အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » Lucy (2014) မြန်မာစာတန်းထိုး

Lucy (2014) မြန်မာစာတန်းထိုး

Written By MyanmarChnnel@ on Saturday, October 25, 2014 | 3:51 AM


Lucy (2014)  မြန်မာစာတန်းထိုး

ကျနော်ကိုယ်တိုင် ကြည့်ချင်လွန်းလို့ နေ့စဉ် ရှာဖွေနေမိတဲ့ ဇာတ်ကားပါ..
ဇာတ်လမ်းကတော့ ....
လူစီ ဆိုတဲ့ အသက် ၂၀ ကျော် အမေရိကန်သူဟာ ထိုင်ဝမ်ရောက်နေတယ်။ သူ့ဘဲက ငရှုပ်။ တစ်နေ့ သူ့ဘဲက သူ့ကို ဟော်တယ်ကြီးတခုရှေ့ကို ချိန်းတယ်။ ပြီးတော့ လက်ဆွဲသေတ္တာ အငယ်စားတစ်လုံးကို ယူပြီး ဟော်တယ်မှာ တည်းနေတဲ့ မစ္စတာ Jang ဆိုသူကို ပေးခိုင်းတယ်။ လူစီက ငြင်းတော့ လက်ဆွဲသေတ္တာနဲ့ လူစီရဲ့လက်ကို လက်ထိပ်ခတ်ပြီး သွားပေးခိုင်းတယ်။ ကောင်မလေးက မထူးတော့ဘူးဆိုပြီး ဟိုတယ်ကိုဝင် reception မှာစုံစမ်းတော့ အဲ့ဒီ ကိုရီးယား သူဌေးရဲ့ တပည့်တွေ ဆင်းလာတယ်။ ချက်ချင်းပဲ အပြင်မှာ စောင့်နေတဲ့ လူစီ့ ဘဲကို ပစ်သတ်ပလိုက်တယ်။ လူစီလဲ သွေးပျက်သွားတယ် ချင်ချင်း။ အဲ့ဒီလက်ဆွဲ သေတာထဲမှာ CPH4 လို့သူတို့ ပြောတဲ့ ဆေးပြားတွေ ပါတယ်။ အဲ့ဒီ ဆေးပြားတွေကို ပလပ်စတစ် အိတ်ငယ်နဲ့ ထည့်ထားတယ်။ အဲ့ဒါကို အဲ့ဒီဆေးတွေ မှောင်ခိုသယ်တဲ့ လူတွေရဲ့ ဗိုက်ထဲကနေ ထည့်ပြီး ဥရောပကို ပို့တယ်။ လူစီလဲ အဲ့ဒီမှာ ဓါးစာခံဖြစ်သွားပြီး ဗိုက်ထဲ ဆေးအိပ်တွေ အထည့်ခံလိုက်ရတယ်။ သူ့ကို တုပ်နှောင်ထားတဲ့ အချိန်မှာပဲ သူဌေးရဲ့ အောက်ခြေတပည့် တစ်ယောက်က လက်သရမ်းလို့ လူစီက ပြန်ခံပတ်တော့ ဆေးအိပ်ထည့်ပြီး ချုပ်ထားခါစ ဗိုက်ကို လက်သီးနဲ့ထိုးတယ်။ မေ့မျောသွားတယ်။ မေ့မျောနေစဉ်မှာပဲ ခုနက ထိုးလိုက်လို့ ဆေးအိတ်တွေပေါက်ပြီး သူ့ရဲ့သွေးသားတွေထဲကို ပျော်ဝင် ပေါက်ကွဲထွက်ကုန်ပြီး အသွေးအသား Tissues တွေနဲ့ ရောထွေးပျော်ဝင် စီးဆင်းသွားတော့တယ်။ ဇာတ်လမ်းက အဲ့မှာ စတာပဲ။

အဲ့ဒီ ဆေးတွေ ခန္ဓာကိုယ်မှာ ပျော်ဝင်သွားတဲ့ အစွမ်းကြောင့် လူစီရဲ့ Brain Capacityက 20% ကို အလုပ် လုပ်သွားပြီး Physical & Mental ပါဝါက သာမန်လူထက် ၂ဆ ခုန်တက်သွားတယ်။ သာမန်လူတွေရဲ့ ဦးနှောက်အလုပ်လုပ်မှုက သာမန်အားဖြင့် 10%ပဲရှိတယ်တဲ့။ (ဇာတ်ကားထဲမှာတော့ အဲ့လို ပြောတာပဲ၊ ဆေးပညာနဲ့ IQ research တွေကို စိတ်ဝင်စားတဲ့သူတွေ ပိုသိလိမ့်မယ်) သိပံ္ပပညာရှင်တွေနဲ့ သာမန်ထက်ပိုတဲ့ တွေးခေါ်ပညာရှင်တွေမှာ IQ rate 160 အထက် မြင့်တဲ့သူတွေမှ သာလျှင် အဲ့ထက် ရာခိုင်နှုန်းထက် အနည်းငယ် ပိုပြီး အလုပ်လုပ်ကြတာကို လူတွေရဲ့ IQ ကို Research လုပ်နေတဲ့ ပရော်ဖတ်ဆာ Samuel Norman က သူ့ကျောင်းသားတွေကို ရှင်းပြနေတဲ့ ဇာတ်ဝင်ခန်းရယ် လူစီရဲ့ တခါတိုးရင် 10%လောက်တိုးလာတဲ့် Brain Capacity ကြောင့် ဖြစ်ပျက်ပြောင်းလဲနေတာတွေရယ်ကို စာသင်ခန်းက ကျောင်းသားတွေ မေးတဲ့ မေးခွန်းတွေနဲ့တွဲတွဲပြီး ဇာတ်ကားထဲမှာ ရိုက်ပြသွားတယ်။

သာမန် 10% ကနေ 20% ကိုရတဲ့အချိန်မှာ လူစီဟာ သူ့ကို ချုပ်ထားတဲ့ အချုပ်ခန်းကနေ လူမိုက်ဆန်ဆန် ဖောက်ထွက်လာပြီး ဗိုက်ထဲက ဆေးထုတ်တွေကို ဆေးရုံမှာ သွားထုတ်တယ်။ ပြီးတော့ အဲ့ဒီ ကိုရီးယား ဘောစိနဲ့ သူ့ဂိုဏ်းဆီကို ပြန်သွားပြီး ကောင်းကောင်းဆုံးမပလိုက်တယ်။ ဘောစိကြီးရဲ့ ခြေတွေ လက်တွေကို ဓါးနဲ့ ဆိုက်ပြီး ထားခဲ့တယ်။ အဲ့ဒါ သူ့အတွက် တောကြီးမြွေဟောက်ကို ထိပ်သွားပုတ်သလို ဖြစ်သွားခဲ့တော့တယ်။ ဇာတ်လမ်းကတော့ အဲ့ဒီ လူတွေနဲ့ ပြိုင်ဆိုင်တာ ကစပြီး ကျောရိုးယူလိုက်တာပါပဲ။ ဒါပေမယ့် ဇာတ်ကား တစ်ခုလုံး တကယ်ပေးချင်တဲ့ မတ်ဆေ့က သာမန်လူသားတွေထက် ဦးနှောက် ပိုမို အလုပ်လုပ်နိုင်ရင် ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာကို ချပြချင်တာ။ ချပြတယ်ဆိုတဲ့ နေရာမှာလဲ နမရွံ့ပိတ်လုပ်ပြီး ချပြတာမျိုး မဟုတ်ပဲ ရုပ်ရှင်ကြည့်နေတဲ့ လူသားရဲ့ လက်ခံနိုင်စွမ်းကို မျှားခေါ်သွားပြီး တခုချင်းပြသွားတာလို့ ပြောရမယ်။

ဘာလို့ လက်ခံနိုင်စွမ်းလို့ ပြောရ သလဲဆိုရင် သူရိုက်ပြတဲ့ 30%လောက်မှာ ဖြစ်ပျက်နေတာလောက်က သာမန်လူတွေ အနေနဲ့ အဲ့ဒီ ဇာတ်ဝင်ခန်းကို ကောင်းကောင်းနားလည်ခံစားလို့ရတယ်။ ဥပမာ အလုပ် တခုကို အာရုံအရမ်း ၀င်စားသွားရင် အလုပ်နဲ့ပါတ်သတ်တဲ့ အားသာချက် အားနည်းချက်တွေကို မြင်ကြဖူးတယ်။ မဖြေရှင်းနိုင်တဲ့ အလုပ်တွေကို အာရုံ စူးစိုက်မှု့ အရမ်းမြင့်လာရင် ဖြေရှင်းနိုင်ကြဖူးတယ်။ စိတ်အာရုံစူးစိုက်မှု့ အားကောင်းလွန်းလို့ တည်ငြိမ် ငြိမ်သက်နေရင် ကိုယ့်စီရောက်လာတော့မယ့် အထိအတွေ့ရဲ့ sense တွေကို ကြိုပြီးရတတ် ကြဖူးတယ် ၊ ဒါတွေဟာ သာမန်လူသားတွေမှာ မကြာခန ထွက်လာတတ်တဲ့ စွမ်းအားတွေပါ။ ဥပမာ နောက်တခု ၊ တရားကို သေချာလိုက်စားပြီး ထိုင်ဖူးတဲ့သူတွေ သိမှာပါ အရမ်း ရေချိန်မြင့်လာရင် ခန္ဓာကိုယ်မှာ လှည့်ပတ်နေတဲ့ သွေးစက် အမှုန်လေးတွေရဲ့ ဖွစာကျဲပြီး ကျင်စက်စက် လှုပ်ရှားနေတာတွေ ။ အကျောတွေ အရိုးအစစ်တွေ သူ့ဟန်ချက်နဲ့သူ လှုပ်ရှားနေတာ၊ ၀မ်းဗိုက်အတွင်းပိုင်းက ကလီဇာတွေရဲ့ နိမ့်တုန်မြင့်တုန် လှုပ်ရှားနေတာ တွေကို အာရုံနဲ့ခံစားပြီး အပြင်မှာ တကယ်ရှိနေတာနဲ့ ချွတ်စွတ်တူအောင် မြင်ဖူးကြတဲ့သူတွေရှိမှာပါ။ အဲ့ဒီအချိန်တွေဟာ ၀ိပသနာနဲ့ မပြောပဲ သာမန်အတိုင်း ပြောမယ်ဆိုရင် စိတ်စုစည်းမှု အားကောင်းပြီး လူတွေရဲ့ သာမန်ထက် ပိုပြီး မန်မိုရီအားကောင်းနေတဲ့အချိန် ရောက်သွားလို့ အဲ့လိုတွေ ကြုံရတာလို့ ထင်တယ်။ စိတ်တည်ငြိမ်မှု့ အားကောင်းရင် မန်မိုရီကို အလေးသာစေတဲ့ အယူအဆလဲ လက်တွေ့မှာ တကယ် ရှိပါတယ်။ ဒီကားထဲမှာလဲ လူစီရဲ့ Brain Capacity တိုးသွားတိုင်း စွမ်းအားတွေ မြင့်လာတာတွေကို ထည့်ရိုက်ပြတော့ 40%လောက်ထိက ဒါရိုက်တာပေးချင်တဲ့ မတ်ဆေ့ကို သာမန်လူတစ်ယောက်က ခန္ဓာကိုယ်နဲ့ရင်းပြီး နားလည်နိုင်စွမ်းရှိစေတယ်။ ဇာတ်လမ်းတခုလုံးကလည်း အဲ့လို နားလည်မှု့တွေ ပေးပေးပြီး ဆွဲခေါ်သွားတာပဲ။

လူစီရဲ့ ခန္ဓာကိုယ်ဟာ သူ့လှုပ်ရှားမှု့ နဲ့အမျှ ပါဝါတွေ တက်နေတော့တယ်။ 40%လောက် အလုပ်လုပ်တဲ့အချိန်မှာ သူဟာ လောကကြီးမှာ ဖြစ်ပျက်လှုပ်ရှား ခုတ်မောင်းနေတဲ့ဆွဲငင် အားတွေ၊ လူတစ်ဦးချင်းဆီရဲ့ ခန္ဓာကိုယ်မှာ စီးဆင်းနေတဲ့ ဆဲလ် တွေ ၊သစ်ပင်တွေရဲ့ ဓါတ်ကြီးလေးပါးနဲ့ရှင်သန် ဖြစ်ထွန်းနေတာတွေကို မြင်ရတဲ့ အဆင့်ရောက်သွားတယ်။ (စူပါဟီးရိုးကားတွေဖြစ်တဲ့ လင်းနို့လူသားတို့ ပင့်ကူလူသားတို့လို ကြည့်ကောင်းရင် ပြီးရော Effect တွေ နင်းကာသိပ်ထည့်ပြီး ရိုက်ထားတာမျိုး လုံးဝ မဟုတ်ဘူး။)

အဲ့လိုပဲ သူ့နောက် လိုက်နေတဲ့ ဘောစိတို့ကို ရှောင်ရင်း (ရှောင်တာတော့ မဟုတ်ဘူး သူ့အတွက် စက်သေနတ်တွေ ကိုင်ထားတဲ့ ရန်သူဆိုတာ တကယ့်ကို မလောက်လေး မလောက်စား အဆင့် ဖြစ်သွားပြီ၊ သူက ပရော်ဖတ်ဆာ နော်မန် ကို ရှာနေတာ၊ သူ့မှာ ဖြစ်ပျက်နေတာတွေကို အဲ့ဒီ ပညရှင်နဲ့ဆွေးနွေးချင်နေတယ်)။ ရာခိုင်နှုန်းတွေ 90 လောက်ရောက်ချိန်မှာတော့ အချိန်တွေရဲ့ ပြောင်းလဲမှု့တွေနဲ့အတူ သဘာဝတရားရဲ့ အရင့်အမှည့် ပြောင်းလဲမှုတွေကိုပါ နောက်ဆုတ်ကြည့် ရှေ့တိုးကြည့်လို့ရတဲ့အနေ အထားတွေ ရောက်ကုန်တယ်။ ပဲရစ်မျှော်စင်ကြီး ရှိတဲ့နေရာဟာ ကမ္ဘာဦး အစက ဘယ်လိုရှိနေခဲ့သလဲ ဆိုတာတွေ သူက Time reverse လုပ်ပြီး မြင်နေရတယ်။ အဲ့ဒီ အဆင့်ထိတော့ မလိုက်နိုင်တော့ပေမယ့် ခံစားပေးလို့ရပါတယ်။

ဒီနေရာမှ တခုပြောလိုတာက ဖတ်ဖူးတဲ့ စာအုပ်တွေမှာ လူတွေကိုယ်းကွယ်တဲ့ ဘုရားရှင်အသီးသီးရဲ့ အကြောင်းကို လေ့လာနေတဲ့ အနောက်တိုင်းက ဘာသာမဲ့ လေ့လာသူ တွေရဲ့ မှတ်ချက်ဟာ သာမန်လူတွေထက် ဥာဏ်ပညာ အရမ်းမြင့်မားလွန်းလို့သာ လူတွေ ပင်ကိုယ် အရည်အချင်းနဲ့ မသိနိုင်တဲ့ တရားတွေကို ဟောနိုင်တာ ဆိုပြီး ဆွေးနွေးတဲ့ အယူအဆကို ကျနော်ဖတ်ဖူးတယ်။ လူသာမန်ထက် ဥာဏ်ပညာလွန်ကဲသူလို့ သူတို့ရပ်တည်ချက်နဲ့ သူတို့ မှတ်ချက် ချတဲ့သဘောပါ။ ဘာသာရေး ဘက်ကနေ မပြောပဲ သာမန်အတိုင်း မြင်အောင် ပြောတာပါ။

အဲ့ဒီလိုပဲ တကယ်ပဲ ဦးနှောက်ဟာ 10%လောက်သာအလုပ်လုပ်တာလား၊ အိုင်းစတိုင်းတို့လို IQ Rate 160 ကျော်နေတဲ့သူတွေမှာ တကယ်ပဲ 10/%ထက်ပိုပြီး အ လုပ်လုပ်တာလား ဆိုတဲ့ အတွေးမျိုးရလိုက်တယ်။ အတွေးဟာ ရုပ်တိရှိတယ် မရှိဘူးဆိုတာထက် Brain Capacity သာ 100% အလုပ်လုပ်မယ်ဆိုရင် ဘာဖြစ်သွားနိုင်မလဲ၊ နတ်ဘုရားတွေ တန်ခိုးရှင်တွေဟာ Brain Capacity တွေ ရာခိုင်နှုန်းများစွာ အလုပ်လုပ်တဲ့ (လူ)တွေမို့လို့ တန်ခိုးတွေ ရှိနေတဲ့ ပုံစံမျိုး သာမန်လူတွေက မြင်ကြတာလား ဆိုတဲ့ ပေါ့ပေါ့ ပါးပါး ဆိုက်ကိုတခု ပရိတ်သတ်တွေ ရသွားအောင် ဒါရိုက်တာက ပွဲကြည့်ပရိတ်သတ်ကို ဆေးထိုးပေးလိုက်တဲ့ ဇာတ်ကား ပါပဲ။
(အတွဲနဲ့တော့ သွားမကြည့်သင့်ဘူး၊ မျက်နှာက ရုပ်ရှင် ပိတ်ကားပေါ်က ခွာချင်စိတ် မရှိအောင်ကို ကောင်းလွန်းလို့)
ဒီအညွန်းကတော့ https://www.facebook.com/saw.morris.1 ကနေကူးယူပါတယ်..
pCloud ကနေ တင်ပေးထားပါတယ်..
အောက်က Download ကို ကလစ်ပြီး ကြည့်ရှုဒေါင်းယူနိုင်ပါတယ်..
srt ကို ညီလေး Ko Shine  ပေးလို့ မြန်မာစာတန်းထိုးနဲ့ တင်ပေးလိုက်ပါတယ်..





Download Here

http://pc.cd/M6n

Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်