အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » , » ပုဝါပါးလေး ခြားမိတယ်

ပုဝါပါးလေး ခြားမိတယ်

Written By MyanmarChnnel@ on Thursday, July 3, 2014 | 5:33 AM

ချစ်ခွင့်သ၀ဏ်လွှာ
သူတင်သော်လည်း
ချက်ချင်းပျော့မရ
ထိန်းမာနကြောင့်

သူလဲချစ်ခင်
ပျိုလဲချစ်ခင်
စိတ်ချင်းနွယ်ယှက်
သိနေကြလဲ
နှုတ်မှဖွင့်ဟ
ဝန်မခံရဲပါ။

ပျိုတို့ဇာတ်လမ်း
ဘယ်ချိန်ကျမှ
ထပ်တူကျမလဲ
တွေးရင်းရင်မော
မရေရာတဲ့
အချိန်တစ်ချို့ကို
မေးမိပါရဲ့။

သူ့အတွက်ဆိုလျှင်
ပျိုရင်ခွင်က
တံခါးဖွင့်ထား
ကြိုဆိုတမှု
ပြုပါသော်ငြား

တားမြစ်သိက္ခာ
က္ကနြေ္ဒတို့ကြောင့်
သူနဲ့ပျိုကြား
ပုဝါပါးလေး
ခြားမိတယ်။

ပျိုနှစ်သက်သူ
လုလင်မောင်ရဲ့
ပုဝါကိုဖွင့်
ချစ်ခွင့်ဆင်မယ့်နေ့ကို
ရင်တထိတ်ထိတ်စောင့်
ကုန်ဆုံးနေ စက္ကန့်တိုင်းမှာ
မျှော်လင့်နေရသူပါကွယ်။

လွမ်းဆုလေး

Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်