တစ်ခါတုန်းကဗာရာဏသီပြည်ကာသိရွာမှာ
လယ်သမားပုဏ္ဏား တစ်ယောက်ဟာ နွားပျောက် တာကို လိုက်ရှာရင်း
ရှာရင်းနဲ့ တောထဲမှာမျက်စိလည်သွားပါတယ်။ ကြာလာတော့ မော လာပါတယ်။တည်ပင်
တစ်ပင်တွေ့တော့
တည်ပင်ပေါ်တက်ပြီး ဆာလည်းဆာနေတာနဲ့ တည် ပင်ပေါ်မှာပဲ
တည်သီးကိုစားပါတယ်။
စားနေရင်းပဲေ အာက်ချောက်တွင်းထဲ
ကိုပြုတ်ကျသွားပါတယ်။ချောက်တွင်းထဲကျသွားတော့ အစာကပို ငတ်သွားပါတယ်။
အဲဒီအချိန်မှာဘုရား အလောင်းေ တ်ာမျောက်မျိုးမှာဖြစ်နေပါတယ်။
အစာရှာထွက်ရင်းချောက် တွင်း ထဲကျနေတဲ့ပုဏ္ဏားကိုတွေ့သွားပါတယ်။
ဘုရားအလောင်း မျောက်အနေနဲ့ ချောက်တွင်းထဲဆင်းပြီး ကယ်ဖို့ ဆိုတာလည်း
မဖြစ်နိုင်ပါဘူး။ ဆင်းကယ်ရင် ကိုယ်ပါပြန်တက်လို့ ရတော့မှာ မဟုတ်ပါဘူး။
ဘုရားအလောင်း မျောက်မင်းက ဉာဏ်သုံးပြီး ကယ်ပါတယ်။ အနီးအနားမှာ ရှိတဲ့
ကျောက်ခဲတွေ ကို ချောက်တွင်းထဲ ပစ်ပစ်ချပေးပါတယ်။ ခဲတစ်လုံးပစ်ချလိုက် ပုဏ္ဏားက ခြေ
ထောက်ကို မပြီး ခဲလုံးလေး ကို ခြေထောက်အောက် သွင်းထားလိုက်နဲ့ ကြာလာတော့
ခဲတွေပြည့်လာပြီး ပုဏ္ဏားလည်း အပေါ်တက်လို့ ရ သွားပါတော့တယ်။
ဒါပေမယ့်
ဘုရားအလောင်း မျောက်မင်းခမျာ တွင်းတစ်တွင်းစာ ခဲတွေပစ်ချ ပေးလိုက် ရတော့
တော်တော်လေး မောပန်းသွားပါတယ်။ ဒါကြောင့် ပုဏ္ဏားကို ခဏလှဲပါရစေဆိုပြီး အိပ်
ပျော်သွားပါတယ်။ ထိုအခါ ပုဏ္ဏားက အိပ်ပျော်နေတဲ့ မျောက်မင်းကိုကြည့်ပြီး “
ဒီမျောက်ကိုသတ်ပြီး အိမ် ကိုသယ်သွားရင် မိသားစု စားလို့ရမှာပဲ ” လို့ တွေးမိပါတယ်။
ဒါကြောင့် အနီးမှာရှိတဲ့ ကျေက်ခဲနဲ့ မျောက်မင်းရဲ့ခေါင်းကို ထုချလိုက်ပါတယ်။
ဒါပေမယ့် ချောက်ထဲ ကျပြီး အစာငတ် ရေငတ်နဲ့ အားပျော့နေတာဆိုတော့ သေလောက်အောင်
အင်နဲ့အားနဲ့ မထုလိုက်နိုင်ပါ ဘူး။ မျောက်မင်းလည်းအထုခံလိုက်ရတာနဲ့သစ်ပင်ပေါ်ပြေးတက်လိုက်ရပါတယ်။ပုဏ္ဏားရဲ့လက်ချက်ကြောင့်ပဲ
ခေါင်းမှာသွေးတွေ တစ်စက်စက် ကျလာပါတယ်။ ပုဏ္ဏားဟာ သူ့အစွမ်းအစနဲ့ ဘယ်လိုမှ
တောထဲကထွက်ပြီး ရွာကိုရောက်အောင် မပြန် နိုင်ပါဘူး။ ဒါကိုသိတဲ့ ဘုရားအလောင်း
မျောက်မင်းက “ ပုဏ္ဏား.. ဒီတောဟာ သိပ်ထူထပ်တယ်၊ ငါက သစ်ပင်ပေါ်က လမ်းပြမယ်၊ သင်က
အောက်က လိုက်ခဲ့ပါ ” လို့ ပြောပြီး တောအုပ် အပြင်ဘက် ရွာအနီးအထိ
လိုက်ပို့ပေးပါတယ်။
လယ်တီဆရာတော်ဘုရားကြီးက
ဒီဝတ္ထုလေးကို ထုတ်ပြပြီး ပါရမီဆယ်ပါး ပါပုံကို ဖွင့်ပြပါတယ်။
၁။
ပုဏ္ဏားရဲ့ အသက်ကို ကယ်လိုက်တာက ဒါနပါရမီပါ။
၂။
ပုဏ္ဏားက ခေါင်းကို ကျောက်ခဲနဲ့ထုပေမယ့် ပြန်ပြီး လက်တုံ့မပြန်တာ၊ ကြမ်းကြုတ်တဲ့စကား
တွေကို မပြောမိအောင် ထိန်းသိမ်းတာက သီလပါရမီပါ။
၃။
တစ်စုံတစ်ရာ လောကီအကျိုးကို မတောင့်တဘဲ ပုဏ္ဏားကို ကယ်တင်လိုက်တာက နေက္ခမ္မပါရမီပါ။
၎။
ပုဏ္ဏားကို ချောက်တွင်းထဲကနေ အပေါ်ရောက်အောင် ဘယ်လိုကယ်ရမလဲလို့ သိတာကပညာပါရမီပါ။
၅။
သိတဲ့အတိုင်း နောက်မဆုတ်ဘဲ ကြိုးပမ်းအားထုတ်တာက ၀ီရိယပါရမီပါ။
၆။ ကျောက်ခဲနဲ့ ခေါင်းထုတာကို သည်းခံတာ၊
နာကျင်တဲ့ ဝေဒနာကို သည်းခံနိုင်တာတွေကခန္တီပါရမီပါ။
၇။
သင့်ကို ငါကယ်မယ်လို့ ပုဏ္ဏားကို ပြောကြားထားတဲ့ “ နှုတ်ပဋိညာဉ် ”ကို မဖျက်တာက
သစ္စာ ပါရမီပါ။
၈။
ပုဏ္ဏားရဲ့ အကျိုးကို အဆုံးတိုင်အောင် ငါ ဆောင်မယ်လို့ ဆုံးဖြတ်ထားတဲ့ “
စိတ်ပဋိညာဉ် ”ကို မရွှေ့မပြောင်းတာက အဓိဌာန်ပါရမီပါ။ ( နှုတ်နဲ့ စိတ် ကွာပါတယ်)
၉။
ချောက်တွင်းထဲကျနေတဲ့ ပုဏ္ဏားကိုကြည့်ပြီး ငါ မကယ်ရင်တော့ သေတော့မှာပဲလို့ ပုဏ္ဏား
ရဲ့အကျိုးကို လိုလားတောင့်တစိတ်၊ ပုဏ္ဏားအပေါ် သနားကြင်နာစိတ် ၀င်လာတာက မေတ္တာ ပါရမီပါ။
၁၀။
သူ့အကျိုးကို ဒီလောက် အပင်ပန်းခံပြီး ပြုပေမယ့် ငါ့ကို ဒီလိုကျောက်ခဲနဲ့ ခေါင်းကို
ထု ရက် လေခြင်းလို့ ပုဏ္ဏားရဲ့အပေါ်မှာ စိတ်မကွက်တာက ဥပေက္ခာပါရမီပါ။
{ရဝေနွယ်(အင်းမ)၏ မြင့်မြတ်သူတို့ရဲ့အလုပ်
0 comments:
Post a Comment