အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » လွတ်လပ်ခွင့်ဆုံးရှူံးနေသော ရွှေ့ပြောင်းအလုပ်သမားရေးရာလှုပ်ရှားသူတစ်ဦး (သို့) Andy Hall

လွတ်လပ်ခွင့်ဆုံးရှူံးနေသော ရွှေ့ပြောင်းအလုပ်သမားရေးရာလှုပ်ရှားသူတစ်ဦး (သို့) Andy Hall

Written By MyanmarChnnel@ on Saturday, June 21, 2014 | 6:44 PM



လွတ်လပ်ခွင့်ဆုံးရှူံးနေသော ရွှေ့ပြောင်းအလုပ်သမားရေးရာလှုပ်ရှားသူတစ်ဦး (သို့) Andy Hall

Andy Hall သည် ဗြိတိန်နိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားရေးဆိုင်ရာ လှုပ်ရှားသူတစ်ဦးဖြစ်ပြီး အထူးသဖြင့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာများကို ကူညီမှုပေးနေသူတစ်ဦးဖြစ်သည်။ ယခုအခါ ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင်ရှိ နာနတ်သီးစည်သွပ်စက်ရုံဖြစ်သော Natural Fruit Co.ltd က ဘန်ကောက်မြို့ ဘန်နာရဲစခန်းတွင် အသရေဖျက်မှုဖြင့်တိုင်ချက်ဖွင့်ပြီး အစိုးရဥပဒေအရာရှိက ဖက်ခနုံနယ် မြေတရားရုံးတွင် ၁၈.၆.၂၀၁၄ နေ့ရက်၌ အသရေဖျက်မှုဖြင့်စွဲချက်တင်ခဲ့သည်။ တရားရုံးက စွဲချက်တင်မှု ကိုလက်ခံခဲ့ပြီးနောက် Andy Hall ကို ထိန်းသိမ်းခဲ့ရာ ထိုင်းနိုင်ငံအေးခဲစားသောက်ကုန်လုပ်ငန်းရှင်များ အသင်းThai Frozen Foods Association (TFFA) နှင့် တူနာငါးထုတ်ကုန်လုပ်ငန်းရှင်များအသင်း Thai Tuna Industry Association (TTIA)တို့က အာမခံငွေတင်၍ Andy Hall ကို အချုပ်ထဲမှ ထုတ်ယူခဲ့ သည်။

သို့သော် တရားရုံးက Andy Hall ၏ နိုင်ငံကူးလက်မှတ်ကိုသိမ်းဆည်းခဲ့ပြီး တရားရုံး၏ခွင့်ပြုချက်မရပဲ ပြည်ပ နိုင်ငံထွက်ခွာခြင်းမပြုရန် ကန့်သတ် ထားခဲ့သည်။ ထို့ကြောင့် Andy Hall အနေဖြင့် ယခုစွဲဆိုခြင်းခံရသော အမှုအပါအ၀င် Natural Fruit Co.ltd က စွဲဆိုထားသော အမှုစုစုပေါင်း ၃မှု စီရင်ချက်ချပြီးသည်အထိ ထိုင်း နိုင်ငံမှ ထွက်ခွာခွင့်ရတော့မည်မဟုတ်ပေ။




အမှုဖြစ်ပွားရခြင်းအကြောင်းအရင်းမှာ Andy Hall သည် လွန်ခဲ့သော၂၀၁၃တွင် လုပ်ငန်းခွင်အခြေအနေ နှင့်ပတ်သက်သော သုတေသနပြုထားသည့်အစီရင်ခံစာကို Finnwatch အဖွဲ့ကိုယ်စားထုတ်ပြန်ခဲ့သည်။ တူနာငါး သေတ္တာစက်ရုံ ၂ရုံနှင့် နာနတ်သီးစက်ရုံ၁ရုံတို့တွင်ရှိသော လုပ်ငန်းခွင်အခြေအနေ၊ အလုပ်သမား အခွင့်အရေး စသည် များနှင့်ပတ်သက်၍ “ ဈေးကြီးကြီးပေးရသည့် ကုန်ပစ္စည်းအပေါစားများ” အမည်ရှိ အစီ ရင်ခံစာဖြစ် သည်။ အထူးသဖြင့် Natural Fruit စက်ရုံနှင့်ပတ်သက်ပြီး အလုပ်သမားများနှင့်တွေ့ဆုံမေးမြန်းမှု ကိုကိုးကား၍ ဆိုးဝါးသောလုပ်ငန်းခွင်အခြေအနေနှင့် အလုပ်သမားအခွင့်အရေးချိုးဖေါက်မှုတို့ကို ဖေါ်ပြခဲ့ သည်။ ဤသို့အစီ ရင်ခံစာထုတ်ပြန်ခြင်းကိုအကြောင်းပြု၍ Natural Fruit Co.ltd က အသရေဖျက်မှု၊ ကွန် ပြူတာအင်တာနက်သုံး ၍ ထိုခိုက်နစ်နာအောင်လုပ်မှု၊ နစ်နာကြေးရလိုမှု စသော တရားမမှုနှင့် ရာဇ၀တ်မှုများ ဖြင့် တရားစွဲဆိုခြင်းများကို နခေါ်ပထုံခရိုင်တရားရုံး၊ ဘန်ကောက်တောင်ပိုင်းတရာရုံးများတွင် တရားရုံးဦး တိုက်စွဲဆိုခဲ့ပြီး ယခုနောက်ဆုံး ဘန်နာရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။ 

တ်ပျက်မိကြောင်း၊ လူ့အခွင့်အရေးကာကွယ်လှုပ်ရှားသူများအပေါ် ခြိမ်းခြောက်မှုအဖြစ်မြင် မိကြောင်း Finnwatch အဖွဲ့၏ Executive Director ဖြစ်သော Sonja Vartiala ကပြောကြားသည်။ Andy Hall အနေဖြင့်လည်း တရားစွဲဆိုမှုများကို ရင်ဆိုင်သွားမည်ဖြစ်ပြီး တရားမျှတမှုများဖြင့် ထိုင်း နိုင်ငံရှိရွှေ့ပြောင်းအလုပ်သမားများအပေါ် အခွင့်အရေးချိုးဖေါက်မှုများကို စနစ်တကျပြုလုပ်ခံနေရ ခြင်းများထင်ဟပ်ပြသသွားမည်ဖြစ်ကြောင်း၊ မိမိသည် မည်သည့်အမှားကိုမျှကျူးလွန်သူမဟုတ် ကြောင်း ပြောကြားသွားခဲ့သည်။
ဘန်ကောက်တောင်ပိုင်းတရားရုံးတွင်စွဲဆိုထားသော ကွန်ပြူတာအသုံးပြု၍ထိခိုက်နစ်နာစေရန်ပြုမှုခြင်းအမှု တွင် အကယ်၍ တရားရုံးက Andy Hall ပြစ်မှုကျူးလွန်သည်ဟု ဆုံးဖြတ်ပါက ၇နှစ်ထက်မပိုသောထောင်ဒဏ် များကို အပြုမူတစ်ခုချင်းစီအတွက် ချမှတ်နိုင်သည်။ ထို့အတူ နခေါ်ပထုမ်တရားရုံးတွင်လည်း အသရေဖျက်မှု နစ်နာကြေးအတွက် ဘန်းသန်းပေါင်း၃၀၀ ရလိုသော တရားမမှုဖြင့် စွဲဆိုခြင်းခံထားရသည်။ ယခု ဘန်နာရဲစ ခန်း မှတဆင့် တိုက်ချက်ဖွင့်သောအသရေဖျက်မှုအတွက် အမြင့်ဆုံးချမှတ်နိုင်သောပြစ်ဒဏ်မှာ ၁နှစ်ထက် မပိုသောထောင်ဒဏ်နှင့် ၂သောင်းဘတ်ထက်မပိုသော ငွေဒဏ်တို့ဖြစ်သည်။

Natural Fruit Co.ltd တွင် အလုပ်သမားငှားရမ်းစေခိုင်းမှုနှင့်ဆိုးဝါးသောလုပ်ငန်းခွင်အခြေအနေအကြောင်း မှာ Andy Hall ကူညီစုဆောင်းပေးသော Finnwatch အဖွဲ့၏ သုတေသနပြုလုပ်ထုတ်ပြန်ချက်နှင့် အခြား သောအဖွဲ့ များ၏ ထုတ်ပြန်ချက်များတွင် အထူး ဖေါ်ပြခြင်းခံခဲ့ရပြီးဖြစ်သော်လည်း ထိုင်းအစိုးရ အရာရှိများ အနေဖြင့် Natural Fruit Co.ltd ကို မည်သို့မျှအရေးယူဆောင်ရွက်ခြင်းမရှိသေးကြောင်း သိရှိရသည်။


မူရင်း ပိုင်ဆိုင် ဆိုဒ်သို့ တစ်ခေါက်လောက်ပြန်ကြည့်ချင်တယ်ဆိုရင်တော့  Andy Hall  ဆိုဒ်သို့ ။ 

For further information, please contact:
1. Sonja Vartiala, Executive Director, Finnwatch: +358445687465, sonja.vartiala@finnwatch.org
2. Andy Hall, Migration Researcher: +66(0)846119209, andyjhall1979@gmail.com (twitter@atomicalandy)
3. Nakhon Chomphuchart, Legal Advisor to Andy Hall: +66(0)818473086, nakhonct@gmail.com

For background information on Andy Hall's case, see
 
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်