အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » ထိုင်းစစ်သားများအလုပ် သမားတွေကိုလိုက်လံဖမ်းဆီးနေတဲ့သတင်းတွေကို လာရောက်အင်တာဗျုး

ထိုင်းစစ်သားများအလုပ် သမားတွေကိုလိုက်လံဖမ်းဆီးနေတဲ့သတင်းတွေကို လာရောက်အင်တာဗျုး

Written By MyanmarChnnel@ on Monday, June 16, 2014 | 9:12 PM




ထိုင်းစစ်သားတွေ မြန်မာအလုပ်သမားတွေကိုမဖမ်းဘူး ဒီနေ့ ထိုင်းရုပ်သံလိုင်း(၅) လိုင်းက မဟာချိုင်နယ်မြေကိုလာရောက် ပြီး ကျွန်တော်တို့ RaksThai Foundation အဖွဲ့ကို ထိုင်းစစ်သားများအလုပ် သမားတွေကိုလိုက်လံဖမ်းဆီးနေတဲ့သတင်းတွေကို လာရောက်အင်တာဗျုး
မှတ်တမ်းရိုတ်ကူးပြီး သတင်းယူခဲ့ပါတယ်။ သူတို့အဓိကရည်ရွယ်ချက်ကတစ်ကယ်ဖမ်းဆီးတယ်ဆိုရင် လက်တွေ့တွေ့ဆုံမေးမြန်းပြီး အင်တာဗျုး  ချင်တာပါ။ မဟာချိုင်မှာကတော့ ထိုင်းစစ်သားတွေက ဘယ်အလုပ်သမား  ကိုမှ ဖမ်းဆီးတာမတွေ့ရသေးပါဘူး။ ဒါပေမယ့်ကောလဟာလတွေကတော့
အများကြီးပါပဲ။ဘယ်နေရာဝင်ဖမ်းတယ်ဘယ်ရပ်ကွက်မှာစစ်သားတွေရောက်နေပြီဆိုပြီးရုပ်သံအဖွဲ့
နှင့်အတူကျွန်တော်တို့လိုက်ရှာကြည့်တော့ဘယ်စစ်သားမှ မတွေ့ပါဘူး။

ဒါကြောင့်အခြေအမြစ်မရှိတဲ့သတင်းတွေကိုမယုံကြည်ပါနဲ့။မြန်မာရွေ့ပြောင်းအလုပ်သမားတွေစိတ်ပင်ပန်းမှာ
စိုးလို့ပါ။ အလုပ်ရုံထဲမှာ လည်း ပင်ပန်းအပြင်ကကြားရတဲ့သတင်းတွေနဲ့လည်းစိတ်ပင်ပန်းဆိုရင်
အားလုံးကိုကိုယ်ချင်းစာလို့ပါ။ ထိုင်းစစ်သားတွေ ပစ်မှတ်ပြောင်းသွားတာက ထိုင်းမှာ ခမင်လို့ခေါ်တဲ့ ကမ္ဘောဒီးယားအလုပ်သမားတွေကိုပါ။ သူတို့မြန်မာပတ်စပို့ကိုတော့ မဖမ်းဆီးပဲပြန်လွှတ်ပါတယ်။ ဒါပေမယ့် ခြွင်းချက်အနေနဲ့ကတော့ အရင်ရက်ပိုင်းက မဲဆောက်နဲ့ ချင်းမိုင်မှာဖမ်း တာကတော့ အမှန်ပါပဲ။

 ဒါကလည်းအထောက်အထားမဲ့အလုပ်သမားတွေအရမ်းများတဲ့နယ်မြေနဲ့မူးယစ်ဆေးတွေပေါများ
တဲ့နယ်မြေတွေဖြစ်လို့ပါ။
ကျွန်တော်တို့မြန်မာတွေကို သူတို့လုံးဝမဖမ်းပါဘူး။ အခုဆိုရင်ပတ်စပို့တွေလည်း ဗီဇာဆက်ပေး ဝပ်ပါ့မစ်တွေသက်တမ်းတိုးပေးနေပြီ။ (၅)လိုင်းကလူတွေဆိုရင် ထိုင်းစစ်သားဖမ်းခံရတဲ့သူတစ်ယောက်မှ မတွေ့လို့စိတ်ဓါတ်ကျ ပြီးပြန်သွားတယ်။ ကျွန်တော်တို့အဖွဲ့ကဝန်ထမ်းတွေဟာ မဟာချိုင်မှာ
ဘာဖြစ်လဲ အားလုံးသိရအောင်ကြိုးစားလိုက်ရှာနေတဲ့သူတွေပါ။ 

ဒီနေ့တော့ ထိုင်းစစ်သားအဖမ်းခံရတဲ့သူကို ကျွန်တော်တို့အဖွဲ့ဝင်တွေလိုက်ရှာတာ
တစ်ယောက်မှ မတွေ့ခဲ့၇ပါဘူးဆိုတာတင်ပြလိုက်ရပါတယ်။ ဓါတ်ပုံမှတ်တမ်း
လေးတွေပါထည့်ထားတယ်နော် မယုံမှာစိုးလို့ပါ။

(မှတ်ချက်။   ။ဖမ်းဆီးတဲ့သတင်းတွေကိုလိုက်နေတာသူတို့(၅)လိုင်းတစ်လိုင်း တည်းမဟုတ်ဘူး သတင်းငှာနပေါင်းစုံကပါ။)
မြန်မာဆိုရင် ထိုင်းစစ်သားတွေ မဖမ်းဘူး ထိုင်းနိင်ငံရောက်မြန်မာရွေ့ပြောင်း
အလုပ်သမားတွေအားလုံးစိတ်အေးချမ်းသာစွာ အိပ်စက်နိင်ကြပါစေ။

"ရဲမင်း" (ခေတ္တ့လူ့ပြည်) မဟာချိုင်-ရတ်(စ်)ထိုင်း ဖောင်ဒေးရှင်း
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်