Home »
ထိုင်းသတင်းများ
» ထိုင်းနိုင်ငံရှိ ၄နှစ်ဗီဇာသက်တမ်းကုန်အလုပ်သမားများအတွက်အသိပေးရှင်းလင်းခြင်း
ထိုင်းနိုင်ငံရှိ ၄နှစ်ဗီဇာသက်တမ်းကုန်အလုပ်သမားများအတွက်အသိပေးရှင်းလင်းခြင်း
---------------------------------------------------------------------------------------------------------
ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေထဲက
၁.၇ သန်းဟာ ယာယီပတ်စ်ပို့၊ဗီဇာ ရှိတဲ့ တရားဝင် အလုပ်သမားတွေဖြစ်ပါတယ်။
အဲ့ဒီအထဲကမှ အလုပ်သမား၃သိန်းကျော်လောက်ဟာ ဗီဇာ ၂နှစ် ၂ကြိမ် စုစု
ပေါင်း၎နှစ်ကျော်လွန်ပြီး ဗီဇာသက်တမ်းကုန်နေသူများဖြစ်ပါတယ်။
ဒီအလုပ်သမား၃သိန်းကျော်ဟာ အခုဆိုရင် ထိုင်းနိုင်ငံထဲမှာ တရားဝင်နေထိုင်၊
အလုပ်လုပ်ကိုင်ခွင့်ရရှိရေးအတွက်
ဘယ်လိုဘယ်ပုံဆက်လုပ်ရမယ်ဆိုတာ သေသေချာချာ၊ တိတိကျကျ မသိကြသေးပါဘူး။
ထို့အတူပဲ ထိုင်းအလုပ်ရှင်တွေလည်း သေချာတိကျစွာ သိရှိ ထားတာမျိုး
မရှိသေးတဲ့အတွက် အများနားလည်လွယ်အောင် ကြိုးစားပြီးရှင်းပြချင်ပါတယ်။
ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ဟာ ၂၀၀၃ခုနှစ်က သဘောတူရေးထိုးထားတဲ့
၂နိုင်ငံသဘောတူညီချက်အရ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေ
ယာယီပတ်စ်ပို့နဲ့ဗီဇာရပြီးရင် ထိုင်းနိုင်ငံထဲမှာ ၄နှစ်ထက်ပိုပြီး
နေထိုင်ခွင့်၊အလုပ် လုပ်ခွင့်ကို မပေးပါဘူး။
ဗီဇာ၎နှစ်ပြည့်ပြီးတာနဲ့တပြိုင်နက်ထဲ
မိမိမူရင်းနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံကို ၃နှစ် ပြန်ရ မယ်ဆိုပြီး သဘောတူ
လက်မှတ်ရေးထိုးထားပါတယ်။ မိမိနိုင်ငံမှာ ၃နှစ်နေပြီးမှ ထိုင်းနိုင်ငံထဲကို
နောက်ထပ် တဖန် အလုပ်လုပ်ဖို့ လာခွင့်ရှိပါတယ်။ ဒီလိုလာရာမှာလည်း
၂နိုင်ငံကသတ်မှတ်ထားတဲ့ တရားဝင်စနစ်နဲ့ လာ ရမယ်လို့ ပါရှိပါတယ်။
အရပ်စကားနဲ့ပြောရရင်တော့ (MoU) စနစ်နဲ့သာ လာရမှာဖြစ်ပါတယ်။
ဒီသဘောတူညီချက်ဟာ လက်တွေ့နဲ့မကိုက်ညီတဲ့အတွက် ၂နိုင်ငံအစိုးရ တို့က
၃နှစ်ပြန်ရမယ်ဆိုတဲ့အစား ရက်အကန့်သတ်မရှိ ပြန်ရမယ်လို့
ပြန်လည်ညှိနှိုင်းပြင်ဆင်ခဲ့ပါတယ်။
သဘောက ၁ရက်ပြန်လည်းရတယ်၊ ၁လပြန်လည်းရတယ်ဆိုတဲ့သဘောပါ။ အရင်က သတ်မှတ်ထားတဲ့
၃နှစ်မဟုတ်တော့ဘူးပေါ့။ ဒါပေမဲ့ ပြန်ဝင် လာရင်တော့ အထက်ကပြောထားတဲ့ (MoU)
စနစ်နဲ့ပဲ ပြန်လာရမှာဖြစ်ပါတယ်။ တပြိုင်ထဲမှာပဲ ၄နှစ်ဗီဇာ
ပြည့်ပြီးသွားသူများအတွက် လုပ်ဆောင်ရမယ့် လုပ်ငဉ်းစဉ်ကို
၂နိုင်ငံအစိုးရတို့က ချမှတ်ခဲ့ပါတယ်။
နားလည်လွယ်အောင်ပြောရရင်တော့ အလုပ်ရှင်နဲ့အလုပ်သမားတို့ဟာ
၂နိုင်ငံကသတ်မှတ်ထားတဲ့ လျှောက် လွှာပုံစံတွေကိုဖြည့်ရပါမယ်။ အလုပ်ရှင်က
မိမိရဲ့လုပ်ငန်းလိုင်စင်၊ မှတ်ပုံတင်၊ အလုပ်သမားငှားရမ်းခွင့်၊ ခေါ်စာ စတဲ့
စာရွက်စာတမ်းတွေ ပြင်ဆင်ဖြည့်စွက်ရပါမယ်။ အလုပ်သမားကလည်း မြန်မာနိုင်ငံက
သတ်မှတ်ထားတဲ့ လျှောက်လွှာပုံစံတွေအပြင် မြန်မာမှတ်ပုံတင်နဲ့အိမ်ထောင်စုစာရင်းကိုပါ ပူးတွဲတင်ရပါမယ်။ အဲ့လို အလုပ်ရှင်နဲ့ အလုပ်သမားတို့လိုအပ်တဲ့စာရွက်စာတမ်းအပြင်ကို နောက်ထပ် လိုလာတာကတော့ မြန်မာပြည်က အစိုးရ လိုင်စင်ရအေဂျင်စီမှတ်ပုံတင်ကိုပါ
ပူးတွဲတင်ရမှာဖြစ်ပါတယ်။ ဒါကလည်း (MoU) စနစ်နဲ့ ပြန်ဝင်လာရမှာဆို တော့
မြန်မာအစိုးရက (MoU) နဲ့ဝင်မယ့်သူတိုင်းကို အေဂျင်စီကသာတဆင့်ဝင်ရမယ်လို့
သတ်မှတ်ထားလို့ဖြစ် ပါတယ်။
ခုနကပြောတဲ့ စာရွက်စာတမ်းတွေပြည့်စုံပြီးဆိုရင် ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ (ကျတ်ဟာငန်) လို့ခေါ်တဲ့ အလုပ်ရှာဖွေရေးဌာနကို တင်ရပါမယ်။ အဲ့ဒီဌာနက အလုပ်ရှင်အလုပ်သမားစာရွက်တွေကို မြန်မာသံရုံးကို ပို့ပေး ပါမယ်။ မြန်မာသံရုံးက နေပြည်တော်ကိုပို့ပါမယ်။ နေပြည်တော်က အလုပ်သမားတွေရဲ့လျှောက်လွှာမှာဖြည့်
ထားတဲ့ နေရပ်လိပ်စာ၊ လူပုဂ္ဂိုလ် မှန်၊ မမှန် ထပ်ပြီး
စီစစ်စုံစမ်းမှာဖြစ်ပါတယ်။ မြန်မာအစိုးရရဲ့အဆိုအရ ကျေး လက်တောရွာအထိ
သွားရောက်စီစစ်မယ်လို့ဆိုပါတယ်။
အဲ့လို မှန်၊ မမှန် စီစစ်ပြီးလို့ မှန်ကန်တယ်ဆိုရင် နေပြည်တော်က
ဘန်ကောက်မြန်မာသံရုံးကို မှန်ကန်ကြောင်းပြန်ပို့ပါမယ်။ သံရုံးကလည်း
ထိုင်းအလုပ်သမား ၀န်ကြီးဌာန၊ အလုပ်ရှာဖွေရေးဌာန (ကျတ်ဟာငန်) ကို
ပြန်ပို့ပါမယ်။ အဲ့ဒီကမှတဆင့် အလုပ်ရှင်ကို အကြောင်း ကြားပါမယ်။
အဲ့ဒီအကြောင်းကြားချက်ရမှသာလျှင်
နယ်စပ်တွေမှာဖွင့်ထားတဲ့ ပတ်စ်ပို့ရုံးတွေကို သွားရမှာဖြစ် ပါတယ်။
နယ်စပ်ရောက်ပြီးရင် ပတ်စ်ပို့စာအုပ်(အနီ) ကို
ပြောင်းပြီးလုပ်ရမှာဖြစ်ပါတယ်။ ယခင်ကိုင်နေတဲ့
ယာယီပတ်စ်ပို့(ခရမ်းရောင်)ကို ဖျက်သိမ်းပါမယ်။ အဲ့ဒီနောက်
(MoU)လမ်းစဉ်အတိုင်း အလုပ်ရှင်နဲ့စာချုပ်ချုပ်၊ ထိုင်းဖက်ကိုကူး၊
၂နှစ်ဗီဇာတောင်း၊ အလုပ်ရုံကိုပြန်လာ၊ အလုပ်လုပ်ခွင့်လက်မှတ် (Work Permit)
လုပ်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီ အလုပ်လုပ်ခွင့်လက်မှတ် (Work Permit)
လုပ်ပြီးမှသာလျှင် အစီအစဉ်အားလုံး ပြည့်စုံ အောင်မြင်မှာဖြစ်ပါတယ်။
ဒီအစီအစဉ် အစအဆုံးပြီးဖို့ အနည်းဆုံး အချိန် ၁လခွဲ ၂လ ကြာမှာဖြစ်ပါတယ်။
ဒါအနည်းဆုံးပါပဲ။
ဒါက ထိုင်းနဲ့မြန်မာ ၂နိုင်ငံအစိုးရတို့က သတ်မှတ်ထားတဲ့ လုပ်ဆောင်ပုံနည်းလမ်းတွေပဲဖြစ်ပါတယ်။ ဒီနည်း လမ်းကလည်း မြန်မာအလုပ်သမားတွေ ၄နှစ်ဗီဇာ စတင်ကုန်ဆုံးတော့မယ့်အချိန်ကတည်းက
ကြိုတင်စီစဉ် ထားတာမဟုတ်ပဲ အလုပ်သမားတွေ သောင်းနဲ့ချီပြီး ဗီဇာကုန်တော့မှ
အစည်းဝေးတွေလုပ်၊ ဆွေးနွေးတာ တွေလုပ်ပြီးမှ လမ်းစဉ်ချမှတ်တာဖြစ်ပါတယ်။
အဲ့လို ကြိုတင်မလုပ်ထားတော့ နောက်ပိုင်းမှာ ထိုင်းနိုင်ငံရေး
မတည်ငြိမ်တာနဲ့ကြုံရပြီး ရှေ့မဆက်နိုင် ဖြစ်ခဲ့တာ အခုထိလို့ပြောရင်
မမှားပါဘူး။ အဲ့ဒီအပြင်ကို မလိုလားအပ် တဲ့ အလုပ်သမားတွေကို ၀န်ပိစေမယ့်
လုပ်ငန်းစဉ်တွေ ပါဝင်နေတာလည်း တွေ့ရမှာပါ။ ဘာတွေက အလုပ်သ မားတွေနဲ့
အလုပ်ရှင်တွေကို အခက်အခဲတွေ ဖြစ်စေသလဲဆိုတာ နောက် တစ်ပိုင်းမှာ
ဆက်ပြောပါမယ်။
သေချာအောင်ဖတ်ချင်တယ်ဆိုရင်တော့...ဒီမှာ သွားဖတ်နိုင်ပါတယ်။
0 comments:
Post a Comment