပါစေ...

မှတ်ချက်။ ။ ဒီ PhotoShop ဖြင့်ပုံဖြတ်ယူနည်း ပို့စ်လေးကို ကျွန်နော်
လွမ်းဆောင်းရေးထားတာ ဖြစ်ပါတယ်။
Flash Song ဖန်တီးနေတဲ့ သူငယ်ချင်းတွေအတွက် အရမ်းကို လိုအပ်ပြီး အသုံးဝင်မယ့် နည်းလေးဖြစ်တာကြောင့်
ကျွန်တော့်ဆိုဒ်လေးကို လာရောက်လည်ပတ် အားပေးကြတဲ့ သူငယ်ချင်းများ အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်..။
အားလုံးကိုအထူးကျေးဇူးတင်ပါတယ်ခဗျာ....အားလုံးအဆင်ပြေပါစေနော်..(လွမ်းဆောင်း)
0 comments:
Post a Comment