ဒါက " ၀ " လုံး အစသုံး၍
တပည့်လက်ကိုဆုပ်
" ၀ "လုံးကလေး ၀ိုင်းဖို့
သင်ပြပေးခဲ့တယ်။
ဒါက " အမှား " ဒါက " အမှန် "
ဒါက " အကောင်း " ဒါက " အဆိုး " လို့
တစ်ခုစီခွဲခြမ်း မှတ်သားစေလျှက်
ဂုဏ်ပကာသန မခြား ရင်ဝယ်သားပမာ
လမ်းပြပေးခဲ့ကြတယ်။
လူတော် တပည့်ဖြစ်လာဖို့အရေး
တွေးကာ ပီတိ ပြုံးနေခဲ့သည်
ဆရာ့အပြုံးများ တောက်ပနေခဲ့။
နိုင်ငံအနာဂတ် ချစ်တပည့်ငယ်တို့
ထွန်းတောက်ပါမှ
တို့နိုင်ငံ တိုးတက်မည်ဟု
နားထဲရိုက်သွင်း လူကောင်းဖြစ်ဖို့
ဆုံးမခဲ့တယ်။
မေတ္တာနှင်တံ တစ်ခါကိုင်လို့
လမ်းမှန်ကိုပေး လမ်းဟောင်းပယ်ဖို့
သွန်သင်ခဲ့ကြ ဆရာတို့တစ်တွေ
ခုချိန်တပည့်ငယ်တို့
နိုင်ငံအကျိုး သယ်ပိုးဆောင်ကာ
တာဝန်ယူကြ မြတ်ဆရာတို့ အား
မြင်လှည့်စမ်းစေချင်သည်။
မြတ်သောဆရာ
နှိုင်းယှဉ်မရ ဤလောကတွင်
ရှားပါးလွန်းခဲ့ မေတ္တာရေစင်
သွန်းလောင်းစင်၍
ချစ်တပည့်တို့လမ်းမှန်
ရောက်အောင်သင်ခဲ့သည်။
ဆရာသာလမ်းပြ
မဆုံးမခဲ့လျှင်
နိုင်ငံအကျိုး သယ်ပိုးနိုင်သူ
တိုင်းပြည်အတွက် အားဆေးတစ်ခွက်
ဖြစ်မလာနိုင်ပါ။
တို့ငယ်စဉ်ကကျောင်းလေး
မပြောင်းလဲပဲ ရှိသလို
ဆရာတို့လဲ ပညာရေအေး
တိုက်ကျွေးနေဆဲ...
လမ်းပြနေဆဲပါပေ။
ဆရာ့မေတ္တာ ဆရာ့ကျေးဇူး
တွေးနေရင်းနှင့်
တရေးရေးမြင်လာမိသည်
အနန္တဂိုဏ်းဝင် ဆရာတစ်ပါးပေမို့
လက်စုံမိုး၍ ရှိခိုးပါ၏ ။
ဆရာ့ကျေးဇူး မေတ္တာတို့ကို
ချစ်တပည့်ငယ်ရေး
ဒီကဗျာစာငယ်လေးနှင့်
ဂုဏ်ပြုအပ်ပါသည်။
လွမ်းဆုလေး
0 comments:
Post a Comment