မတိုင်ပင်ရသေးလို့ပါ…
ဥပုဒ်နေ့တစ်ရက်မှာပေါ့… ရွာထဲက အဘိုးကြီးတွေ အဘွားကြီးတွေ ဥပုဒ်စောင့် သီလယူဖို့ ရွာဦးကျောင်းမှာရောက်နေကြတယ်… ဆရာတော်က သီလပေးပြီး တရားဟောနေရင်းမေးလိုက်တယ်…
“တရားနာနေကြတဲ့ ဒကာကြီး ဒကာမကြီးတွေထဲက နိဗ္ဗာန်သွားချင်တဲ့သူလက်ညှိုးထောင် “
တရားနာနေကြတဲ့ လူကြီးတွေအကုန်လုံးလိုလို လက်ညှိုးထောင်ကြတယ်… အဲဒီထဲမှာမှ ထူးထူးခြားခြား အငြိမ်းစားကျောင်းဆရာကြီး ဦးဝင်းမင်းဆန်းကတော့ လက်ညှိုးမထောင်ဘူးဗျ…
အဲဒါနဲ့ဆရာတော်က..
“ဟေ့.. ဒကာကြီးဝင်းမင်းဆန်း နင်နိဗ္ဗာန်မရောက်ချင်ဝူးလား..” လို့မေးလိုက်တော့..
“တပည့်တော် နိဗ္ဗာန်ရောက်ချင်တာပေါ့ဘုရား… အရမ်းကိုရောက်ချင်တာပေါ့.. ဒါပေမယ့် အိမ်ကအဖွားကြီးက တရားပွဲပြီးပြီးခြင်း ဘယ်မှမ၀င်ပဲ အိမ်တန်းပြန်ခဲ့ရမယ်လို့မှာလိုက်လို့ပါ…နောက်မှပဲ လိုက်ပါတော့မယ်ဘုရား”
…………….. ။ ………………. ။ …………………. ။…………….
ကူရှာပေးကြပါဦး…
တစ်ရက်မှာတော့ ကျုပ်တို့ရွာထဲမှာသောင်းကျန်းနေတဲ့ လောင်းကစားဒိုင် ဖဲဝိုင်းဒိုင်ချုပ် ထုတင် ခေါ် အူးအူးတွန်းတင်ကို …. ဘဂျီးတဂျီးအမိန့်နဲ့ လူဆိုးထိန်းဆင်ကြီးလို့လူတွေသိကြတဲ့ Red Soul က ရှောင်တခင် ၀င်ဖမ်းလို့ မိသွားတယ်… အဲဒါနဲ့ သဂျီးရှေ့ခေါ်သွားပြီး သဂျီးက
“ခေါင်းတုံတုံး အချုပ်လှည်ပေါ်တင်ပြီး ရွာပြင် ၃လ ထုတ်ထားလိုက်” လို့ အပြစ်ပေးလိုက်တယ်….
အဲလိုနဲ့ လူဆိုးထိန်း ကဆင်ကြီးက တာဝန်ယူပြီး ခေါင်းတုံးတုံး အချုပ်လှည်းပေါ်တင် ထိပ်တုံးခပ်လို့ ရွာပြင်ထုတ်ဖို့ ခေါ်သွားရင်း ရွာထိပ်ကထန်းတောရောက်တော့ နေညိုပြီဆိုလေ့ ကဆင်ကြီးလည်းလေပြိုပြီပေါ့… ဒါနဲ့ အူးအူးတွန်းတင်က
“သူငယ်ချင်းကြီး မင်းသောက်ချင်သွားသောက်ပါကွ… ငါဒီနားမှာအေးဆေးလှည်းပေါ်မှာထိုင်စောင့်ပါ့မယ်… နောက်ပြီးငါ့ကိုလည်းချုပ်ထားတာ ငါထွက်ပြေးလို့လွတ်ပါဝူးကွာ”… အဲလိုလည်းပြောလိုက်ကော သိပ်တိုက်တွန်းစရာမလိုပဲ ကဆင်ကြီး ထန်းတောထဲတန်းပြေးတော့တာပဲ.. အဲမပြေးခင်မှာ သူက သတိမေ့တတ်တော့
“၁၊ခေါင်းတုံးနဲ့ထုတင်..၂၊ ထိပ်တုံး ၃၊ အချုပ်လှည်း အိုကေ” လို့သေချာတော့စာရင်းမှတ်သွားသေးတယ်…
ဇာတ်လမ်းက အဲမှာမှစတာ…
ထန်းတောထဲမှာက ထုတင်ရဲ့ ဖဲရိုက်ဖော်ရိုက်ဖတ်ဘော်ဒါတွေဖြစ်တဲ့ သားငယ်တို့၊ အိုးကီးတို့၊ အူးအူးဆင်ပယ်တို့က ကြိုရောက်နှင့်ကြပြီး ကဆင်ကြီးသောက်မယ့်ထန်းရေထဲ အိပ်ဆေးခပ်ပြီးတိုက်တော့တာပဲ…
အဲဒါကိုမသိတဲ့ လူဆိုးထိန်းကြီးကတော့ သူ့ကြည်ညိုလို့တိုက်တယ်ထင်ပြီး အလကားရတဲ့ထန်းရည်တွေ တနင့်တပိုးနင်းကန်သောက်ရင်းအိပ်ပျော်သွားတော့တာပေါ့…
အဲဒီတော့မှ အိပ်ပျော်နေတဲ့ကဆင်ကြီးကို ဖဲသမားတစ်စုက ၀ိုင်းပြီးကတုံးတုံး .. ထိပ်တုံးခပ်ပြီး အချုပ်လှည်းထဲထည့်ထားလိုက်တယ်… ထုတင်ကိုတော့ကယ်ထုတ်ပြီး လစ်ပြေးကြကော…
ကဆင်ကြီးနိုးလာတော့ ရုတ်တရက်ကတုံးဖြစ်နေတဲ့သူ့ခေါင်းသူကိုင်ကြည့်ပြီး…
“၁၊ ခေါင်းတုံးနဲ့တရားခံပါပြီ… သူ့ခြေထောက်သူငုံကြည့်ပြီး ၂၊ ထိပ်တုံးလည်းပါပြီ… ၃၊ အချုပ်လှည်းလည်းရှိပြီ… အဲဒါဆို တစ်ခုခုတော့လိုနေသလိုပဲ ဘာလိုနေပါလိမ့် ဘုရားရေ ငါဘယ်ရောက်သွားတာတုန်း… ငါပျောက်နေတယ်… အောင်မငှေးတဂျီးရေ ငါပျောက်နေလို့ ကူရှာပေးကြပါဦး ကယ်ကြပါဦးဟ “
0 comments:
Post a Comment