အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » , » ယနေ့ညအတွက် ပုံပြင်လက်ဆောင်

ယနေ့ညအတွက် ပုံပြင်လက်ဆောင်

Written By MyanmarChnnel@ on Monday, June 16, 2014 | 9:44 AM

 



::: မနက်ဖြန်ရောက်မှ ပြန်လာပါ။ :::
~~~~~~~~~~~~~~~~~~~~~~~~~

လူငယ်တစ်ယောက်ဟာ ကုမ္ပဏီကြီးတစ်ခုရဲ့မန်နေဂျာရာထူးအတွက် အလုပ်သွားလျှောက်ပါတယ်။ သူဟာ အစောပိုင်းအင်တာဗျုးကို အောင်မြင်သွားခဲ့ပြီး ယခုအခါ နောက်ဆုံးအင်တာဗျုးအတွက် ဒါရိုက်တာ နဲ့ တွေ့ရ မှာဖြစ်ပါတယ်။

ဒါရိုက်တာဟာ လူငယ်ရဲ့အလုပ်လျှောက်လွှာကိုကြည့်လိုက်တဲ့အခါမှာ ပညာရေးနဲ့ပတ်သက်တဲ့အောင်မြင်မှုဟာ ထွန်းထွန်းပေါက်ပေါက်ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။
ဒါရိုက်တာကမေးပါတယ်။

“မင်းကျောင်းမှာ စကောလာရှစ်တစ်ခုခုရခဲ့သလား?”

“မရခဲ့ပါဘူး” ဟုလူငယ်ကဖြေသည်။

“ ဒါဆိုကျောင်းစရိတ်ကို မင်းရဲ့ဖခင်က ပေးတာပေါ့ ဟုတ်လား?”

“ကျွန်တော့်အဖေဟာ ကျွန်တော်တစ်နှစ်သားမှာပဲ ဆုံးသွားပါတယ်။ ကျောင်းစားရိတ်ကို အမေကပေးတာပါ” ဟုသူပြန်ဖြေ၏။

“မင်းရဲ့အမေက ဘယ်မှာ အလုပ်လုပ်သလဲ?”

“ကျွန်တော့်အမေက အ၀တ်လျှော်တဲ့သူပါ ခင်ဗျာ”

ဒါရိုက်တာက လူငယ်ဖြစ်သူအား လက်နှစ်ဘက်ကို ပြရန်ပြောလိုက်ပါတယ်။ လူငယ်ဟာ သူ့ရဲ့ချောမွေ့ပြီး အပြစ် ကင်းစင်နေတဲ့လက်အစုံကို ပြသလိုက်ပါတယ်။

“အရင်က မင်းရဲ့အမေကို မင်းအ၀တ်ကူလျှော်ဖူးသလား?”

“တစ်ခါမှ မလျှော်ဖူးပါဘူးပါခင်ဗျာ။ အမေက ကျွန်တော့်ကို စာကြည့်ဖို့နဲ့ စာများများ ဖတ်စေချင် တာပါ။ နောက်ပြီး တစ်ခုရှိတာက ကျွန်တော့်အမေဟာ ကျွန်တော့်ထက် အ၀တ်တွေကို ပိုပြီးမြန်မြန်လျှော်နိုင်ပါ တယ်။”

ဒါရိုက်တာကပြောလိုက်ပါတယ်။
“ကိုယ် မင်းကိုတစ်ခုတောင်းဆိုချင်တယ်။ ဒီနေ့ မင်းအိမ်ကိုပြန်ရောက်တဲ့အခါမှာ မင်းအမေရဲ့လက်တွေကို သွားပြီး သန့်သန့်ရှင်းရှင်းဖြစ်အောင်ဆေးကြောပေးပါ။ ပြီးပြီဆိုရင် နောက်နေ့ မနက်ဖြန်မနက်မှာ ကိုယ့်ကို လာတွေ့ ပါ။”
---
လူငယ်မှာ သူအလုပ်ရဖို့အခွင့်အလမ်းများနေပြီဟု ခံစားမိလိုက်သည်။ အိမ်ပြန်ရောက်သည့်အခါ အမေ့ကိုမေးပြီး အမေ၏လက်များကိုဆေးကြောခွင့်ပြုဖို့ပြောသည်။ အမေဖြစ်သူမှာ ထူးဆန်းမှု နှင့်ပျော်ရွှင်မှုရောထွေးနေသော အရသာကိုခံစားမိလျှက် အမေ၏လက်များကို သားဖြစ်သူအားပြသလိုက်လေ၏။

လူငယ်သည်အမေ၏လက်များကို ဖြေးညင်းစွာဆေးကြောပေးသည်။
ဆေးကြောပေးနေချိန်တွင် လူငယ်၏မျက်ရည်စက်များ ကျလာလေသည်။ သူ့မိခင်၏လက်များမှာ အလွန်အမင်း တွန့်လိပ်နေပြီး လက်ပေါ်တွင် အနာများစွာပေါက်နေသည်ကို တွေ့ရှိလိုက်သည်မှာ သူ့အတွက် ပထမဆုံး အကြိမ်ပင်ဖြစ်သည်။ အချို့အနာများသည် နာလွန်း၍ထင်ပါသည်။ သူထိလိုက်သည့်အချိန်တွင် မိခင်ဖြစ် သူမှာ တစ်ချက် တစ်ချက် တွန့် တွန့် သွားလေသည်။

လူငယ်အတွက်တော့ ဒီတစ်ကြိမ်ဟာ ပထမဆုံးအကြိမ်ပါပဲ။

သူ့ကျောင်းစားရိတ်တွေကိုပေးနိုင်အောင် နေ့စဉ်နဲ့အမျှ ဒီလက်အစုံဟာ အ၀တ်တွေကိုလျှော်ခဲ့တာပါ။ တ ကယ်တော့ အမေဖြစ်သူရဲ့လက်ပေါ်က အနာတွေဟာ သူ့ပညာရေးအတွက်၊ သူ့ကျောင်းတွင်း ကိစ္စတွေ အတွက်၊ သူ့အနာဂတ်အတွက်ပေးဆပ်ထားတဲ့ တန်ဖိုးတွေပါ။

အမေဖြစ်သူရဲ့လက်ကို သန့်စင်ဆေးကြောအပြီးမှာတော့ လူငယ်ဟာ သူ့အမေလျှော်ဖို့ ကျန်နေသေးတဲ့ 
အ၀တ်တွေ ကို တိတ်တိတ်ဆိတ်ဆိတ်လျှော်ဖွတ်လိုက်ပါတယ်။
---
အဲဒီညက အမေနဲ့သားဟာ စကားတွေအကြာကြီးပြောဖြစ်ခဲ့ကြပါတယ်။
---
နောက်နေ့မနက်မှာတော့ လူငယ်ဟာ ဒါရိုက်တာရဲ့ရုံးခန်းကိုသွားပါတယ်။
ဒါရိုက်တာဖြစ်သူဟာ လူငယ်ရဲ့မျက်ဝန်းထဲက မျက်ရည်စတွေကို သတိပြုမိပြီး လူငယ်ကိုမေးလိုက်ပါတယ်။

“ ကဲ ပြောပါဦး မနေ့က မင်းအိမ်မှာ မင်းဘာတွေလုပ်ခဲ့တယ်၊ ဘာသင်ခန်းစာတွေရခဲ့တယ်ဆိုတာကို”

လူငယ်ကဖြေပါတယ်။

“ ကျွန်တော်အမေ့လက်တွေကို ဆေးကြောသန့်စင်ပေးပြီးတော့ ကျန်နေတဲ့အ၀တ်တွေကို ပြီးအောင်လျှော်ဖွပ် ခဲ့ပါတယ်”

“ ကျွန်တော်အခု နှစ်သက်မြတ်နိုးတန်ဖိုးထားစရာဟာ ဘာလဲဆိုတာသိလိုက်ပါပြီ။ အမေသာ မရှိခဲ့ရင် ကျွန်တော် အခုဒီလိုဖြစ်လာမှာ မဟုတ်ပါဘူး။ အမေ့ကို ကူညီပေးရင်းနဲ့ အလုပ်တစ်ခုကို ကိုယ့်ဘာသာ ပြီးအောင် လုပ်ဖို့ဆိုတာ ဘယ်လောက်ခက်ခဲကြမ်းတမ်းသလဲဆိုတာ သဘောပေါက်လိုက်ပါပြီ။ နောက်ပြီး မိသားစုကို ကူညီ လုပ်ကိုင်ပေးခြင်းရဲ့ တန်ဖိုးနဲ့အရေးပါမှုကို ကျွန်တော် ခံစားနားလည်မိလိုက်ပါပြီ။”
---
ဒါရိုက်တာက “ မန်နေဂျာရာထူးအတွက် ကိုယ်ရှာနေတာ အဲဒါပဲ။ လူတစ်ယောက်ဟာ အခြားသူတွေရဲ့ အကူအညီကို တန်ဖိုးထားတတ်တဲ့သူ၊ အလုပ်တစ်ခုပြီးအောင်ဘယ်လောက် ဒုက္ခခံရတယ်ဆိုတာ သိတဲ့သူ၊ ပြီးရင် ဘ၀မှာ ပိုက်ဆံကို သူ့ရဲ့တစ်ခုတည်းသောပန်းတိုင်အဖြစ် သတ်မှတ်မထားတတ်သူ ကိုပဲ ကိုယ်အလုပ် ခန့်ချင်တယ်။”
---
“ မင်းကို အလုပ်ခန့်လိုက်ပါပြီ”။
===

Credit to English-မြန်မာ စာပဒေသာ။
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်