ငါ့ဘ၀က ပန်းတစ်ပွင့်
အခါခွင့်သင့်လို့ ရနံ့သင်းလှိုင်
ပန်းအခိုင်ခိုင်တို့ပွင့်နေတယ်။
မိုးနဲ့လေဒဏ်
ဘယ်လောက်ထန်မလဲ
အားလုံးအလယ် ရဲရဲဝင့်လို့
ခေါင်းကိုမော့ ရင်ကိုကော့ပြီး
အန်တုနေမယ်။
သိပ်လှတဲ့ ဒီပန်းခိုင်
မင်းစိတ်မှာ သဘောတွေ့လို့
အမြတ်တနိုး သိမ်းမယ်ဆိုသိမ်း
မသိမ်းချင်လို့ ကျော်သွားခဲ့လဲ
နေရာဟောင်းမှာ နေခဲ့မယ်။
မသိမ်းချင်နေပါ ..
အညှာတော့ မခြွေပါနဲ့..
မနမ်းချင်နေပါ ..
ချိုးတော့ မထားခဲ့ပါနဲ့ ။
အစွန့်ပစ်ခံ ပန်းဘ၀ ရောက်ခဲ့တောင်မှ
နွမ်းခြောက်သွားတဲ့ ပန်းခြောက်ဘ၀မှာ
အားလုံးအတွက်
ရနံ့လေးတော့ သင်းချင်တယ်။
လွမ်းဆုလေး
အခါခွင့်သင့်လို့ ရနံ့သင်းလှိုင်
ပန်းအခိုင်ခိုင်တို့ပွင့်နေတယ်။
မိုးနဲ့လေဒဏ်
ဘယ်လောက်ထန်မလဲ
အားလုံးအလယ် ရဲရဲဝင့်လို့
ခေါင်းကိုမော့ ရင်ကိုကော့ပြီး
အန်တုနေမယ်။
သိပ်လှတဲ့ ဒီပန်းခိုင်
မင်းစိတ်မှာ သဘောတွေ့လို့
အမြတ်တနိုး သိမ်းမယ်ဆိုသိမ်း
မသိမ်းချင်လို့ ကျော်သွားခဲ့လဲ
နေရာဟောင်းမှာ နေခဲ့မယ်။
မသိမ်းချင်နေပါ ..
အညှာတော့ မခြွေပါနဲ့..
မနမ်းချင်နေပါ ..
ချိုးတော့ မထားခဲ့ပါနဲ့ ။
အစွန့်ပစ်ခံ ပန်းဘ၀ ရောက်ခဲ့တောင်မှ
နွမ်းခြောက်သွားတဲ့ ပန်းခြောက်ဘ၀မှာ
အားလုံးအတွက်
ရနံ့လေးတော့ သင်းချင်တယ်။
လွမ်းဆုလေး
0 comments:
Post a Comment