အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » , » မင်းသိသည်ဖြစ်စေ... မသိသည်ဖြစ်စေ

မင်းသိသည်ဖြစ်စေ... မသိသည်ဖြစ်စေ

Written By MyanmarChnnel@ on Saturday, September 6, 2014 | 10:27 PM




ချိုမြိန်တဲ့ မင်းအနမ်းလေး 
ငါ မပိုင်ဆိုင်ရခဲ့တောင် 
ဖုန်းထဲက ကြင်နာမှုနဲ့ 
ငါ ပျော်နေမိတယ်။ 

နွေးထွေးတဲ့ မင်းရင်ခွင်လေး 
ငါ ခိုလှုံခွင့်မရသေးရင်တောင်
ဖုန်းထဲက နွေးထွေးမှုနဲ့ 
ငါ ကျေနပ်မိတယ်။ 

အေးချမ်းတဲ့ မင်းအပြုံးလေး 
ငါ တကယ်မတွေ့ရသေးတာတောင်
ဖန်သားပြင်မှ အပြုံးလေးနဲ့ 
ငါ ကြည်နူးမိတယ်။ 

သာယာတဲ့ မင်းအသံလေး 
ငါ အမှန်မကြားရသေးတာတောင်
လေထဲက ညင်သာမှုနဲ့ 
ငါ ပြုံးနေမိတယ်။

အမှန်တကယ် ချစ်ခဲ့တော့လဲ 
မင်းသိသည်ဖြစ်စေ 
မသိသည်ဖြစ်စေ 
နားလည်သည်ဖြစ်စေ 
နားမလည်သည်ဖြစ်စေ 

ငါ့ရင်ထဲ.... 
နှလုံးသားထဲမှာ 
ဖျက်မရတဲ့ တက်တူးတစ်ခုလိုမျိုး 
အပြီးတိုင် ငါရေးဆွဲထားမိပါတယ် 
ချစ်သူရယ်... 

လွမ်းဆုလေး
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်