Home »
ထိုင်းသတင်းများ
» ယနေ့ထုတ် ပေါ်ပြူလာဂျာနယ်ပါရွှေ့ပြောင်းအလုပ်သမားဆောင်းပါး
ယနေ့ထုတ် ပေါ်ပြူလာဂျာနယ်ပါရွှေ့ပြောင်းအလုပ်သမားဆောင်းပါး
Written By MyanmarChnnel@ on Wednesday, April 23, 2014 | 11:16 PM
ယနေ့ထုတ် ပေါ်ပြူလာဂျာနယ်ပါရွှေ့ပြောင်းအလုပ်သမားဆောင်းပါး
“ခံပါဦးကွယ်..ခံဦးကွယ်..ဆက်ပြီးခံဦးကွယ်”
နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးပြီ…ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းမြန်မာအလုပ်သမား
တို့အတွက်ပြဿဿဿဿဿဿဿသနာဟောင်းတွေလည်းမကုန်သေးသလို ပြဿဿဿသနာသစ်များစွာတို့ကလည်း အဆင်သင့်စောင့်ကြိုလျက်ရှိသည်။
ပြည်ပရောက် မြန်မာအလုပ်သမားများစွာတို့အနက်ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း
အလုပ်သမားတို့ လောက် ပြဿနာများကြုံရသူရှားလိမ့်မည်။ ပြဿနာပေါင်းသောင်းခြောက်
ထောင်ဟုရှေးလူကြီးများတင်စား ချက်က ထိုင်းရောက်မြန်မာအလုပ်သမားများနှင့်
အလွန်ကိုက်ညီသည်။
ကြုံနေရသောပြဿနာသောင်းခြောက်ထောင်တို့တွင်အချို့သောပြဿများကအလုပ်သမား
များကိုယ်တိုင်နားမလည်မှု၊အားနည်းမှုတို့ ကြောင့်ဖြစ်ရသလို၊အချို့သောပြဿနာများကတော့
အစိုးရတို့၏ ဥပဒေများ၊ မူဝါဒအားနည်းမှုများ၊ အကျင့်ပျက် ခြစားမှုများကြောင့် ဖြစ်ရသည်ဟု ဆိုနိုင်ပါလိမ့်မည်။
ပြဿနာဟောင်းများ
ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားအားလုံးနီးပါးသည် မူလကပင် ထိုင်းနိုင်ငံသို့ တရားမ၀င်နယ်စပ် ဖြတ်ကျော် သွားရောက်ခဲ့ကြခြင်းဖြစ်သည်။ မိမိနိုင်ငံတွင် အလုပ်အကိုင်ရှားပါးမှု၊ နိုင်ငံရေးမတည်ငြိမ်မှု၊ ပဋိပက္ခ ဖြစ်ပွားမှုများကြောင့် ဤသို့အလုံးအရင်းနှင့်သွားရောက်ခြင်းဖြစ်သလို၊ ထိုင်းနိုင်ငံအနေနှင့်လည်း တိုးတက်လာ သောစီးပွားရေးကြောင့် ကုန်ထုတ်လုပ်ငန်းများစွာတို့တွင် လုပ်သားလိုအပ်မှုများစွာဖြစ်ပေါ်လာသဖြင့် လက်ခံ ထားခြင်းဖြစ်သည်။
နှစ်ဦးနှစ်ဖက် ဆိုင်ရာဆိုင်ရာလိုအပ်ချက်များကြောင့် ဤကဲ့သို့ရွှေ့ပြောင်းသွားလာလုပ်ကိုင် ခဲ့ရသော်လည်း မြန်မာအလုပ်သမားတို့၏ တရားမ၀င်နယ်စပ်ဖြတ်ကျော်မှုကိုအကြောင်းပြု၍ ထိုင်းနိုင်ငံ၏နှိမ်ချ ဆက်ဆံမှုများကို အစဉ်အဆက် မြန်မာရွှေ့ပြောင်းအလုပ်သမားတို့ ခံစားရခဲ့သလို ယခုလက်ရှိတွင်လည်း ခံစား ကြုံတွေ့နေရဆဲပင်။ ဥပမာအနေဖြင့် ထိုင်းနိုင်ငံနယ်စပ်ရှိ မဲဆောက်မြို့
တွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ သိန်းမှ ၃သိန်းခန့်တို့သည် ဆောက်လုပ်ရေးလုပ်ငန်း၊
စက်ရုံအလုပ်ရုံလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ဈေးဆိုင်အလုပ်သမားအိမ်အကူစသောအလုပ်သမားများအဖြစ် နေရာစုံ ပုံစံစုံအလုပ်လုပ်ကိုင်လျက်ရှိသည်။သို့ သော်ထိုင်းနိုင်ငံ၏အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဥပဒေကပြဌာန်းထားသောအခွင့်အရေးများ၊အနိမ့်ဆုံးလုပ်အားခစသောအခြေခံအခွင့်များကိုမရရှိခဲ့ကြပါထိုင်းနိုင်ငံကအနိမ့်ဆုံးလုပ်အားခကိုတစ်
နေ့လျှင်ဘတ်၃၀၀ဟုသတ်မှတ်ထားသော်လည်း မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် တစ်နေ့လျှင် ဘတ်၁၀၀ခန့်သာရရှိကြသည်။ဥပဒေကပြဌာန်းထားသောအလုပ်သမားအခွင့်အရေး
အတိုင်းပေးသည့်စက်ရုံအလုပ်ရုံမှာ လက်ချိုးရေလျှင်ပင် လက်ဆယ်ချောင်းမပြည့်တတ်။
အကြောင်းအမျိုးမျိုးပြကာ မြန်မာအလုပ်သမားများကို နှိမ်ချဆက်ဆံထားသည်။
ထိုင်းအလုပ်သမားဝန်ကြီးဌာနသို့တိုင်ကြားလျှင်လည်းအလုပ်သမားများအပေါ်
ကာကွယ်မှုပေးခြင်းအားနည်း သည့်အပြင် အလုပ်ရှင်က ထိုင်းရဲသို့တိုင်ကြား၍
အလုပ်သမားများဖမ်းဆီးခိုင်းခြင်းများသာ ဖြစ်ပွားခဲ့သည်။ထို့ ကြောင့် မြန်မာရွှေ့ပြောင်း
အလုပ်သမားတို့မှာ မည်သို့မျှမတတ်နိုင်ပဲ အလုပ်ရှင်နှင့် အာဏာပိုင်တို့၏လုပ်သမျှ သာ
ကြိတ်ခံနေရသည်။ ထို့ထက်ပို၍ မိမိနိုင်ငံအစိုးရမှမည်သည့်အထောက်အကူမှမရရှိခြင်းဖြစ်သည်။
ဤအ ခြေအနေများဖြစ်ပေါ်နေသည်မှာ နှစ်ပေါင်း၂၀ကျော်ပြီဖြစ်သည်။အကယ်၍ မြန်မာအစိုးရအနေဖြင့်သော်လည်း ကောင်း၊ နှစ်နိုင်ငံနယ်စပ်ဆက်ဆံရေးကော်မတီကသော်လည်းကောင်း မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်းအလုပ် သမားအရေးကို တောင်းဆိုဆောင်ရွက်ပေးလျှင် အနည်းနှင့်အများ မြန်မာအလုပ်သမားတို့ သက်သာရာရရှိကြ မည်ဖြစ်သည်။ ယခုတော့ ဒုံရင်း ဒုံရင်း လူ့ဂုဏ်သိက္ခာမဲ့စွာ ပြုမူဆက်ဆံခံနေကြရသည်။ ယုတ်ဆွဆုံး ဖမ်းဆီးခံ ရသောအလုပ်သမားကိုသော်လည်းကောင်း၊တရားဝင်ပြန်လာသောအလုပ်သမားများကိုသော်လည်းကောင်း နေ့စဉ်တိုင်းအမြတ်ထုတ်အနိုင်ကျင့်ခံရခြင်းများကိုပင်ကာကွယ်စောင့်ရှောက်မှု
မပေးနိုင်အောင် တာဝန်မဲ့နေ သည်။
ပမာဆိုရလျှင်မဲဆောက်မြ၀တီလမ်းမှနေ၍ နေ့စဉ် မြန်မာနိုင်ငံသားရာထောင်ချီလျက်
ဖြတ်သန်းနေကြသည်။အထူးသဖြင့် နိုင်ငံသားစီစစ်ထားပြီးယာယီပတ်စ်ပို့ကိုင်ဆောင်
ထားသော မြန်မာအလုပ်သမားများစွာတို့သည် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံရှိမွေးရပ်မြေသို့ ကူလူးသွားလာနေကြသည်။ ဘန်ကောက်မှ မဲဆောက်သို့ သွားလာ ရာတွင် တရားဝင်ပတ်စ်ပို့ဗီဇာရှိပါလျက်စစ်ဆေးရေးဂိတ်များ၌ထိုင်းရဲတို့ကမတရားငွေညှစ်ခြင်း
များပြုလုပ်နေ ကြသည်။ ခရီးသွားချင်းတူပါလျက် မြန်မာအလုပ်သမားများကိုသာရွေးပြီး ကားပေါ်မှဆင်း၊ တန်းစီစေလျက် စာရွက်စာတမ်းများစစ်ဆေးသည်။ ကားပေါ်ရှိ ထိုင်းနိုင်ငံသားနှင့် အခြားနိုင်ငံသားများကိုမူ ဤသို့မပြုမူ။ မြန်မာ အလုပ်သမားများသာ တရားခံစစ် အစစ်ခံရသည်။
ပတ်စ်ပို့ဗီဇာရှိလျှင်ပင် ခရီးသွားလာခွင့်ရှိသော်လည်း အခြား အလုပ်လုပ်ခွင့်လက်မှတ်၊အလုပ်ရှင်ထောက်ခံချက်စသောမလိုအပ်သည့်စာရွက်စာတမ်းများကို
မေးမြန်းပြသခိုင်းသည်။ နောက်ဆုံးတွင်မည်မျှစာရွက်စာတမ်းပြည့်စုံသည်ဖြစ်စေ ငွေတောင်းခံရသည်သာ။ ယခုလိုဖြစ်နေ သည်မှာ ကာလကြာမြင့်ပြီဖြစ်သော်လည်း မြန်မာအစိုးရအနေဖြင့် မိမိနိုင်ငံသားများကို ကာကွယ်ပေးသည့် လှုပ် ရှားတောင်းဆိုမှုများကို မတွေ့ရသေးပါ။
ထိုမှတဖန်နယ်စပ်ဖြတ်သန်းရာဂိတ်တံတားရောက်လျှင်လည်းတံဆိပ်တုံးထုခအဖြစ်ပေးဆောင်
ရပြန်သည်။ ပွဲ စားဗျောက်သောက်တို့က ၎င်းတံတားထိပ်၌ မာဖီးယားဂိုဏ်းဆန်ဆန် အလုပ်သမားများအပေါ် ငွေလဲသည့်ကိစ္စ၊ကားစီးမည့်ကိစ္စတို့တွင် ဗြောင်ကျကျခေါင်းပုံဖြတ်နေ
သည်။ မြ၀တီတံတားထိပ်တွင် ဗိုက်ဖေါက်အဖွဲ့ဟုနာမည် ကြီးသောအဖွဲ့တစ်ဖွဲက လှုပ်ရှားနေသည်။ အစိုးရတာဝန်ရှိသူများရှေ့မှောက်တွင် ဤသို့ဗြောင်ကျကျ လှုပ်ရှား ဆောင်ရွက်နေသော်လည်း မြန်မာအလုပ်သမားတို့အဖို့ ကူရာကယ်ရာမဲ့နေသည်။
ထို့ထက်ပို၍ အခြေအနေဆိုး သူများမှာ ထိုင်းနိုင်ငံသို့တရားမ၀င် သွားရောက်မှုကြောင့် ထိုင်းရဲတို့ဖမ်းဆီးခံရပြီး နယ်စပ်ပြန်ပို့ခံဒုက္ခသည်များ ဖြစ်သည်။ ၎င်းတို့ကို နယ်စပ်ပြန်ပို့ရာတွင် အစိုးရချင်းတရားဝင်ပြန်ပို့သည့်စနစ်မဟုတ်ပဲ နယ်စပ်ရှိ တရားမ၀င် ဖွင့်ထားသော လက်နက်ကိုင်အဖွဲ့တစ်ခု၏ဂိတ်သို့ ပြန်ပို့ခြင်းဖြစ်သည်။ ၎င်းဂိတ်သို့ရောက်လျှင် ထိုပြန်ပို့ခံဒုက္ခ သည်များသည် ဘတ်ငွေ၁၂၀၀ ပေးဆောင်မှသာ သွားလိုရာသွားခွင့်ရသည်။
မပေးပါက ခြိမ်းခြောက်ငွေညှစ် ခြင်းနည်းမျိုးစုံနှင့်ကြုံတွေ့ရမည်ဖြစ်သည်။ တစ်ဖက်နိုင်ငံမှ ဖမ်းဆီး၍ပြန်ပို့ခံရသော အချုပ်သားဒုက္ခသည်များကို ထပ်ဆင့်ငွေညှစ်ခြင်းမှာ ရုပ်ဆိုးလွန်းလှပြီး ၎င်းအဖြစ်အပျက်သည်လည်း နှစ်ပေါင်းကြာမြင့်စွာဖြစ်ပွားနေဆဲပင်။
ကြုံရဦးမည့်ပြဿနာအသစ်
ပြောမကုန်၊စာဖွဲ့မကုန်သောပြဿနာဟောင်းများဖိစီးနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား
တို့အတွက် နောက်ထပ်လက်ဆောင် ပြဿနာသစ်များကို မြန်မာနှင့်ထိုင်းအစိုးရတို့က ဖန်တီးပေးဦးမည်ဖြစ်သည်။ ၂၀၀၉ခု နှစ်မှစတင်၍ နိုင်ငံသားစီစစ်ပြီး ယာယီပတ်စ်ပို့၊ ဗီဇာတို့ကို မြန်မာနှင့်ထိုင်းအစိုးရတို့ ထုတ်ပေးထားခဲ့သည်။ အစိုးရသတ်မှတ်ဈေးထက် အဆပေါင်းများစွာပိုမိုကုန်ကျခဲ့ပြီးမှ မြန်မာအလုပ်သမား၁.၇သန်းတို့ ၎င်းယာယီ ပတ်စ်ပို့ကို ရရှိခဲ့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံ၏သတ်မှတ်ချက်အရ ဗီဇာ၎နှစ်ပြည့်လျှင် ထိုင်းနိုင်ငံမှအထွက်ပြပြီး မိမိနိုင်ငံတဆင့် နောက်ထပ်ထိုင်းနိုင်ငံသို့ ပြန်ဝင်ရမည်ဖြစ်သည်။ ယခုအခါ
၎နှစ်ဗီဇာသက်တမ်းကုန်ခဲ့သည်မှာ ၁၀လ နီးပါးရှိခဲ့ပြီ။ သက်တမ်းကုန်နေသူဦးရေမှာလည်း ၂သိန်းဝန်းကျင် ရှိနေပြီဖြစ်သည်။ ထိုင်းနှင့်မြန်မာအစိုး ရတို့ ဤကိစ္စတွင် ကြိုတင်ပြင်ဆင်မှုမလုပ်ခဲ့၍ ယခုအချိန်ထိ ၎င်း၂သိန်းဝန်းကျင်ရှိမြန်မာအလုပ်သမားတို့ ထိုင်း နိုင်ငံတွင်ဆက်လက်အလုပ်လုပ်ဖို့အရေး မသေမချာ မရေမရာဖြစ်နေဆဲပင်။ ရှုပ်ထွေးလှသောလုပ်ငန်းစဉ်များ ချမှတ်ပြီး မူလကိုင်ဆောင်ထားသောယာယီပတ်စ်ပို့အစား ပုံမှန်ပတ်စ်ပို့ပြောင်းရန် မြန်မာအစိုးရကမူဝါဒချလိုက် သည်။ ဗူးလေးရာဖရုံဆင့်စေသော ထိုလုပ်ရပ်က အလုပ်သမားတို့အပေါ်သောကတိုးစေတော့သည်။
ငွေကုန်ကြေးကျများစွာခံထားပြီးမှရရှိသောယာယီပတ်စ်ပို့မှာ အသုံးမ၀င်တော့ပဲ ပုံမှန်ပတ်စ်ပို့ကို ပြောင်းလဲလုပ် ဆောင်စေခြင်းကြောင့် အလုပ်သမားတို့မှာ မြန်မာအစိုးရအပေါ် နားမလည်နိုင်ဖြစ်ရသည်။
အထူးသဖြင့် ပုံမှန် ပတ်စ်ပို့လုပ်ဆောင်ရန်အတွက် မရှိမဖြစ်လိုအပ်သော နိုင်ငံသားမှတ်ပုံတင်နှင့်အိမ်ထောင်စုစာရင်းမရှိသော၊ မပြည့်စုံသော၊ ကျေးလက်ဒေသနေဖြစ်သော၊ တိုင်းရင်းသားအများစုဖြစ်သော ထိုင်းရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများကိုဤသို့ပြုလုပ်စေသည့်မြန်မာအစိုးရ၏
ရည်ရွယ်ချက်က မေးခွန်းထုတ်စရာ။ လောလောဆယ် တွင်တော့ မိုးကျရွှေကိုယ် ထိုင်းမြန်မာပွဲစားတို့က လုပ်စားရန်ဂွင်ကြီးကြီးအဖြစ် ပျော်မြူးနေကြပေပြီ။ ယခင်နိုင်ငံ သားစီစစ်၍ယာယီပတ်စ်ပို့လုပ်စဉ်ကလည်း မြိုးမြိုးမျက်မျက်စားခဲ့ဖူးသောကြောင့် ယခုအစိုးရကသတ်မှတ် လိုက်သောလုပ်ငန်းစဉ်ရှုပ်ထွေးလေလေ ပိုကြိုက်လေလေဖြစ်နေတော့သည်။ တကယ်အလုပ်သမားအကျိုးရှိဖို့ ဆိုလျှင် အလုပ်သမားများ လွယ်ကူလျှင်မြန်စွာဖြင့်လုပ်ဆောင်နိုင်ရန် စီစဉ်ပေးသင့်သည်။
အထူးသဖြင့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတို့သည် ကျေးလက်ဒေသနေ တိုင်းရင်းသားပြည် သူအများစုဖြစ်သည်။ လိမ်လည်လှည့်ဖျားရန်လွယ်ကူသူ၊ ရိုးသားသူ၊ စာရွက်စာတမ်းကိစ္စများအတွက်အတွေ့အ ကြုံနည်းသူများဖြစ်ကြသော ဤအလုပ်သမားများသည် ထိုင်းနှင့်မြန်မာ ပွဲစားလူလည်များအတွက်တော့ အမဲ ကောင်များသာဖြစ်ကြသည်။
ယခုအစိုးရကသတ်မှတ်သော ပုံမှန်ပတ်စ်ပို့ကို ငွေကုန်ကြေးကျများစွာ အကုန်အ ကျခံပြီးမှသာ ရရှိနိုင်မည့်အနေအထားရှိသည်။ ၎င်းပုံမှန်ပတ်စ်ပို့ကို ခက်ခက်ခဲခဲရရှိပြီးလျှင်လည်း စိတ်အေးရဦး မည်မဟုတ်သေး။ နောက်ထပ် ခေါင်းပုံဖြတ်ခံရဦးမည့်အနေအထား၊ ပြဿနာများစွာ ထပ်မံတွေ့ကြုံကြပေးဦး မည်။ မူလယာယီပတ်စ်ပို့သည် ထိုင်းနိုင်ငံအတွက်သာ သီးသန့်ထုတ်ထားပေးခြင်းဖြစ်ပြီး ယခုပုံမှန်ပတ်စ်ပို့ ပြောင်းလိုက်လျှင် နိုင်ငံတကာကို သွားနိုင်မည်ဖြစ်သည်။ ထိုသို့ နိုင်ငံတကာကိုသွားနိုင်သည်ဆိုသောအချက်ကို အကြောင်းပြု၍ ထိုင်းမြန်မာပွဲစားလူလည်တို့က ဂျပန်ပို့ပေးမည်၊ သြဇီပို့ပေးမည်၊ ယူအက်စ်ပို့ပေးမည်၊ ယူကေပို့ ပေးမည် စသည်ဖြင့် လိမ်လည်လှည့်ဖျားရန် အလွန်လွယ်ကူသွားပြီဖြစ်သည်။
ထို့အတူ မြန်မာနိုင်ငံသို့အိမ်ဖေါ်အလုပ်သမားဈေးကွက်ဖေါ်ဆောင်ရန်ကြိုးစားနေသော
ဟောင်ကောင်၊စင်ကာပူမှအေးဂျင့်များနှင့် မြန်မာပြည်ပ အလုပ်အကိုင်အေဂျင်စီတို့က ထိုင်းရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားတို့ ပစ်မှတ်အဖြစ်ဦးတည်လာနိုင် သည်။ ထို့ထက်ပို၍ တရုတ်နိုင်ငံသို့ မယားပြုရန်သိမ်းသွင်းခေါ်ဆောင်သည့် လူကုန်ကူးလုပ်ငန်းများသည်လည်း ထိုင်းရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများထံ ဦးတည်လာနိုင်သည်။
အသက်၁၈မှ ၃၅ နှစ်အရွယ်ရှိ မိန်းက လေး၈သိန်းခန့်ရှိသော ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတို့သည် ရည်ရွယ်ချက်အမျိုးမျိုးရှိသော ကိုယ်ကျိုးရှာ အေဂျင်စီ၊ပွဲစားများအတွက် လုပ်စားစရာဈေးကွက်ဖြစ်လာပေတော့မည်။ နဂိုရ်ကတည်းက ထိုင်း နိုင်ငံတွင် အလုပ်လုပ်ရသည်မှာ လုပ်အားခနည်းပါးခြင်း၊ ပြဿနာများစွာကြုံရခြင်းတို့ကြောင့် ကြိတ်မှိတ်ကာ မဖြစ်မနေအလုပ်လုပ်နေရရှာသောမြန်မာရွှေ့ပြောင်းအလုပ်သမားများကိုအခြားအဆင့်မြင့်နိုင်ငံ
များသို့ပို့ပေး မည်ဟု စည်းရုံးလှည့်ဖျားခြင်းမှာ အလွန်လွယ်ကူသည့်အနေအထားရှိနေသည်။
ဘယ်သူတာဝန်ယူမလဲ
ဖေါ်ပြသကဲ့သို့ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားတို့သည် ပြဿနာဟောင်းပေါင်းသောင်းခြောက်ထောင်နှင့် နေ့စဉ်လုံထွေးနေရပြီဖြစ်သည်။ ထို့အတွက် မြန်မာအစိုးရက သိသာထင်ရှားစွာ ကူညီဖြေရှင်းမှုများမလုပ်နိုင် သေး။ ယခုတဖန် နောက်ထပ်ပြဿနာအသစ်ဖြစ်ပွားစေသော မူဝါဒကို ထပ်မံချမှတ်လုပ်ဆောင်နေပေပြီ။သို့ဆိုလျှင် ဖြစ်ပြီး၊ ဖြစ်ဆဲ၊ ဖြစ်လတံ့သော ပြဿနာအဟောင်း၊
ပြဿနာအသစ်များအတွက် မြန်မာအစိုးရအနေ ဖြင့်မည်သို့တာဝန်ယူမည်၊ ဖြေရှင်းဆောင်ရွက်မည်၊
ပြင်ဆင်ထားသည်ကို မေးခွန်းထုတ်ရပေတော့မည်။
ထိုင်း နိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတို့အဖို့ မြန်မာအစိုးရထံမှ မျှော်လင့်ချက်ကြီးကြီးထား၍မရကြောင်း ၎င်းတို့၏အတွေ့အကြုံများက သက်သေပြနေပြီဖြစ်သည်။ အကယ်၍ မြန်မာအစိုးရအနေဖြင့် မိမိ၏မူဝါဒနှင့် လုပ်ဆောင်မှုများကို အချိန်မီပြင်ဆင်ပြောင်းလဲမှုများ မလုပ်နိုင်ခဲ့လျှင် ကျွန်ုပ်တို့အနေဖြင့် သင်္ကြန်တေးသွား အလိုက် “ခံပါဦးကွယ်…ခံဦးကွယ်..ဆက်ပြီးခံဦးကွယ်” ဟု ရေရွတ်နေရုံမှတပါး……………………………….
မော်ဖိုးစိန် မူရင်းကိုဆက်လက်ဖတ်ရှုချင်ပါက MWRN facebook ဒီမှာသွားလိုက်ပါ ကျွန်နော်ပြန်လည်
မျှဝေးပေးလိုက်ပါတယ် ထိုင်းက အလုပ်သမားတွေအားလုံးကို ကိုစား ဆက်လက် သတင်းများကို တင်ပေး
သွားပါဦးမယ် အားလုံးအဆင်ပြေပါစေ။
Admin lwan saung(1)
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
Labels:
ထိုင်းသတင်းများ
0 comments:
Post a Comment