ကံကြမ္မာစေရာလမ်း
သောကစခန်းတစ်ခုမှ
ရက်စက်ခြင်းတို့ ခြံခတ်
ပင်ပန်းမှုတို့ ရှင်သန်
ငိုကြွေးခြင်းကို လက်ဆောင်ပေး
နာကျင်ခြင်းတို့ အဆုံးမရှိခဲ့..
ကယ်တင်သူမရှိ
ဆယ်ယူသူမရှိတဲ့
ကူကယ်ရာမဲ့သော
ကြိုးပြတ်လှေငယ်တစ်စီးလို
ကံတရားရေပြင်တစ်လျှောက်
စုန်ဆန်စီးမြောရင်းနဲ့
နားခိုရာ ကမ်းတစ်ခုကို
ရှာဖွေမိပါသော်လည်း
ဝေးသထက်ဝေးကွာလှသော
နွေးထွေးခြင်း နေ့ရက်တို့
တစ်ရက်ချင်းစီကုန်ဆုံး
အရှုံးများနဲ့ ဒူးထောက်လျှက် ငါ ... ။
လွမ်းဆုလေး
သောကစခန်းတစ်ခုမှ
ရက်စက်ခြင်းတို့ ခြံခတ်
ပင်ပန်းမှုတို့ ရှင်သန်
ငိုကြွေးခြင်းကို လက်ဆောင်ပေး
နာကျင်ခြင်းတို့ အဆုံးမရှိခဲ့..
ကယ်တင်သူမရှိ
ဆယ်ယူသူမရှိတဲ့
ကူကယ်ရာမဲ့သော
ကြိုးပြတ်လှေငယ်တစ်စီးလို
ကံတရားရေပြင်တစ်လျှောက်
စုန်ဆန်စီးမြောရင်းနဲ့
နားခိုရာ ကမ်းတစ်ခုကို
ရှာဖွေမိပါသော်လည်း
ဝေးသထက်ဝေးကွာလှသော
နွေးထွေးခြင်း နေ့ရက်တို့
တစ်ရက်ချင်းစီကုန်ဆုံး
အရှုံးများနဲ့ ဒူးထောက်လျှက် ငါ ... ။
လွမ်းဆုလေး
0 comments:
Post a Comment